အာကာသခရီးသွား၀န်ဆောင်မှု ယခုနှစ်အတွင်းစတင်ဖို့ Virgin Galactic စီစဉ်နေ

ဝါရှင်တန်၊ ဧပြီ ၁၀-၂၀၂၃
မျိုးဆက်(VOM)

အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ Virgin Galactic ဟာ အာကာသခရီးသွားလုပ်ငန်းအတွက် အာကာသယာဉ်ကို နှစ်ရှည်လများ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီးနောက် ယခုနှစ်ဒုတိယသုံးလပတ်မှာ စတင်၀န်ဆောင်မှုပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဘီလျံနာ ရစ်ချက်ဘရန်ဆန်တည်ထောင်ထားတဲ့ Virgin Galactic ဟာ သူ့ရဲ့အာကာသယာဉ်နဲ့ လွှတ်တင်မှုစနစ်တွေကို အဆင့်မြှင့်တင်မှုတွေပြုလုပ်နေတာကြောင့် ကုမ္ပဏီရဲ့ ပထမဆုံးသော အာကာသခရီးစဉ်ကို ၂၀၂၁ ခုနှစ်မှာ ရွှေ့ဆိုင်းခဲ့ရပါတယ်။

Virgin Galactic ရဲ့အာကာယာဉ်ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ပြီး စီးပွားဖြစ်အာကာသခရီးစဉ်များမစတင်မီမှာ ခရီးသွားရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ချရစေဖို့ စမ်းသပ်ပျံသန်းမှု နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ပြုလုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီလိုစမ်းသပ်ပျံသန်းမှုမှာ အီတလီလေတပ်အတွက် အာကာသအစွန်းကိုသုတေသနပြုမယ့်ခရီးစဉ်တစ်ခုလည်း ပါ၀င်နေပြီး ဒီခရီးစဉ်ပြီးရင်တော့ ယခုနှစ်ဒုတိယသုံးလပတ်ကစပြီး လစဉ်လတိုင်း အာကာသကိုခရီးသည်တွေ ပို့ဆောင်သွားမှာဖြစ်ကာ လက်ရှိအချိန်ထိ Virgin Galactic ကုမ္ပဏီမှာစာရင်းပေးထားတဲ့ အာကာသခရီးသွား ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Ref:IEအာကာသခရီးသွား၀န်ဆောင်မှု ယခုနှစ်အတွင်းစတင်ဖို့ Virgin Galactic စီစဉ်နေ ဝါရှင်တန်၊ ဧပြီ-၂၀၂၃ မျိုးဆက်(VOM) အာကာသနည်းပညာကုမ္ပဏီဖြစ်တဲ့ Virgin Galactic ဟာ အာကာသခရီးသွားလုပ်ငန်းအတွက် အာကာသယာဉ်ကို နှစ်ရှည်လများ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီးနောက် ယခုနှစ်ဒုတိယသုံးလပတ်မှာ စတင်၀န်ဆောင်မှုပေးဖို့ စီစဉ်နေတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဘီလျံနာ ရစ်ချက်ဘရန်ဆန်တည်ထောင်ထားတဲ့ Virgin Galactic ဟာ သူ့ရဲ့အာကာသယာဉ်နဲ့ လွှတ်တင်မှုစနစ်တွေကို အဆင့်မြှင့်တင်မှုတွေပြုလုပ်နေတာကြောင့် ကုမ္ပဏီရဲ့ ပထမဆုံးသော အာကာသခရီးစဉ်ကို ၂၀၂၁ ခုနှစ်မှာ ရွှေ့ဆိုင်းခဲ့ရပါတယ်။

Virgin Galactic ရဲ့အာကာယာဉ်ကို ၂၀၂၁ ခုနှစ် မတ်လအတွင်းက ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းခဲ့ပြီး စီးပွားဖြစ်အာကာသခရီးစဉ်များမစတင်မီမှာ ခရီးသွားရဲ့ ဘေးကင်းလုံခြုံမှုကို စိတ်ချရစေဖို့ စမ်းသပ်ပျံသန်းမှု နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ပြုလုပ်သွားမှာဖြစ်ကြောင်း ကုမ္ပဏီတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒီလိုစမ်းသပ်ပျံသန်းမှုမှာ အီတလီလေတပ်အတွက် အာကာသအစွန်းကိုသုတေသနပြုမယ့်ခရီးစဉ်တစ်ခုလည်း ပါ၀င်နေပြီး ဒီခရီးစဉ်ပြီးရင်တော့ ယခုနှစ်ဒုတိယသုံးလပတ်ကစပြီး လစဉ်လတိုင်း အာကာသကိုခရီးသည်တွေ ပို့ဆောင်သွားမှာဖြစ်ကာ လက်ရှိအချိန်ထိ Virgin Galactic ကုမ္ပဏီမှာစာရင်းပေးထားတဲ့ အာကာသခရီးသွား ၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Ref:IE
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW