ဆူဒန်မှာ စစ်တပ်ချင်းတိုက်ပွဲတွေကြောင့် သေဆုံးသူ ၂၀၀ နီးပါးရှိလာ ၊ အီးယူသံတမန်ပါ သတ်ဖြတ်ခံရ

ခါတွမ်၊ ဧပြီ-၁၈-၂၀၂၃
မျိုးဆက်(VOM)

ဆူဒန်မှာ စစ်တပ်နဲ့ ပြည်သူ့စစ်တို့အကြားဖြစ်ပွားနေတဲ့တိုက်ပွဲတွေရပ်တန့်ဖို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဘလင်ကင်က ဧပြီိ ၁၇ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

ဆူဒန်စစ်တပ်အကြီးအကဲ အဗ္ဗဒယ်ဖာတာအယ်လ်ဘာဟန်၊ အာအက်စ်အက်ဖ်ပြည်သူ့စစ်အကြီးအကဲ မိုဟာမက်ဟမ်ဒန်ဒါဂါလိုတို့နဲ့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးရာမှာ ဘခင်ကင်က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

အာအက်စ်အက်ဖ်ပြည်သူ့စစ်အဖွဲ့ကို ဆူဒန်အမျိုးသားတပ်မတော်မှာ ပေါင်းစည်းဖို့ အပါအ၀င် ဆူဒန်ရဲ့ အနာဂါတ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်နှစ်ဦး သဘောထားကွဲလွဲနေကြပါတယ်။

ဧပြီ ၁၇ ရက်မှာ ဒုတိယအကြိမ်မြောက် သုံးနာရီကြာယာယီအပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားတဲ့အတွက် နှစ်ဘက်စလုံးက အပြန်အလှန်ပြစ်တင်ပြောဆိုနေကြပါတယ်။

ဧပြီ ၁၅ ရက်ကစတင်ခဲ့တဲ့နှစ်ဘက်တိုက်ပွဲတွေကြောင့် လူပေါင်း ၂၀၀ နီးပါး ထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဘလင်ကင်က အလေးပေးပြောကြားခဲ့ပြီး သံတမန်၀န်ထမ်းတွေနဲ့ အကူအညီပေးရေးလုပ်သားတွေ ဘေးကင်းလုံခြုံစေရေး သူကတိုက်တွန်းထားပါတယ်။

ဆူဒန်ရှိ အီးယူသံတမန်တဦးလည်း သူ့ရဲ့နေအိမ်မှာ ဧပြီ ၁၇ ရက်က သတ်ဖြတ်ခံခဲ့ရပြီး အကူအညီပေးရေးအဖွဲ့တွေရဲ့ဂိုဒေါင်တွေ တည်းခိုဆောင်တွေလည်း ပစ်ခတ်လုယက်ခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ခါတွမ်

Related posts

Leave a Comment

VOM News

FREE
VIEW