တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် မွန်းဘင် ရုတ်တရက်သေဆုံး၊ သတ်သေသွားဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့ပြော

ဆိုးလ်၊ ဧပြီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

တောင်ကိုရီးယား ကေပေါ့ကြယ်ပွင့် မွန်းဘင်ဟာ အသက် ၂၅ နှစ်အရွယ်မှာ ရုတ်တရက် သေဆုံးသွားကြောင်း တေးဂီတအဖွဲ့က ဧပြီ ၂၀ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဆိုးလ်မြို့ရှိ သူ့ရဲ့တိုက်ခန်းမှာ တုံ့ပြန်မှုမရှိတဲ့အနေအထားဖြင့် မန်နေဂျာဖြစ်သူက ဧပြီ ၁၉ ရက်မှာ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ကိုးကား၍ တောင်ကိုရီးယားသတင်းဌာနတွေက ဖော်ပြထားပါတယ်။

သူဟာ ကိုယ့်ကိုကိုယ်သတ်သေသွားပုံရပြီး သေဆုံးရတဲ့ အကြောင်းရင်းကို တိတိကျကျဆုံးဖြတ်နိုင်ဖို့ အလောင်းကို ခွဲစိတ်စစ်ဆေးနေကြောင်း ရဲတပ်ဖွဲ့့ပြောပါတယ်။

မွန်းဘင်ဟာ လူသိများတဲ့ အမျိုးသားကေပေါ့အဖွဲ့ဖြစ် အက်စ်ထရိုကို ၂၀၁၆ ခုနှစ်ကမ၀င်ရောက်မီ သူရုပ်ဆောင်နဲ့ မော်ဒယ်လ်တဦးအဖြစ် အနုပညာအလုပ်တွေ လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။

မွန်းဘင်ဟာ မကြာသေးမီနှစ်တွေအတွင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အနုပညာရှင်တွေထဲက နောက်ဆုံးတဦးဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်မှာ အဆိုတော်နဲ့ သရုပ်ဆောင် ဂူးဟာရာဟာ သူမရဲ့နေအိမ်မှာ သေဆုံးနေတာကိုတွေ့ရှိခဲ့ရပြီး သူ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်း ကေပေါ့ကြယ်ပွင့် ဆူးလီဟာလည်း အွန်လိုင်းအနိုင်ကျင့်မှုတွေကို ကာလရှည်ကြာ ကြုံတွေ့ခဲ့ရပြီးနောက် အဲဒီနှစ်မှာ သတ်သေသွားခဲ့ပါတယ်။

တောင်ကိုရီးယားဟာ ဖွံ့ဖြိုးပြီးနိုင်ငံတွေထဲမှာ လူငယ်တွေသတ်သေမှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်ပြီး အသက် ၂၀ ၀န်းကျင်သတ်သေမှုနှုန်းလည်း မြင့်တက်နေကာ မကြာသေးမီနှစ်တွေအတွင်း ကေပေါ့နယ်ပယ်က အနုပညာရှင်(၄)ဦးအထိ သတ်သေမှုဖြစ်ပွားခဲ့ပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW