ရန်ကုန် – မန္တလေး လမ်းဟောင်းမှာ ဖောကားနောက်ခန်းမီးလောင်ပြီး ကားပေါ်ကနေခုန်ချတဲ့မိန်းကလေး သေဆုံး

ဧပြီ ၂၇ – ၂၀၂၃
GG(VOM)

ရန်ကုန် – မန္တလေး လမ်းဟောင်း မိုင်တိုင်၁၈၀ / ၃ မှာ ဒီနေ့ ဧပြီ၂၇ ရက် မနက်ပိုင်းက ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ပြီး မိန်းကလေးငယ်တစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဥ်မှာ မနက် ၇ နာရီခွဲလောက်မှာ ဆွာမြို့ကနေ စက္ကူဂျပ်ဖာတွေတင်လာတဲ့ ကားတစ်စီးဟာ မိုင်တိုင်၁၈၀ အရောက်မှာ ကားနောက်ခန်းက ဂျပ်ဖာစက္ကူတွေမီးထလောင်တာကြောင့် ကားပေါ်လိုက်ပါလာတဲ့မိန်းကလေးဟာ ကားပေါ်ကနေ ခုန်ချစဥ် သေဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

” ကျနော်တို့က ပေါ့ဆမီးလို့သုံးသပ်တယ်။ကားသမားကိုမေးကြည့်တော့လည်း ဆေးလိပ်နည်းနည်းပါးသောက်တတ်တယ်သိရတယ်၊ဆိုတော့ ဆေးလိပ်ကိုသောက်ပြီး လွှင့်ပစ်တာမှာ ဆေးလိပ်က ကားနောက်ခန်းက စက္ကူတွေပေါ်ကျပြီး မီးထလောင်တာဖြစ်မယ်လို့သုံးသပ်ပါတယ်။သေဆုံးတဲ့ကောင်မလေးကတော့ မီးလောင်တာမြင်ပြီး ကားပေါ်ကနေခုန်ချလိုက်တာ အဲ့ဒါကြောင့်ပဲဆုံးသွားတာပါ ” လို့ ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

အဲ့ဒီဖြစ်စဥ်မှာ ခုန်ချတဲ့အမျိုးသမီးတစ်ယောက်သာသေဆုံးပြီး ကျန်တဲ့ကားပေါ်ပါသူတွေဟာ ထိခိုက်ဒဏ်ရာရရှိတာမရှိကြောင်း၊ငွေကြေးတန်ဖိုး ဆုံးရှုံးမှုလည်းမရှိသလို ကားထိခိုက်ပျက်စီးတာလည်းမရှိဘူးလို့ ပြောပါတယ်။

လက်ရှိမှာ သေဆုံးတဲ့ မိန်းကလေးကို ရေတာရှည်မြို့နယ်ဆေးရုံကိုပို့ဆောင်ပေးခဲ့ကြောင်းနဲ့ သေဆုံးသူမိန်းကလေးဟာ အသက် ၁၇ နှစ်ဝန်းကျင်လောက်ဖြစ်တယ်လို့သိရပါတယ်။

ဧပြီလ ၁၀ ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၂၅/၆)နဲ့ (၃၂၅/၇)ကြားမှာ Honda Civic အမျိုးအစားအိမ်စီးကား ၁ စီး မီးလောင်ပြီး ကားပေါ်ပါ လူ ၃ ယောက်လုံး သေဆုံးခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #အမြန်လမ်းဟောင်း #ကားနောက်ခန်းမီးလောင် #လူသေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW