ပြင်ဦးလွင်မှာ ရပ်ထားတဲ့ ကားပေါ် သစ်ကိုင်းကျိုးပြီး ဓာတ်ကြိုးပြတ်ကျလို့ တယောက်သေ၊ နှစ်ယောက်ဒဏ်ရာရ

ဩဂုတ် ၁၃ ၊ ၂၀၂၆
CC (VOM)
မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၃)၊ အောင်ဇေယျလမ်းမှာ ရပ်ထားတဲ့ Express ကားပေါ်ကို သစ်ကိုင်းကျိုးကျပြီး ဓာတ်ကြိုးပါပြတ်တောက်လို့ အမျိုးသားတယောက်သေပြီး နှစ်ယောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
ဩဂုတ် ၁၂ ရက်နေ့ ၊ ည ၁၀ နာရီခွဲကျော်လောက်မှာ ရပ်ထားတဲ့ တက်လမ်း ခရီးသည်တင် Express ကားပေါ်ကို သစ်ကိုင်းကျိုးကျခဲ့တာ ဖြစ်ကြောင်း ၊ သစ်ကိုင်းက ဓာတ်ကြိုးပေါ်ကျပြီး ဓာတ်ကြိုးပါပြတ်တောက်ကာ ကားပေါ်ရှိသူတွေကို ဓာတ်လိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ် ။
” သေတဲ့သူတွေက ကားပေါ်ကလူတွေပါ ။ သစ်ကိုင်းက မိန်းဓာတ်ကြိုးပေါ်ကို ပြုတ်ကျပြီး ကားပေါ်ကျတော့ လျှပ်စစ်ဓာတ်စီးပြီး ဓာတ်လိုက်တာ ။ ” လို့ ပြင်ဦးလွင် နာရေးကူညီမှုအသင်း တာဝန်ရှိသူကပြောပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားနှစ်ယောက်အနက် တယောက်ကစိုးရိမ်ရပြီး ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေဆဲ ဖြစ်တယ်လို့ သိရပါတယ် ။
ဇူလိုင် ၂၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမှာ မောင်းနှင်လာတဲ့ လိုက်ထရပ်ကားပေါ်ကို သစ်ပင်လဲကျခဲ့ပြီး ယာဉ်မောင်းအမျိုးသားတယောက် နေရာမှာပဲ သေဆုံးခဲ့ပါတယ် ။
ဓာတ်ပုံ – မြို့နယ်မီးသတ်

Related posts

Leave a Comment

VOM News

FREE
VIEW