အင်းလေးမှာ ရေပေါ်သင်္ကြန် ပြန်လည်ကျင်းပမယ်

မတ်လ၊ ၃၁-၂၀၂၃
MM[VOM)

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ နန်းပန်ကျေးရွာအနီးရှိ အင်းလေးကန်မှာရိုးရာ ရေပေါ်သင်္ကြန်ကို အခု ၂၀၂၃ခုနှစ်မှာ ပြန်လည်ကျင်းပသွားမယ်လို့ ခရီးသွားလုပ်ငန်းအသင်းကနေ သိရပါတယ်။

”အင်းလေး ရေပေါ်သင်္ကြန်က ရိုးရာကိုထိန်းသိမ်းတဲ့ပွဲလည်း ဖြစ်သလို ခရီးသွားတွေကိုလည်း ဆွဲဆောင်စေတဲ့ ပွဲပါ၊ ပြည်တွင်းခရီးသွားတွေအပြင် ပြည်ပခရီးသွား ဧည့်သည်တွေပါ အများဆုံးလာရောက်လေ့ရှိတဲ့ပွဲပါ၊အခုနှစ် ပြန်လုပ်မှာပါ၊ အထူးစည်ကားမယ်လို့ ခန့်မှန်းထားပါတယ်၊ သင်္ကြန်ပွဲတွေရှိပေမယ့် ဒီလိုလှေပေါ်မှာ သင်္ကြန်ပွဲကို ဆင်နွဲတယ်ဆိုတာ အမြင်ဆန်းပြီး ထူးခြားပါတယ်။” လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ တဦးကပြောပါတယ်။

ရေပေါ်သင်္ကြန်ပွဲတော်ကို အင်းလေးကန် ရေပြင်ပေါ်မှာ လှေသမ္ဗန်တွေ၊ ဖောင်တွေနဲ့ အတာရေစင် ပက်ဖျန်းကြမယ့် ရေပေါ်သင်္ကြန်ပွဲ၊ မြန်မာ့ရိုးရာအတာသင်္ကြန် ယိမ်းအကအလှတွေနဲ့ တိုင်းရင်းသားရိုးရာ အကပြိုင်ပွဲ အစီအစဉ်တွေ စတဲ့အစီအစဉ်တွေပါဝင်ပြီး မဟာသင်္ကြန် အကြိုနေ့ကနေ နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ် ကျင်းပမယ့် အင်းလေး ရိုးရာ ရေပေါ်သင်္ကြန်ပွဲတော်ဟာ စည်ကားနိုင်ပေမယ့် ခရီးသွားဝင်ရောက်မှုနည်းပါးနိုင်တယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ခန့်မှန်းထားတယ်လို့ ခရီသွားလုပ်ငန်းရှင်တွေက ခန်းမှန်းထားလို့ သိရပါတယ်။

”နိုင်ငံရေးနဲ့ အပစ်ခတ်တွေရှိနေတယ်လေ၊ ပွဲတော်က စည်းကားပေမယ့် ခရီးသွားတွေလာလောက်မယ်မထင်ဘူး၊ ရိုးရာပွဲဖြစ်လို့ မဖြစ်မနေဒေသခံတွေလောက်ပဲ ပါဝင်ဆင်နွဲ့မှာပေါ့၊ဘယ်လောက် လုံခြုံတယ်လို့ပြောပြော ဘယ်စိတ်အေးပါ့မလည်း၊ လုပ်ဖို့တော့ပြင်ဆင်နေတာ
တွေ့ရပါတယ်။”လို့ အင်းလေးဒေသခံ ဧည့်လမ်းညွန် တဦးကပြောပါတယ်။

အဲ့ဒီ အင်းလေးရိုးရာ ရေပေါ်သင်္ကြန်ကို ၂၀၁၉ ခုနှစ်က ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့တာဖြစ်ပြီး ကိုဗစ်ရောဂါနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ အခုနှစ်မှသာ ပြန်လည်ကျင်းပခြင်း ဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာ ‌အင်းလေးဒေသကို ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်တွေဝင်ရောက်မှုမှာ သိသိသာသာနည်းပါးနေတယ်လို့ ဒေသခံ ခရီးသွားလုပ်ငန်းအသင်းတွေဆီကနေ သိရပါတယ်။

၂၀၂၃ ခုနှစ် ပြီးခဲ့တဲ့ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ(၂)လ အတွင်းမှာတော့ အင်းလေးဒေသကို ပြည်တွင်းနဲ့ပြည်ပ ခရီးသွားဧည့်သည်(၂) သိန်းကျော်အထိလာရောက်လည်ပတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

Photo – Ko Myo
#voiceofmyanmar #VOM #အင်းလေး #ရေပေါ်သင်္ကြန်

Related posts

Leave a Comment

VOM News

FREE
VIEW