ဝက်မွေးမြူရေးခြံ​တွေမှာ အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး ပြန့်နှံနေတာ မှန်ပေမယ့် လူကို အန္တရာယ်မပေးနိုင်

သြဂုတ် -၁၄-၂၀၂၆
EPM(VOM)
ရန်ကုန်မှာရှိတဲ့ ဝက်မွေးမြူးရေး ခြံ​တွေမှာ ဝက်အချင်းချင်း ကူးစက်တက်တဲ့ အာဖရိက ဝက်အပြင်းဖျားရောဂါပိုး ( African Swine Fever) ပြန့်နှံနေတာ မှန်ပေမယ့် အဲဒီရောဂါပိုးဟာ လူကို ကူးစက်နိုင်တဲ့အခြေအနေ မရှိဘူးလို့ ဝက်မွေးမြူရေး ကျွမ်းကျင်သူ​တွေက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝက်မွေးမြူရေး ခြံအများဆုံးရှိတဲ့ မှော်ဘီ ၊ ညောင်နှစ်ပင် နဲ့ လှည်းကူး မြို့နယ်တွေက ခြံတွေမှာ ဝက်အချင်းချင်း ကူးစက်တဲ့ အာဖရိက ဝက်အပြင်းဖျား ရောဂါပိုး ဖြစ်ပွားနေတာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကတည်းကလို ဝက်မွေးမြူးရေးအသင်းမှာ အကြံပေးပညာရှင် ဦးသန်းလှက ပြော ပါတယ်။
“ ဖြစ်နေတာကတော့ ဒီဇင်ဘာလကတည်းကပါ တအိအိ ဖြစ်နေတာပေါ့။ ကာကွယ်ဆေး မပေါ်သေးတော့ ဖြစ်လိုက်ရင် မွေးမြူးရေး ခြံသမားတွေအတွက် ဆုံးရှုံးမှု ရှိတာပေါ့။ ဒါပေမယ့် သူက ကြက်ငှက် တုပ်ကွေးလို မဟုတ်ဘူး။ လူကို ဒုက္ခ မပေးဘူး။ ပြန့်နေတာ ကြာတော့ အခု ဝက်ခြံတွေ ငြိမ်သလောက် ရှိသွားပါပြီ” လို့ အကြံပေး ပညာရှင် ဦးသန်းလှက ပြောပါတယ်။
မွေးမြူးလောကမှ ပညာရှင်များကတော့ အဲဒီ ဗိုင်းရပ်စ်ပိုးဟာ Vibrio Cholerae ဘက်တီးရီးယား ရောဂါ ပိုးကြောင့် ဖြစ်ပွားရတာ ဖြစ်ပြီး တိရစ္ဆာန်က လူကို ကူးစက်တဲ့ ရောဂါ Zoonosis ပိုး မဟုတ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ နှင့် စိုက်ပျိုးရေးအဖွဲ့ ၊ ကမ္ဘာတိရစ္ဆာန်ကျန်းမာရေးအဖွဲ့ ​တွေမှာ တရားဝင် ကြည့်ရူနိုင်တယ်လို့ တုန့်ပြန်ပြောဆိုထားပါတယ်။
“ ဝက်တွေမှာ out break ဖြစ်တာတော့ ရှိတယ်။ ဒါပေမဲ့ သူက Zoonosis မဟုတ်လို့ လူကို အန္တရာယ် မဖြစ်သလို ဒီလိုခေတ်ကြီးမှာလည်း ဝက်အသေသားကို မရောင်းကြဘူး”လို့ မွေးမြူရေးလောကမှာ သက်တမ်းအတော်ကြာလုပ်ကိုင်နေတဲ့ ဒေါ်လှလှသိန်းကပြောပါတယ်။
အဲဒီ ရောဂါပိုးဟာ ၂၀၁၈ ခုနှစ်မှာ အာရှနိုင်ငံ​တွေကို ရောက်ခဲ့ပြီး တရုတ် ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား ၊ လာအို နိုင်ငံတို့မှာ ဆက်တိုက်ဖြစ်ပွားလာပြီး မြန်မာနိုင်ငံကို ၂၀၁၉ ခုနှစ်မှာ ရောက် ရှိလာခဲ့တယ်လို မွေးမြူရေး လောကကျင်လည်သူ​တွေက ပြောပါတယ်။
၂၀၁၉ ခုနှစ်တွင် ကျိုင်းတုံမြို့ရှိ ဝက်မွေးမြူရေး ခြံတွေမှာ တွေ့ရှိခဲ့ရပြီး နှစ်စဥ် ပုံမှန်ဖြစ်ပွားတဲ့ ရောဂါဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါ စတင်ဖြစ်ပွားတဲ့အခါမှာ ဝက်အသေပျောက်များပြီး ဝက်မွေးမြူး ရေး လုပ်ငန်းရှင်များအတွက် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်တဲ့ ရောဂါပိုးဖြစ်တယ်လို့ ဆိုပါတယ်။
ဝက်မွေးမြူများအတွက် ဝက်များ ရောဂါဘယ မကျရောက်စေရန် ရောဂါ ကာကွယ်‌ဆေး ခြောက်မျိုး ၊ ခုနှစ်မျိုး ထိုးရပေမယ့် အဲဒီ ရောဂါ ကာကွယ်ဆေးမှာ မထွက်သေးတာကြောင့် ဝက်မွေးမြူသူတွေအတွက် ခက်ခဲ ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေဆဲ ဖြစ်တယ်လို့ အကြံပေး ဦးသန်းလှက ပြောပါတယ်။
ရန်ကုန်မြို့ရှိ ဝက်ခြံများတွင် ဝက်အသေပျောက်များတဲ့ ရောဂါပိုးများ ပြန့်နှံနေတယ်ဆိုတဲ့ လူမှုကွန် ယက်ပေါ်က ဖြန့်ဝေမှုနဲ့ ရန်ကုန်မြို့တွင် လက်ရှိ လူတွေမှာ ဖြစ်ပေါ်နေတဲ့ ဝမ်းပျက် ၊ ဝမ်းလျောရောဂါ သတင်းတွေကြောင့် မြို့ပေါ်ရှိ ပြည်သူများ ထင်ကြေး အမျိုးမျိုး ပေးနေကြပါတယ်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနက တာဝန်ရှိသူများကတော့ လက်ရှိ ဖြစ်ပေါ်နေတဲ့ ဝမ်းပျက် ၊ ဝမ်းလျောရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရာကို သေချာစုံစမ်းနေပေမယ့် ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တရားဝင် ထုတ်ပြန်ထားတာမျိုးမရှိသေးပေ။
လှိုင်မြို့နယ်မှာ ရှိတဲ့ လက်လီ ရောင်းချနေတဲ့ အသားငါးဆိုင်သုံးဆိုင်ကို မေးမြန်းရာမှာတော့ ဝက်သား ဈေး တပိဿ ၃၂၀၀၀ ကျပ်မှ ကျပ် ၃၀၀၀၀ ကို ကျဆင်းနေတာ တလခန့် ကြာနေပေမဲ့ ဝက်သား လက်လီ ရောင်းချမှုကတော့ ပုံမှန်အတိုင်း ရှိနေတယ်လို့ ဆိုပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW