ဂျပန်မှာ ကိုဗစ်-၁၉ကူးစက်မှု န၀မလှိုင်း အခြေအနေဆိုးနိုင်ကြောင်း ကျွမ်းကျင်သူတွေ သတိပေး

တိုကျို၊ ဧပြီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ ဖြစ်ပွားလာနိုင်တဲ့ကိုဗစ် န၀မလှိုင်းဟာ အခြေအနေဆိုးနိုင်ပြီး သက်ကြီးရွယ်အိုအများစုသေဆုံးနိုင်ကြောင်း ဂျပန်ကျွမ်းကျင်သူတွေက ဧပြီ ၂၀ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ဂျပန်ကျန်းမာရေး၀န်ကြီးဌာနမှ ကျွမ်းကျင်ပညာရှင်လေးဦးက ကူးစက်မှုဖြစ်နိုင်ခြေ ဒသမလှိုင်းနဲ့ပတ်သက်ပြီး စာတမ်းပြုစုခဲ့ကာ ကန့်သတ်ချက်တွေကိုဖြေလျှော့လိုက်ခြင်းကြောင့် ဂျပန်နိုင်ငံဒေသအချို့မှာ ကူးစက်မှုအရေအတွက်ဟာ မကြာသေးမီက မြင့်တက်လာကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ကူးစက်မှု န၀မလှိုင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီကဖြစ်ပွားခဲ့တဲ့ အဌမလှိုင်းထက်ပိုမိုကြီးမားနိုင်ပြီး အခြေအနေဆိုးနိုင်ကြောင်း နိုင်ငံတွင်းရှိ သက်ကြီးရွယ်အိုများအပေါ် အဓိကသက်ရောက်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဂျပန်အစိုးရဟာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအခြေအနေနဲ့ပတ်သက်ပြီး တရား၀င်အမျိုးအစားခွဲခြားမှုကို မေလမှာ အဆင့်နှိမ့်ဖို့ စီစဉ်ထားပါတယ်။

ဒါပေမယ့် အထူးသဖြင့် သက်ကြီးရွယ်အိုတွေကို ကာကွယ်ဆေးထိုးနှံမှုတွေထပ်မံပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ရောဂါကာကွယ်ရေး အစီအမံတွေကို ဆက်လက်လုပ်ဆောင်ဖို့ သူနာပြုနဲ့ ဆေးဘက်ဆိုင်ရာဌာနတွေကို အကြံပြုထားပြီး ဗိုင်းရပ်စ်ရဲ့မျိုးရိုးဗီဇသစ်တွေကိုလည်း ခွဲခြမ်းစိတ်ဖြာသင့်ကြောင်း ကျွမ်းကျင်သူတွေက အကြံပြုထားပါတယ်။

Ref: NHK
Photo:Reuters
#voiceofmyanmar #VOM #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW