မတ် ၉- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ နိုင်ငံတကာသံတမန်တွေနဲ့ ကောက်စစ်ဝန်တွေဟာ မနေ့ မတ်လ ၈ ရက်နေ့မှာ ရောက်ရှိလာပြီး ပြည်နယ်တွင်းက မူဆလင်ဒုက္ခသည်စခန်းတွေကို ကြည့်ရှုစစ်ဆေးမှုတွေလုပ်နေတယ်လို့ ရခိုင်ပြည်နယ်ကောင်စီက VOM ကို အတည်ပြု ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်ရောက်နေတဲ့ နိုင်ငံတကာသံတမန်တွေထဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင် (Chen Hai)နဲ့ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ သံအမတ် H.E. Mr. Mongkol Visitstump၊ မလေးရှားကောင်စစ်ဝန်၊ ဗီယက်နမ်သံအမတ် ၊ ကမ္ဘောဒီးယားသံအမတ်၊ ဘင်္ဂလားဒေ့ရှ်သံအမတ် တို့အပြင် နိုင်ငံခြားသံရုံးဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။ “သူတို့လာတဲ့ကိစ္စတွေမှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဆောင်ရွက်ထားချက်တွေကို ပြသတာဖြစ်ပါတယ်။ ပြသတော့ အဲဒါတွေကို လိုက်ကြည့်တာပေါ့”…
Read MoreMonth: March 2023
မြန်မာတနိုင်ငံလုံးမှာ နေရပ်စွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်အထိရှိလာ
မတ် ၉ – ၂၀၂၃ GG(VOM) မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ ၁.၆ သန်းကျော်အထိ ရှိလာနေပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာ နာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး(OCHA)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီအထဲကမှ လူဦးရေ ၁ . ၃ သန်းကျော်ဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီလအထိ စာရင်းဖြစ်ပြီး နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ၊ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ” နေအိမ်စွန့်ခွာပြေးနေရတာကတော့ အခုထိရှိနေတုန်းပဲ။ နှစ်ဖက်တိုက်ပွဲတွေကြား ပြေးရတာပေါ့။ နေအိမ်မီးလောင်တာလည်း အများကြီးပဲ။ဒီ အခြေအနေတွေပြီးသွားရင်တောင် ပြန်စရာအိမ်မရှိတော့တဲ့သူတွေအများကြီးဖြစ်နေပါပြီ၊ ပဲခူးအရှေ့ခြမ်းရွှေကျင် ၊ကျောက်ကြီးအများကြီးပဲ “လို့ ကျောက်တံခါး ဘက်ကဒေသခံတဦးကပြောပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေလို့ အိုးအိမ်စွန့်ခွာတိမ်းရှောင်ရသူနဲ့ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေ မြင့်တက်နေတယ်လို့ UNOCHA ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲ့ဒီအထဲကမှ အနောက်မြောက်ပိုင်းဒေသနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ ပြင်းထန်တဲ့တိုက်ပွဲတွေ…
Read Moreနိုင်ငံကျော်အဆိုတော် တွံတေးစိုးအောင်ကွယ်လွန်
မတ် ၉ -၂၀၂၃ GG(VOM) အဆိုတော် တွံတေးစိုးအောင် ဒီနေ့ မတ်လ ၉ ရက်နေ့ မနက်အစောပိုင်းက ဦးနှောက် သွေးကြောပြတ်ပြီး ကွယ်လွန်သွားပြီဖြစ်တယ်လို့သိရပါတယ်။ ” ဒီနေ့မနက်ပေါ့ ၂နာရီ၃မိနစ်က ကျနော့်အဖေနိုင်ငံကျော်အဆိုတော်တွံတေးစိုးအောင် ကွယ်လွန်သွားပါပြီ၊အားပေးခဲ့ကြတဲ့ပုရိတ်သတ်တွေကိုလည်းကျေးဇူးတင်ပါတယ် ” လို့ သားဖြစ်သူ တွံတေးဟိန်းကျော်က ပြောပြပါတယ်။ တွံတေးစိုးအောင်ဟာ မယ်ဒလင်တလက်တည်းနဲ့ တေးသီချင်းပေါင်းရာကျော်ကို သီဆိုခဲ့တဲ့ အဆိုတော်တဦးဖြစ်ပြီး ကျေးရွာဒေသနေလူထုအမာခံပုရိတ်သတ်ရှိသလို မြို့ပေါ်နေပုရိတ်သတ်တွေရဲ့အားပေးမှုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်။ တွံတေးစိုးအောင်ရဲ့ ပထမဆုံး တစ်ကိုယ်တော်စီးရီးက ” ကိုကိုလို့ခေါ်ပါ ” ဆိုတဲ့စီးရီးဖြစ် ပြီး၊ နောက်ပိုင်းမှာစီးရီးခွေတွေ ဆက်တိုက်ထွက်ရှိခဲ့ရာ တေးစီးရီးပေါင်း ၁၀၀ ကျော်လောက်ရှိခဲ့တယ်လို့သိရပါတယ်။ ” ကျနော်တို့ ချစ်တဲ့ချစ်ကိုကြီးစိုး ကွယ်လွန်တာသိရလို့ အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ဆေးရုံမှာဆုံးတာလို့သိရတယ်။တနိုင်ငံလုံးမှာ မယ်ဒလင်တလက်ထဲနဲ့ သီချင်းတွေကိုရေးသားဆိုနိုင်တဲ့ တကယ့်ပါရမီရှင်ပါဗျာ ၊ခုတော့ကြွေလွင့်သွားရှာပြီ။သူ့ကို သီချင်းဆိုဖို့ပွဲငှားထားသူတွေကို ရှိထားတာပါ ” လို့ တွံတေးစိုးအောင် ရဲ့ ဂီတမိတ်ဆွေတဦးကပြောပါတယ်။…
Read Moreရန်ကုန်မှာ ရေရရှိမှုအပေါ်မူတည်ပြီး ရေကစားမဏ္ဍပ်တွေ ခွင့်ပြုပေးမယ်လို့ကြေညာ
မတ် ၈ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့မှာ သင်္ကြန်ကာလ ရေရရှိမှုအခြေအနေပေါ် မူတည်ကာ ရေကစားမဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမှာဖြစ်ပြီး မတ် ၉ ရက်မှ စတင်လျှောက်ထားနိုင်ပြီဖြစ်တယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။ အခု ၂၀၂၃ ခုနှစ်၊ သင်္ကြန်ပွဲတော်ကာလအတွင်း ရေကစားမဏ္ဍပ်တွေကို သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ရေရရှိမှု အခြေအနေပေါ်မူတည်ပြီး မိသားစုမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေကို ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ရေကစားမဏ္ဍပ် လျှောက်ထားလိုသူတွေအနေနဲ့ မဏ္ဍပ်အမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ထားတဲ့ လျှောက်လွှာပုံစံတွေနဲ့ သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ရဲ့ ထောက်ခံချက်နဲ့အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှာ လျှောက်လွှာရယူပြီး မတ် ၉ ရက်ကနေ ၃၁ ရက်အတွင်း လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။ “ရေကစားမဏ္ဍပ်ဆောက်ဖို့အတွက် မြို့နယ်၊ ခရိုင်၊ စည်ပင်အဆင့်ဆင့် လျှောက်ရတာနော်။ ဒါ့အပြင်ကိုမှ…
Read Moreထိုင်းဘုရင်စနစ်ကို သရော်တဲ့ပြက္ခဒိန်တွေ ရောင်းချတဲ့အမျိုးသား ထောင်(၂)နှစ်ချမှတ်ခံရ
ဘန်ကောက်၊ မတ်-၈-၂၀၂၃ မျိုးဆက်(VOM) ထိုင်းဘုရင်စနစ်ကို အသရေပျက်စေတယ်ဆိုကာ ထိုင်းအစိုးရရှေ့နေတွေဟာ သရော်စာမှတ်ချက်တွေနဲ့ အဝါရောင်ဘဲရုပ်တွေပါတဲ့ ပြက္ခဒိန်တွေရောင်းချတဲ့ အမျိုးသားတဦးကို ထောင်(၂)နှစ်ချမှတ်လိုက်ပါတယ်။ ထောင်ချခံရသူဟာ အသက် ၂၆ နှစ်အရွယ် နာရာသွန်ချော့မန်ကောင်ဆင်ဆိုသူဖြစ်ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ အသရေဖျက်မှုဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၀၀ ကျော်ထဲမှာပါ၀င်ကာ ဒီဥပဒေဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေက ပြောဆိုထားပါတယ်။ ရာဘာဘဲရုပ်တွေဟာ ထိုင်းမှာဒီမိုကရေစီလိုလားသူတွေရဲ့ အမှတ်သင်္ကေတတခုဖြစ်ပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအပါအ၀င် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆန္ဒပြပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ထိုင်းအာဏာပိုင်တွေဟာ ဘုရင်စနစ်ကိုစော်ကားတယ်လို့ ယူဆရတဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ လူ့အခွင့်စောင့်ကြည့်အဖွဲ့ HRW က ပြောပါတယ်။ ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးလေးစားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ဝေးကွာသေးတယ်ဆိုတာ ပြသနေတာဖြစ်ပြီး နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ထိန်းချုပ်ဖို့ မကြာသေးမီနှစ်တွေအတွင်း ထိုင်းအစိုးရဟာ တော်၀င်မိသားစုကို စော်ကားမှုဥပဒေကို အသုံးချနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က…
Read Moreရခိုင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ (၂၃၀၀)ကျော် ပျက်ကွက်ခဲ့
မတ် ၈- ၂၀၂၃ SW + Maung Maung VOM) တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း စနစ်ဟောင်းစာမေးပွဲကို ဒီကနေ့ မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီက စလို့ ဖြေဆိုနေကြပြီး ရခိုင်ပြည်နယ်မှာ စာမေးပွဲဖြေဆိုသူ ယခင်နှစ်ထက် နည်းပါးတယ်လို့ သိရပါတယ်။ ဒီကနေ့ စာမေးပွဲပထမနေ့အဖြစ် မြန်မာစာကိုစတင်ဖြေဆိုနေတာဖြစ်ပြီး မတ်လ ၁၈ ရက်နေ့ထိဖြေကြရမှာ ဖြစ်ပြီး ရခိုင်တပြည်နယ်လုံး စာစစ်ဌာနတွေမှာ ကျောင်းသားဦးရေ ၁သောင်း ၉ ထောင်ကျော်ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတာဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အတွက် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုဖို့ လျှောက်လွှာတင်ထားတဲ့ စာရင်းအရ ယောင်္ကျားလေး ၈၇၃၆ ယောက် ၊မိန်းကလေး ၁၀၅၅၄ ယောက်၊စုစုပေါင်း ၁၉၂၉၀ ယောက် ရှိတယ်လို့ သိရပါတယ်။…
Read Moreယူကရိန်းလယ်ယာထွက်ကုန်တင်ပို့ရေး သဘောတူညီချက် ရုရှားသက်တမ်းတိုးဖွယ်မရှိ ၊ ကုလအကြီးအကဲသွားရောက်ဆွေးနွေးမယ်
ကိယက်ဗ်၊ မတ်-၈-၂၀၂၃ မျိုးဆက်(VOM) ကုလသမဂ္ဂအတွင်းရေးမှုးချုပ် အန်တိုနီယိုဂူတာရက်စ်ဟာ ယူကရိန်းသမ္မတင်္ဇီလန်စကီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ယူကရိန်းကို သွားရောက်နေပါတယ်။ သူဟာ လာမယ့်သီတင်းပတ်မှာ သက်တမ်းကုန်ဆုံးမယ့် ယူကရိန်းလယ်ယာထွက်ကုန်တင်ပို့မှုဆိုင်ရာ သဘောတူညီချက်ကို သက်တမ်းတိုးဖို့ သမ္မတဇီလန်စကီးနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ကုလသမဂ္ဂအကြီးအကဲ ဂူတာရက်စ်ဟာ မတ် ၇ ရက်မှာ ပိုလန်နိုင်ငံကိုရောက်ရှိမှာဖြစ်ပြီး မတ် ၈ ရက်တွင် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ သိရပါတယ်။ ရုရှားကတော့ ဒီသဘောတူညီချက်သက်တမ်းတိုးမယ့်ကိစ္စကို သဘောမတူဘူးလို့ ထုတ်ဖော်ပြောဆိုထားပြီး နောက်ထပ်ဆွေးနွေးမှုတွေအတွက် ရုရှားကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့်သီတင်းပတ်အတွင်း ဂျီနီဗာကို သွားဖို့ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားကကျူးကျော်မှု စတင်ပြီးနောက်ပိုင်း ကုလသမဂ္ဂအကြီးအကဲရဲ့ တတိယအကြိမ်မြောက် ယူကရိန်းခရီးစဉ်ဖြစ်ပါတယ်။ ဂူတာရက်စ်နဲ့ ဇီလန်စကီးတို့ဟာ မတ် ၁၈ ရက်မှာသက်တမ်းကုန်ဆုံးတော့မယ့် ယူကရိန်းလယ်ယာထွက်ကုန်တွေ တင်ပို့ရေးသဘောတူစာချုပ် သက်တမ်းတိုးရေးဆွေးနွေးမှာဖြစ်ပြီး အဲဒီသဘောတူညီချက်ကို ယူကရိန်းနဲ့ရုရှားတို့အကြား ကုလသမဂ္ဂနဲ့ တူရကီတို့က ဖြန်ဖြေမှုကြောင့်ရရှိခဲ့တာဖြစ်ပြီး ရုရှားက…
Read Moreခွင့်ပြုချက်မရဘဲ တေးသီချင်းတွေ ကိုယ်ကျိုးအတွက်အသုံးပြုတာတွေ့ရင် ဥပဒေအရ အရေးယူမယ်
မတ် ၈-၂၀၂၃ MM(VOM) မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်းရဲ့ ခွင့်ပြုချက်မရဘဲ တေးသီချင်းတွေကို ကိုယ်ကျိုးအတွက် အသုံးပြုတာတွေ ရှိနေတာကြောင့် ခွင့်ပြုချက်မရဘဲ ကိုယ်ကျိုးအတွက်အသုံးပြုသူတာတွေ တွေ့ရှိနေရတာကြောင့် ဥပဒေအရ အရေးယူသွားမယ်လို့ မြန်မာနိုင်ငံတေးသီချင်းမူပိုင် ထုတ်လုပ်သူများအသင်းရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်းရဲ့ အဖွဲ့ဝင်တွေကထုတ်လုပ်တဲ့ တေးသီချင်းတွေ၊ အရုပ်/အသံ ဖော်ပြပါရှိတဲ့ Audio CD, MTV, VCD, DVD(Karaoke)တွေကို အွန်လိုင်းစနစ်၊ Offline စနစ်၊ အခကြေးငွေ၊ အခမဲ့၊ ဒေါင်းလုတ် ရယူ အသုံးပြုနိုင်ဖို့ ဈေးကွက်အတွင်း ရောင်းချလျက်ရှိတဲ့ Karaoke စက်တွေ၊ Mobile Application တွေ၊ Digital Platform တွေ၊ Internet Website တွေနဲ့ အခကြေးငွေရယူကာ စီးပွားဖြစ်ရောင်းချနေတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။ ဒါ့အပြင် တေးစီးရီးသာ ထွက်ပြီး MTV Karaoke, Music…
Read Moreဒုံးကျည်စမ်းသပ်မှုကို ကြားဖြတ်ပစ်ချရင် စစ်ကြေညာတာအဖြစ်မှတ်ယူမှာဖြစ်ကြောင်း မြောက်ကိုရီးယား သတိပေး
ပြုံးယမ်း၊ မတ်-၈-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားက စမ်းသပ်ပစ်ခတ်လိုက်တဲ့ ဒုံးကျည်တစင်းကို ပစ်ချရင် စစ်ကြေညာမှုအဖြစ် မှတ်ယူမှာဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလည်း ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာမြောက်လက်နက်စမ်းသပ်မှုကို အမေရိကန်က စစ်ရေးအရ အနှောက်အယှက်ပြုတာဟာ စစ်ကြေညာခြင်းသာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်ရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက သတိပေးလိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာထဲကို ဒုံးကျည်တွေပိုမိုပစ်ခတ်နိုင်ကြောင်း သူမကအရိတ်အမြွတ်ပြောကြားထားပြီး ပစိဖိတ်သမုဒ္ဒရာဟာ အမေရိကန် သို့မဟုတ် ဂျပန်ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်မှာရှိမနေဘူးလို့ ပြောပါတယ်။ အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်နိုင်ငံတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တားမြစ်ပိတ်ပင်ထားတဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည်တွေကို တကြိမ်တခါမှ ပစ်မချဘူးသေးပါဘူး။ ဒါပေမယ့်လည်း ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး နောက်ထပ်ဒုံးကျည်တွေပစ်ခတ်မယ်လို့ မြောက်ကိုရီးယားက ပြောဆိုထားတာကြောင့် လုံခြုံရေးဆိုင်ရာနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုတွေ ထွက်ပေါ်နေပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကိုရီးယားကျွန်းဆွယ်ရဲ့အခြေအနေကို တင်းမာမှုတွေမြင့်တက်စေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲပြောဆိုထားပါတယ်။ Ref:Reuters…
Read Moreရေနံချောင်းက ရေနစ်ပျောက်ဆုံးနေတဲ့ ကလေး ၄ယောက်အလောင်း ပြန်တွေ့၊လူသေခဲ့တဲ့ ညောင်လှချောင်းသာကို ပိတ်ဖို့စီစဥ်နေ
မတ် ၈ – ၂၀၂၃ GG(VOM) မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ ညောင်လှချောင်းသာမှာ ရေကစားရာကနေ နစ်မြုတ်ပျောက်ဆုံးခဲ့တဲ့ ကလေး ၄ ယောက်ရုပ်အလောင်းတွေကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ််လို့သိရပါတယ်။ သေဆုံးတဲ့ကလေးတွေက အသက် ၁၅ နှစ်နဲ့ ၁၃ နှစ်အရွယ် မိန်းကလေး ၂ ယောက်၊ အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ယောကျ်ားလေး ၂ ယောက်ဖြစ်ပြီး အားလုံးကို ဒီကနေ့ သဂြိုလ်မှာဖြစ်တယ်လို့သိရပါတယ်။ ” မနေ့က ၁၁ နာရီမှာ ၅ နှစ်ကလေးကို အရင်တွေ့တယ်၊နောက်တော့ ကျန်တဲ့ကလေး ၃ယောက်ကို ထပ်ရှာတွေ့တယ်။မနေ့ကတည်းက ရေနံချောင်းဆေးရုံက စစ်ချက်တွေယူပြီး ကလေးတွေကိုသုဿန်မှာထားတာ။ဒီနေ့အကုန်သဂြိုလ်မယ်။ ” လို့ ကူညီမှုလုပ်နေတဲ့ ဆရာတော်ကမိန့်ပါတယ်။ သေဆုံးကလေး၄ယောက်ထဲမှာ မောင်နှမတော်စပ်သူတွေလည်းပါဝင်ပြီး ရေနံချောင်းမြို့ပေါ် ဘေးမဲရပ်ကွက်က ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ မြို့နယ်တာဝန်ရှိသူတွေက လူသေဆုံးမှုတွေရှိခဲ့တဲ့ ညောင်လှချောင်းသာကို…
Read More