အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ မြန်မာနိုင်ငံသား(၅)ယောက် ထောင်ဖောက်ထွက်ပြေး

ဒေလီ၊ ဧပြီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က တာဇိုင်ခေါန် အကျဉ်းထောင်ကနေ အကျဉ်းကျခံနေရတဲ့ မြန်မာနိုင်ငံသား(၅)ယောက်ဟာ ထောင်ဖောက်ပြေးမှုဖြစ်ပွားခဲ့ပါတယ်။

ထွက်ပြေးလွှတ်မြောက်သွားသူတွေဟာ လူသတ်မှုနဲ့ထောင်ကျနေသူတယောက်၊ မူးယစ်ဆေးမှုနဲ့ ထောင်ကျနေသူ(၄)ယောက်ဖြစ်တယ်လို့ ထောင်အာဏာပိုင်တွေက ပြောပါတယ်။

မနေ့ မနက်ပိုင်းက သူတို့အချုပ်ခန်းထဲမှာရှိတဲ့ အိမ်သာနံရံ့ကနေ ထောင်ဖောက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ တာ၀န်ရှိသူတဦးက ပြောပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့မနက် ၁ နာရီ ၃၀ မိနစ်၀န်းကျင်က ထောင်စောင့်တွေက လိုက်လံစစ်ဆေးနေချိန်ထိ အဲဒီမြန်မာနိုင်ငံသား(၅)ဦး အချုပ်ခန်းထဲမှာရှိနေခဲ့ပြီး မနက် ၂ နာရီ ၁၅ မိနစ်မှာတော့ မရှိကြတော့ဘူးလို့ ခရိုင်ထောင်အုပ်ကြီး HS Zosanglianaပြောပါတယ်။

သူတို့ဟာ ရေချိုးခန်းအုတ်နံရံအစိတ်အပိုင်းအချို့ကို ဖယ်ရှားပြီး ထွက်ပြေးလွတ်မြောက်သွားတာဖြစ်ပြီး သူတို့ဟာ ကာလရှည်ကြာကြိုတင်ကြံစည်တာဖြစ်နိုင်ကြောင်း ခရိုင်ထောင်အုပ်ကြီးက ဆိုပါတယ်။

အခုလိုထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားပြီးနောက် မနက် ၃ နာရီမှာ ရှာဖွေရေးအဖွဲ့ကို စေလွှတ်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

Ref:Hindustan Times
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW