အိပ်ရေးမဝခြင်း

    မန္တလာ ဆရာမျိုး   ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို တိတ်တဆိတ် ထိခိုက်စေသော အန္တရာယ်     လူတစ်ဦး ကျန်းမာစွာနေထိုင်နိုင်ရန် အာဟာရပြည့်ဝသောအစားအစာ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ ဆေးလိပ်နှင့် အရက်ကို ရှောင်ကြဉ်ခြင်းတို့သည် အရေးကြီးကြောင်း လူအများ သိရှိထားကြပြီး ဖြစ်ပါသည်။ သို့သော် ကျန်းမာရေးအတွက် အလွန်အရေးပါသော အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် အိပ်ရေးဝဝအိပ်ခြင်း ကိုတော့ အလုပ်များခြင်း၊ စာဖတ်ရခြင်း၊ ဖုန်းအသုံးများခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကြောင့် မကြာခဏ လျစ်လျူရှုမိတတ် ကြသည်။   တချို့လူများသည် ညစဉ် နာရီအနည်းငယ်သာ အိပ်ပြီး အိပ်ချိန်နည်းနည်းနဲ့လည်း အဆင်ပြေတယ်ဟု ထင်တတ်ကြသည်။ တချို့ကလည်း ညနက်အထိ ဖုန်းကြည့်ခြင်း၊ လူမှုကွန်ရက်အသုံးပြုခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အလုပ်ဆက်လုပ်ခြင်းတို့ကို ပုံမှန်ပြုလုပ်နေကြသည်။ ထိုအလေ့အထများသည် အစပိုင်းတွင် များစွာမထိခိုက်သလို ထင်ရသော်လည်း အချိန်ကြာလာသောအခါ ခန္ဓာကိုယ်နှင့်…

Read More

သူတို့အိမ် အခန်း (၁၉၄)

ဆူးငှက်   မပန်းခက်နှင့် မုံရွာ ဘုတလင်ခရီး ————————————-     ကျွန်တော်လည်း အိမ်သို့ပြန်ရောက်သည်နှင့် ကိစ္စများမြောင် လူတို့ဘောင်၏ အပူလုံးတွေက ထုံးစံအတိုင်း ရိုက်ခတ်ဆဲ ဖြစ်သည်။ သို့သော် အရင်ကလို ဝမ်းနည်းစိတ် အားငယ်စိတ်ခြင်း ယူကြုံးမရ အပူလုံးမကြွတော့။ ဘာဖြစ်သင့်ပြီလဲ၊ အဲ့ဒီဖြစ်သင့်သည်ကို လက်ခံလျှင် ဖြစ်ချိန်တန်ပြီလား ဆိုသည်ကို ညစဉ် အိပ်ရာထဲ နဖူးပေါ် လက်တင်ကာ စဉ်းစားနေရလို့ အိပ်ရေးပျက်ပေါင်းများပြီ။ ထိုစဉ်ကာလ ဂျပန်နိုင်ငံ၏ နွေဦးရာသီရောက်တိုင်း မြန်မာနိုင်ငံသို့ တစ်ခေါက်တစ်ကြော့ လာတတ်သည့် ဂျပန်နိုင်ငံသူ မြန်မာစာသုတေသီ မပန်းခက်က မန္တလေးရောက်ခိုက် အိမ်သို့ အလည်ရောက်လာသည်။ သူက ကျွန်တော့်ကို မြင်လိုက်သည်နှင့် “ဆရာ ဆူးငှက် နေထိုင်မကောင်းဘူးလား” ဟု မျက်ရိပ်မျက်ကဲကြည့်ပြီး ချက်ချင်း မေးသည်။     ထို့နောက် စကားစမည်ပြောပြီး ကျွန်တော်တို့…

Read More

ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော​ရောဂါကြောင့် သေဆုံးသူရှိလာတဲ့အတွက် လမ်းဘေးစျေးသည်တွေကို ရောင်းချခွင့်ပိတ်

ဩဂုတ် ၁၃ ၊ ၂၀၂၆ GG (VOM) ရန်ကုန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသူ ရာနဲ့ချီရှိနေတဲ့အပြင် လူသေဆုံးမှုပါရှိလာတာကြောင့် တိုင်းအတွင်းရှိ လမ်းဘေးအစားအစာရောင်းချခြင်းကို အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဩဂုတ် ၉ ရက်ကနေ ၁၂ ရက်နေ့အထိ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားလို့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသူ ၂၈၀ ယောက်ရှိခဲ့ပြီး အဲဒီထဲက အသက်၉၀​ကျော်တယောက်သေဆုံးကာ ၅၄ ယောက်မှာ ပြင်းထန်ဝမ်းပျက်/ဝမ်းလျောရောဂါပိုးတွေ့ရှိခဲ့ရတယ်လို့ အစိုးရ ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားစေနိုင်တဲ့ လမ်းဘေး အစားအစာရောင်းချခြင်းကို ဒီနေ့ကစပြီး သုံးရက်မှ ငါးရက်အတွင်း ရောင်းချခြင်း တားမြစ်လိုက်ပြီး ပြန်လည် ရောင်းချရမယ့်အချိန်ကိုလည်း ရောဂါအပေါ်မူတည်ပြီး ထပ်မံအသိပေးသွားမယ်လို့ အုပ်ချုပ်ရေး နဲ့ရဲတပ်ဖွဲ့ ၊စည်ပင်တို့ပူးပေါင်းပြီး သတိပေး တားမြစ်လိုက်တာဖြစ်ပါတယ်။ ” ညက လိုက်ကြေငြာသွားတယ်။ လမ်းဘေးစျေးသည်တွေကို ရောင်းခွင့်ပိတ်လိုက်တယ်ဆိုပြီးတော့ ။ အခုကဝမ်းပျက်ဝမ်းလျှောတွေဖြစ်နေတော့ လမ်းဘေးစာလည်း မစားရဲပါဘူး ။…

Read More

လုံခြုံရေးအကြောင်းပြချက်နဲ့ သီပေါက စာသင်ကျောင်း ၁၇ ကျောင်း ပိတ်ခံရတဲ့ကိစ္စ ပြည်ထောင်စုအဆင့်တင်ပြထား

ဩဂုတ် ၁၃၊ ၂၀၂၆ NN + GG (VOM) ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက စာသင်ကျောင်း ၁၇ ကျောင်း ကို လုံခြုံရေးအရဆိုပြီး အခုလ ၃ ရက်နေ့ကစလို့ အစိုးရဘက်က ပိတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ပိတ်လိုက်တဲ့ စာသင်ကျောင်းတွေထဲမှာ MNDAA ကိုးကန့်တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဆောင်ကြဲရွာက အထက်တန်းနှစ်ကျောင်း၊ နောင်အန်ရွာ အလယ် တန်းကျောင်းခွဲ တကျောင်း၊ ပန်ခန်း၊ မခေါ်၊ နားတောင့်၊ ပန်စောက်မိန်း၊ နောင်တုံ၊ ပန်မိတ်ကျေးရွာတွေက မူလွန်နဲ့ မူလတန်းကျောင်း ၁၄ ကျောင်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “အခုလဆန်းက ရှမ်းဝန်ကြီးချုပ် ခရီးစဉ်အပြီးနောက်ပိုင်းမှာ ပိတ်လိုက်တာ။ စစ်တပ်က လုံခြုံရေး မပေးနိုင်တဲ့နေရာတွေဖြစ်လို့ဆိုပြီး ပိတ်တာလို့ ပြောတယ်။ ကလေးတွေတော့ ဒုက္ခရောက်ကုန်တယ်” လို့ သီပေါမြို့ခံ တယောက် က…

Read More

ပါဆယ်ပစ္စည်း လက်ခံသူကို ပစ္စည်းပို့ဝန်ထမ်းတွေက ဓာတ်ပုံရိုက်နေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်နေ

ဩဂုတ် ၁၃ – ၂၀၂၆ SS (VOM) ပါဆယ်ပစ္စည်း လက်ခံသူကို ပစ္စည်းပို့သူ delivery ဝန်ထမ်းတွေက ပစ္စည်းနဲ့ လူကိုတွဲပြီး ဓာတ်ပုံရိုက်ယူတာတွေ ရှိနေတာကြောင့် ကိုယ်ရေးကိုယ်တာ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ဖြစ်နေတဲ့အတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်လို့ ဝန်ဆောင်မှုရယူတွေက ပြောပါတယ်။ အရင်က ပါဆယ်ထုပ် ရောက်လာတဲ့အခါ လက်ခံသူက လက်မှတ်ထိုးပြီး ပစ္စည်းယူလိုက်ရုံနဲ့ ရပေမယ့် အခုနောက်ပိုင်းမှာ လက်မှတ်ထိုးရုံတင် မဟုတ်ဘဲ လက်ခံတဲ့သူကိုပါ ပါဆယ်ပစ္စည်းနဲ့အတူတွဲပြီး ဓာတ်ပုံရိုက်တာတွေ ရှိလာတယ်လို့ သိရပါတယ်။ “လက်ခံတဲ့လူက ဓာတ်ပုံအရိုက်မခံဘူးဆို အိမ်ကို ဓာတ်ပုံရိုက်သွားတယ်။ ဘယ်အချိန်မှာ ဒီအိမ်ကို ပေးခဲ့တယ်ဆိုတာမျိုးပေါ့။ ဒီတော့ လက်ခံရတဲ့ customer အနေနဲ့ကျ စိုးရိမ်ရတာပေါ့။ ဥပမာ ဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေကို ပို့လာတယ်ဆို ဘယ်လိုလုပ်မလဲ။ ဟိုဘက်က ပို့တဲ့သူက ဘယ်သူမှန်းမသိ၊…

Read More

ပြင်ဦးလွင်မှာ ရပ်ထားတဲ့ ကားပေါ် သစ်ကိုင်းကျိုးပြီး ဓာတ်ကြိုးပြတ်ကျလို့ တယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ

ဩဂုတ် ၁၃ ၊ ၂၀၂၆ CC (VOM) မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းမှာ ရပ်ထားတဲ့ Express ကားပေါ်ကို သစ်ကိုင်းကျိုးကျပြီး ဓာတ်ကြိုးပါပြတ်တောက်လို့ အမျိုးသားတယောက်သေပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၁၂ ရက်နေ့ ၊ ည ၁၀ နာရီခွဲကျော်လောက်မှာ ရပ်ထားတဲ့ တက်လမ်း ခရီးသည်တင် Express ကားပေါ်ကို သစ်ကိုင်းကျိုးကျခဲ့တာ ဖြစ်ကြောင်း ၊ သစ်ကိုင်းက ဓာတ်ကြိုးပေါ်ကျပြီး ဓာတ်ကြိုးပါပြတ်တောက်ကာ ကားပေါ်ရှိသူတွေကို ဓာတ်လိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။ ” သေတဲ့သူတွေက ကားပေါ်ကလူတွေပါ ။ သစ်ကိုင်းက မိန်းဓာတ်ကြိုးပေါ်ကို ပြုတ်ကျပြီး ကားပေါ်ကျတော့ လျှပ်စစ်ဓာတ်စီးပြီး ဓာတ်လိုက်တာ ။ ” လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်း တာဝန်ရှိသူကပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ…

Read More

မူဆယ်နဲ့ လဲချားမှာ ကျားဖြန့်လုပ်တဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းမိ

ဩဂုတ် ၁၃၊ ၂၀၂၆ NN(VOM) ရှမ်းပြည်တောင်ပိုင်း၊ လဲချားမြို့နဲ့ ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွေမှာ အခုရက်ပိုင်းအတွင်း ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား အယောက် ၁၀၀ ဝန်းကျင် ဖမ်းဆီးရမိခဲ့တယ်လို့ အစိုးရ ထုတ်ပြန်ချက်နဲ့ ဒေသခံတွေရဲ့ပြောကြားချက်တွေအရ သိရပါတယ်။ မူဆယ်မြို့နယ်အတွင်းက တော်ရွက်ရပ်ကွက်ထဲက ငွေလိမ်ဂိုဏ်းတခုကို ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့တွေက အခုလ ၁၁ ရက်နေ့မှာ ဝင်ရောက် ဖမ်းဆီးခဲ့တာမှာ တရုတ်နိုင်ငံသား အယောက် ၆၀ ကို ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ “သတင်းရလို့ ဝင်ဖမ်းတာလို့ပြောတယ်။ တရုတ်တွေ မိတာရှိတယ်။ တခြား နေရာတွေမှာလည်း ရှိသေးတယ်။ မူဆယ်က တရုတ်နဲ့ ကပ်နေတော့ ကျားဖြန့် တွေက ဝင်လိုက်ထွက်လိုက်ပါပဲ” လို့ မူဆယ်မြို့ခံတယောက်က ပြောပါတယ်။ မူဆယ်မြို့ဟာ အစိုးရတပ်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိတာဖြစ်ပြီး ပြည်သူ့ စစ်တပ်ဖွဲ့တွေ အများအပြား…

Read More

သဖန်းဆိပ်ဆည်ကနေ ရေထပ်လွှတ်လို့ ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းဖို့လို

ဩဂုတ် ၁၃ – ၂၀၂၆ SN (VOM) အခုရက်ပိုင်း မူးမြစ်ရေတိုးလာပြီး စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်ဆည် ရေဝင်ကောင်းတာကြောင့် ကန်ရေပြည့်အမှတ် ၅၄၅ ပေ ကျော်လာတာနဲ့အမျှ ဆည်ရေပိုလွှဲ ၁၂ ပေါက်ကနေ ဒီကနေ့ ဩဂုတ် ၁၃ ရက်၊ မနက်ပိုင်းမှာ အရင်ရက်တွေက ပမာဏထက်ပိုပြီး ရေတွေ လွှတ်ချထားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ သဖန်းဆိပ်ဆည်ရဲ့ ရေပမာဏဟာ လက်ရှိမှာ ၅၄၅ ဒသမ ၇၅ ပေကို ရောက်ရှိနေပြီး ဆည်ကြံ့ခိုင်ရေးအတွက် ဖောက်ချထားရတဲ့ ရေတွေဟာ ဒီကနေ ညနေပိုင်းနဲ့ မနက်ဖြန် ဩဂုတ် ၁၄ ရက်၊ မနက်ပိုင်းမှာ ကာဘိုးဆည်အတွင်း ရောက်ရှိနိုင်ကာ လက်ရှိ ကာဘိုးဆည်မှာလည်း ရေတံခါးအားလုံး ဖွင့်ချထားရတာကြောင့် အထက်ကနေ စုန်ဆင်းလာတဲ့ရေတွေဟာ အထိန်းအကွပ်မရှိ အောက်ဘက်ဒေသတွေကို စီးဆင်းလာနိုင်တယ်လို့…

Read More
VOM News

FREE
VIEW