သီပေါက ရွှေဆိုင်ဓားပြတိုက်သူကို ရွှေထည်ပစ္စည်း ၊သေနတ်နဲ့အတူ နေ့ချင်းဖမ်းမိ

ဧပြီ ၂၀ – ၂၀၂၃ KT + GG (VOM) ရှမ်း​ပြည်နယ် ၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာက “ပြည့်ဝ “ရွှေဆိုင်ကို ဒီနေ့ ဧပြီလ ၂၀ ရက်နေ့ မနက်ပိုင်းက သေနတ်ပြချိန်းခြောက်ပြီး ရွှေထည်ပစ္စည်းအချို့လုယူခံခဲ့ရတယ်လို့သိရပါတယ်။ ဆိုင်ဖွင့်ဖို့ပြင်ဆင်နေချိန် အသက် ၂၇ နှစ်အရွယ်အမျိုးသားတဦးဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်ပြလုယက်ခဲ့ကာ သေနတ်ဒင်ဖြင့် ရွှေထည့်ကောင်တာကို ရိုက်ခွဲ၊ ရွှေထည်တွေကိုယူဆောင်သွားတာဖြစ်ပါတယ်။ ဆိုင်ရှင်က ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခံခဲ့တာကြောင့် လုယက်သူဟာ စီးလာတဲ့ဆိုင်ကယ်ကိုထားပြီး စျေးအနောက်ဘက်ကိုထွက်ပြေးသွားချိန် ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်သိပြည်သူတွေ လိုက်လံဖမ်းဆီးခဲ့ကြရာ လုယက်သူကို စျေးအနောက်ဘက် နမ့်မလွတ် တောင်ကုန်းမှာဖမ်းမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက်၈နာရီလောက်ကဖြစ်တာပါ၊ ဆိုင်ကယ်နဲ့အမျိုးသား တယောက်ကရောက်လာပြီးသေနတ်နဲ့ ထောက်ပြီး ရွှေလုတော့ ပိုင်ရှင်ကဓားနဲ့ဝင်ခုတ်ပြီးဝင်လုံးတော့ထွက်ပြေးသွားတယ်၊ပြီးတော့ နယ်မြေခံရဲတွေရောက်လာပြီးလိုက်ရှာတော့ နမ့်မလွတ်တောင်ကုန်းပေါ်မှာမိတယ် “လို့ သီပေါဒေသခံ တဦးကပြောပါတယ်။ လုယက်သူအမျိုးသားနဲ့အတူ အမျိုးအစား(စိစစ်ဆဲ)သေနတ်အတို ကျည်အိမ်နဲ့ ကျည်ဆံပါ (၁)လက်၊…

Read More

ငရုတ်ကောင်းမြို့အနီးမှာ နိုင်ငံသားအထောက်အထားမဲ့ (၇၀)ဦး ဖမ်းမိ

ဧပြီ၊၂၀-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ် ၊ ငရုတ်ကောင်းမြို့အနီး ပင်လယ်ကမ်းစပ်မှာ မနေ့ ဧပြီ (၁၉)ရက်က နိုင်ငံသားအထောက်အထားမဲ့သူ အယောက် ၇၀ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ အထောက်အထားမဲ့သူတွေကို တပ်မတော်(ရေ)က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရန်လင်း အောင်(ခ) သူရအောင်၊ ဝင်းထက်အောင်၊ အေးမင်း၊ငြိမ်းချမ်းထွန်း ၊ စိုးလှိုင် (ခ)အိတုန်၊တင်ကိုဝင်းစတဲ့သူတွေက ပြည်ပနိုင်ငံကိုပို့ဆောင်ပေးမယ်ဆိုကာခေါ်ဆောင်လာတဲ့အချိန် အခုလိုဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။ ”တပ်မတော်(ရေ)ကမိတာပါ၊ ပြည်ပနိုင်ငံကိုသွားဖို့ လာတာတဲ့၊ နိုင်ငံသားအထောက်အထားမဲ့သူ အကုန် ဖမ်းမိတာ အယောက် ၇၀ ပါ၊အသက် ၁၂ နှစ်နဲ့ ၁၇ နှစ် အရွယ်တွေလည်းပါတယ်၊အထောက်အထားမဲ့သူတွေကို ပို့ဆောင်ပေးသူတွေလည်းမိပါတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်ကပြောပါတယ်။ ဖမ်းဆီးရမိ နိုင်ငံသားအထောက်အထားမဲ့သူတွေအထဲမှာ အမျိုးသမီး ၁၂ ယောက်နဲ့ အမျိုးသား ၅၈ ယောက်ဖြစ်တယ်လို့သိရပါတယ်။ အဲ့ဒီ အထောက်အထားမဲ့သူ…

Read More

ရပ်စောက်မှာ ဘုန်းကြီးကျောင်းမီးလောင်လို့ ဘုန်းကြီး တပါးပျံလွန်တော်မူပြီး တပါးထိခိုက်ဒဏ်ရာရရှိ၊ငွေသိန်း၂၄၀ လည်း မီးထဲပါသွား

ဧပြီ ၂၀ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်၊ရပ်စောက်မြို့နယ်၊ဖောင်းတောအုပ်စု၊ဘုရားဖြူရွာ ဘုန်းကြီးကျောင်းမှာ မနေ့ ဧပြီ ၁၉ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားလို့ ဘုန်းကြီးတပါးပျံလွန်တော်မူကာ နောက်ထပ်ဘုန်းကြီးတပါး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ငွေသိန်း ၂၄၀ လည်းမီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ရသလို ဘုရားဆင်းတုတော်တွေနဲ့ ပစ္စည်းတွေပါ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။ ” ည ၉ နာရီလောက်မှာ မီးလောင်မှုဖြစ်တယ်၊လောလောဆယ်သိရတာက ဖယောင်းတိုင်မီးကနေတဆင့်လောင်တာလို့သိရတယ်၊ကျောင်းတကျောင်းလုံးလည်း ပျက်စီးတယ်၊ဒဏ်ရာရတဲ့ ဘုန်းကြီးက သူကမီးလောင်တော့ ကျောင်းပေါ်ကနေ ခုန်ချတာလို့သိရတယ်၊နောက်တပါးကတော့ မီးလောင်သေဆုံးတာပါ ” လို့ မီးလောင်ပြင်ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအဖွဲ့ဝင် တဦးကပြောပါတယ်။ မီးလောင်မှုကြောင့် ပျံလွန်တော်မူသွားတာက ဦးသံဝရဘွဲ့အမည်ရှိ ဆရာတော်ဖြစ်ပြီး ဒဏ်ရာရရှိတဲ့ ဘုန်းကြီးကတော့ ဦးသံဝရပိုင် ဆိုတဲ့ ဆရာတော်ဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်မှုကို ရပ်စောက်မြို့နယ် သန္ဓေ၊အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့မီးဘေးလုံခြုံရေး အဖွဲ့ဝင်တွေ၊ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ရဲတပ်ဖွဲ့နဲ့လူမှုကူညီရေးအသင်းနဲ့ပြည်သူတွေပူးပေါင်းငြိမ်းသတ်ခဲ့ကြတာဖြစ်ပြီး မီးလောင်မှုကိုတော့ အချိန်၂ နာရီကြာငြိမ်းသတ်ခဲ့ရတယ်လို့သိရပါတယ်။ #voiceofmyanmar…

Read More

ထိုင်းမှာ မြန်မာလုပ်သား အမျိုးသမီး(၉)ဦးအပါအဝင် (၂၃)ဦးဖမ်းဆီးခံရ

ဧပြီ၊၂၀-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်က အမြန်လမ်းတနေရာမှာအမျိုးသမီး(၉)ယောက်အပါအဝင် မြန်မာနိုင်ငံသား (၂၃)ယောက်ဟာ မနေ့ ဧပြီ(၁၉)ရက်က ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ အဲ့ဒီ မြန်မာနိုင်ငံသား အလုပ်သမား(၂၃)ယောက်ကို ထိုင်းရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မနေ့မနက်(၉)နာရီကျော်ခန့်မှာ ကုန်ပစ္စည်း မပါတဲ့ ပစ်ကပ်ကား(၂)စီးကိုတွေ့ ရှိတာကြောင့် အချက်ပြ ရပ်တန့်စစ်ဆေးတဲ့ချိန် မြန်မာလုပ်သားအမျိုးသမီး(၉)ယောက်နဲ့အမျိုးသား(၁၄)ယောက်ကိုတွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံသား(၂၄)ယောက်ကို ပစ်ကပ်ကားနဲ့ ခေါ်လာသူတွေဟာ ထိုင်းနိုင်ငံသားတွေဖြစ်တယ်လို့သိရပြီး ဖမ်းမိမြန်မာနိုင်ငံသားတွေကို စစ်ဆေးတဲ့အခါ နိုင်ငံကူးလက်မှတ်နဲ့ ခိုင်လုံတဲ့ ခရီးသွား အထောက်အထားတွေ တစုံတရာ ပြသနိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ”စုံစမ်းသိရှိရသလောက်တော့ နိုင်ငံခြားသားအလုပ် သမားတွေ တရားမဝင် ဝင်ရောက်လာမှုကို တားဆီး နိုင်ဖို့အတွက် အမြန်လမ်းရဲတပ်ဖွဲ့တွေက လမ်းပေါ်မှာစစ်ဆေးနေရင်း ဖမ်းမိခဲ့တာတဲ့ ၊ ပစ်ကပ်ကား ၂ စီးနဲ့ဝင်ရောက်လာတာ၊စုစုပေါင်း ၂၃ ယောက်ကိုဖမ်းဆီးရမိခဲ့တာ၊ ဖမ်းမိတဲ့ မြန်မာလုပ်သားတွေက ခိုင်လုံတဲ့…

Read More

သရုပ်ဆောင် ​မင်းရာဇာကို သက်ငယ်မုဒိန်းမှုနဲ့ အလုပ်ကြမ်းနဲ့ထောင် နှစ်၂၀ ထပ်ချ

ဧပြီ ၂၀ – ၂၀၂၃ GG(VOM) သရုပ်ဆောင် မင်းရာဇာကို စွဲဆိုထားတဲ့ သက်ငယ်မုဒိန်း မှု ပုဒ်မ ၃၇၆ အတွက် သင်္ဃန်းကျွန်းခရိုင်တရားရုံးက ဒီနေ့ဧပြီ၂၀ ရက်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀ ထပ်တိုးအမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ ” ဒီနေ့မှာ သင်္ဃန်းကျွန်းခရိုင်တရားရုံးက သရုပ်ဆောင်မင်းရာဇာရဲ့မုဒိန်းမှုပုဒ်မ၃၇၆ကို အလုပ်နဲ့ ထောင်ဒဏ်၂၀ နှစ်ချမှတ်လိုက်ပါတယ်”လို့ နစ်နာသူမိန်းကလေးဘက်မှ အကူအညီပေးနေတဲ့ ဒေါ်နော်အုန်းလှကပြောပါတယ်။ မင်းရာဇာအနေနဲ့ အသက်မပြည့်သေးတဲ့အိမ်အကူ မိန်းကလေးကို လိင်ပိုင်းဆိုင်ရာစော်ကားမှု ကျူးလွန်ကြောင်းထင်ရှားတာကြောင့် ထောင်ဒဏ်နှစ်၂၀ ထပ်မံချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” သင်္ဃန်းကျွန်းခရိုင်ရုံးတော်က ဒီနေ့မှာ မင်းရာဇာကို မုဒိန်းမှုအတွက်ပဲ ထောင် နှစ် ၂၀ ချမှတ်လိုက်တာပါ။သူ့အမျိုးသမီး၊မန်နေဂျာတွေ မပါပါဘူး။သူ့ကိုသီးသန့်စွဲထားတဲ့ သက်ငယ်မုဒိန်းကိုချလိုက်တာပါ ” လို့ တရားရုံးနဲ့နီးစပ်တဲ့ အထက်တန်းရှေ့နေတဦးကပြောပါတယ်။ မတ်လ ၁၃ ရက်နေ့ကလည်း မင်းရာဇာ နဲ့အမျိုးသမီးဖြစ်သူ ဖူးငုံပွင့် နဲ့…

Read More

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား(၅)ယောက် ထောင်ဖောက်ထွက်ပြေး

ဒေလီ၊ ဧပြီ-၂၀-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က တာဇိုင်ခေါန် အကျဉ်းထောင်ကနေ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား(၅)ယောက်ဟာ ထောင်ဖောက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။ ထွက်ပြေးလွှတ်မြောက်သွားသူတွေဟာ လူသတ်မှုနဲ့ထောင်ကျနေသူတယောက်၊ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေသူ(၄)ယောက်ဖြစ်တယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက သူတို့အချုပ်ခန်းထဲမှာရှိတဲ့ အိမ်သာနံရံ့ကနေ ထောင်ဖောက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။ မနေ့က ဗုဒ္ဓဟူးနေ့မနက် ၁ နာရီ ၃၀ မိနစ်၀န်းကျင်က ထောင်စောင့်တွေက လိုက်လံစစ်ဆေးနေချိန်ထိ အဲဒီမြန်မာနိုင်ငံသား(၅)ဦး အချုပ်ခန်းထဲမှာရှိနေခဲ့ပြီး မနက် ၂ နာရီ ၁၅ မိနစ်မှာတော့ မရှိကြတော့ဘူးလို့ ခရိုင်ထောင်အုပ်ကြီး HS Zosanglianaပြောပါတယ်။ သူတို့ဟာ ရေချိုးခန်းအုတ်နံရံအစိတ်အပိုင်းအချို့ကို ဖယ်ရှားပြီး ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး သူတို့ဟာ ကာလရှည်ကြာကြိုတင်ကြံစည်တာဖြစ်နိုင်ကြောင်း ခရိုင်ထောင်အုပ်ကြီးက ဆိုပါတယ်။ အခုလိုထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားပြီးနောက် မနက် ၃ နာရီမှာ ရှာဖွေရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။…

Read More

တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် မွန်းဘင် ရုတ်တရက်သေဆုံး၊ သတ်သေသွားဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ပြော

ဆိုးလ်၊ ဧပြီ-၂၀-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် မွန်းဘင်ဟာ အသက် ၂၅ နှစ်အရွယ်မှာ ရုတ်တရက် သေဆုံးသွားကြောင်း တေးဂီတအဖွဲ့က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဆိုးလ်မြို့ရှိ သူ့ရဲ့တိုက်ခန်းမှာ တုံ့ပြန်မှုမရှိတဲ့အနေအထားဖြင့် မန်နေဂျာဖြစ်သူက ဧပြီ ၁၉ ရက်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ တောင်ကိုရီးယားသတင်းဌာနတွေက ဖော်ပြထားပါတယ်။ သူဟာ ကိုယ့်ကိုကိုယ်သတ်သေသွားပုံရပြီး သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျဆုံးဖြတ်နိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့့ပြောပါတယ်။ မွန်းဘင်ဟာ လူသိများတဲ့ အမျိုးသားကေပေါ့အဖွဲ့ဖြစ် အက်စ်ထရိုကို ၂၀၁၆ ခုနှစ်ကမ၀င်ရောက်မီ သူရုပ်ဆောင်နဲ့ မော်ဒယ်လ်တဦးအဖြစ် အနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ မွန်းဘင်ဟာ မကြာသေးမီနှစ်တွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အနုပညာရှင်တွေထဲက နောက်ဆုံးတဦးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ အဆိုတော်နဲ့ သရုပ်ဆောင် ဂူးဟာရာဟာ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီး သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း…

Read More

ဂျပန်မှာ ကိုဗစ်-၁၉ကူးစက်မှု န၀မလှိုင်း အခြေအနေဆိုးနိုင်ကြောင်း ကျွမ်းကျင်သူတွေ သတိပေး

တိုကျို၊ ဧပြီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ဖြစ်ပွားလာနိုင်တဲ့ကိုဗစ် န၀မလှိုင်းဟာ အခြေအနေဆိုးနိုင်ပြီး သက်ကြီးရွယ်အိုအများစုသေဆုံးနိုင်ကြောင်း ဂျပန်ကျွမ်းကျင်သူတွေက ဧပြီ ၂၀ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ဂျပန်ကျန်းမာရေး၀န်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်လေးဦးက ကူးစက်မှုဖြစ်နိုင်ခြေ ဒသမလှိုင်းနဲ့ပတ်သက်ပြီး စာတမ်းပြုစုခဲ့ကာ ကန့်သတ်ချက်တွေကိုဖြေလျှော့လိုက်ခြင်းကြောင့် ဂျပန်နိုင်ငံဒေသအချို့မှာ ကူးစက်မှုအရေအတွက်ဟာ မကြာသေးမီက မြင့်တက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကိုဗစ်ကူးစက်မှု န၀မလှိုင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကဖြစ်ပွားခဲ့တဲ့ အဌမလှိုင်းထက်ပိုမိုကြီးမားနိုင်ပြီး အခြေအနေဆိုးနိုင်ကြောင်း နိုင်ငံတွင်းရှိ သက်ကြီးရွယ်အိုများအပေါ် အဓိကသက်ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဂျပန်အစိုးရဟာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအခြေအနေနဲ့ပတ်သက်ပြီး တရား၀င်အမျိုးအစားခွဲခြားမှုကို မေလမှာ အဆင့်နှိမ့်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးနှံမှုတွေထပ်မံပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ရောဂါကာကွယ်ရေး အစီအမံတွေကို ဆက်လက်လုပ်ဆောင်ဖို့ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို အကြံပြုထားပြီး ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇသစ်တွေကိုလည်း ခွဲခြမ်းစိတ်ဖြာသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။…

Read More

ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံအချို့ တရားရုံးလက်ခံ၊ နှစ်လအကြာမှာ ကြားနာဖွယ်ရှိ

နေပြည်တော် ၊ ဧပြီ-၂၀-၂၀၂၃ မျိုးဆက်(VOM) အဂတိလိုက်စားမှုအပါအ၀င် စွဲချက်တွေနဲ့ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေအတွက် အယူခံအချို့ကိုကြားနာဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဧပြီ ၁၉ ရက်က လက်ခံလိုက်ပါတယ်။ အသက် ၇၈ နှစ်အအရွယ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် တရားစွဲဆိုမှုတွေပြုလုပ်ခဲ့ကာ လက်ရှိမှာတော့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရပါတယ်။ တရားရုံးချုပ်ဟာ အယူခံတွေကိုကြားနာမယ့်ရက်ကို မသတ်မှတ်ရသေးပေမယ့် ပြစ်ဒဏ်လျှော့ပေါ့ရေး အပါအ၀င် တင်သွင်းထားတဲ့ အယူခံတွေကို လာမယ့်နှစ်လအတွင်း ကြားနာနိုင်တယ်လို့ အမှုနဲ့နီးစပ်တဲ့ ဥပဒေအရာရှိတဦးကပြောပါတယ်။ တရားလွှတ်တော်ချုပ်က လက်ခံလိုက်တဲ့အယူခံတွေကတော့ ရဟတ်ယာဉ် ၀ယ်ယူမှုနဲ့ဆိုင်တဲ့ အဂတိအမှုတွေနဲ့ ရွေးကောက်ပွဲမသမာမှုစွဲချက် ရာဇသတ်ကြီးပုဒ်မ- ၁၃၀(က)၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်ဥပဒေ ပုဒ်မ-၃(၁)(ဂ) အမှုတွေဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ လက်ရှိမှာတော့ အမှုပေါင်း ၁၉ မှုအတွက်ထောင်ဒဏ် ၃၃ နှစ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်က…

Read More

ယီမင်တွင် ဥပုသ်လအလှူပြုလုပ်ချိန် လူအုပ်ပြိုကျမှုကြောင့် ၇၈ ဦးသေဆုံး

ဆာနား၊ ဧပြီ-၂၀-၂-၂၃ မျိုးဆက်(VOM) ယီမင်နိုင်ငံ မြို့တော်ဆာနားရှိ စာသင်ကျောင်းတခုမှာ မွတ်စလင်တို့ရဲ့ ဥပုသ်လအတွက် လှူဒန်းမှုပြုချိန် လူအုပ်ပြိုကျမှုကြောင့် လူ ၇၈ ဦးထက်မနည်း သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဧပြီ ၂၀ ရက်မှာ ပြောပါတယ်။ လူတဦးကို ကိုးဒေါ်လာစီရရှိမယ့် အဲဒီလှူဒါန်းမှုအတွက် လူရာပေါင်းစွာဟာ မြို့တော်ဆာနားရှိ ဘက်အယ်လ်ယီမင်အရပ်ရှိ စာသင်ကျောင်းမှာ စုဝေးခဲ့စဉ် မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲ့ ၁၃ ဦးဟာစိုးရိမ်ဖွယ်အခြေအနေရှိကြောင်း ကျန်းမာရေးအာဏာပိုင်တွေကပြောပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးနဲ့ကလေးငယ်တွေလည်း ပါ၀င်နေပါတယ်။ လူစုလူဝေးကို ထိန်းသိမ်းဖို့ တာ၀န်ရှိသူတွေက လေထဲကို သေနတ်ပစ်ဖောက်စဉ် ဓါတ်ကြိုးကိုထိမှန်ပြတ်ကျမှုဖြစ်ပွားခဲ့ပြီးနောက် လူများအထိတ်တလန့်ထွက်ပြေးမှုစတင်ခဲ့တယ်လို့ မျက်မြင်သက်သေနှစ်ဦးကို ကိုးကားပြီး အေပီသတင်းဌာနက ဖော်ပြထားပါတယ်။ အဲဒီမတော်တဆမှုနဲ့ပတ်သက်ပြီး တာ၀န်မကင်းသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေကြောင်း ယီမင်ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ြပန်ပါတယ်။ အဲဒီလှူဒါန်းမှုမှာ ဒေသဆိုင်ရာတာ၀န်ရှိသူတွေနဲ့ ညှိနှို်င်းမှုမရှိဘဲ အလှူငွေတွေကိုကျပန်း…

Read More
VOM News

FREE
VIEW