အပြာမယ်ကို နှုတ်ပိတ်ခပေးခဲ့တဲ့ ကန်သမ္မတဟောင်းဒေါ်နယ်ထရန့် စွဲချက်တင်ခံရပြီ

ဝါရှင်တန်၊ မတ်-၃၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာ ၂၀၁၆ ခုနှစ်သမ္မတရွေးကောက်ပွဲမတိုင်မီ အပြာမယ်တဦးကို လျှို့ဝှက်ငွေပေးမှုနဲ့ပတ်သက်ပြီး စွဲချက်တင်ခံလိုက်ရပါတယ်။

အပြာမယ် စတိုမီဒယ်နီရယ်နဲ့ပတ်သက်ခဲ့မှုကို နှုတ်ပိတ်တဲ့အနေနဲ့ ဒေါ်နယ်ထရန့်ဟာ ဒေါ်လာ ၁၃၀၀၀၀ ကိုလျှို့ဝှက်ပေးခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက် တရားရုံးက ဂျူရီလူကြီးတွေက ထရန့်ကို တရားစွဲဖို့ မဲခွဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အသက် ၇၆ နှစ်အရွယ် သမ္မတဟောင်းထရန့်ကတော့ ဘာအမှားအယွင်းမှမလုပ်ခဲ့ကြောင်း ပြောဆိုထားပါတယ်။ သူဟာ ရာဇ၀တ်မှုနဲ့စွဲချက်တင်ခံခဲ့ရတဲ့ ပထမဆုံးသော အမေရိကန်သမ္မတအဖြစ် မှတ်တမ်း၀င်သွားပါတယ်။

ဖလော်ရီဒါမှာနေထိုင်တဲ့ သမ္မတဟောင်းထရန့်ဟာ တနင်္လာနေ့မှာ နယူးယောက်ခ်ကို လေယာဉ်နဲ့သွားပြီး အင်္ဂါနေ့မှာတရားရုံးကိုသွားရောက်ဖွယ်ရှိကြောင်း ဒီကိစ္စနဲ့နီးစပ်တဲ့သတင်းရင်းမြစ်နှစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အခုလိုစွဲချက်တင်တာဟာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးတွေစတင်ခါနီးအချိန်မှာ နိုင်ငံရေးခြေထိုးတဲ့လုပ်ရပ်ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW