မင်းသမီးက ခါးမပါဘူးတဲ့

ဆူးငှက် ကုန်လွန်ခဲ့တဲ့ နှစ်၄၀လောက်က မန္တလေးမှာ အငြိမ့်တစ်ခေတ် တကျော့တပြန် ခေတ်စားလာပါတယ်။ခေတ်အဆက်ဆက် ထွန်းကားခဲ့တဲ့ မန္တလေးအငြိမ့်ဟာ ရတနာပုံခေတ်က မြယင်းတော်တို့ မကြေးမျှင် (ခေါ်) ဆင်ခိုးမလေးတို့ မထွေးလေးတို့ ဆီကနေ ဆင်းသက်လာပြီး မခြေကျင်း မငွေမြိုင်တို့ လေဘာတီမမြရင်တို့ သြဘာသောင်းတို့ ဥက္ကလာအေးကြည်တို့ခေတ်အထိ လက်ဆင့်ကမ်းခဲ့ကြပါတယ်။ ဒီလက်ဆင့်ကမ်းမှုဟာ “အငြိမ့်” ဆိုတဲ့ ဝေါဟာရအတိုင်း တီးတော့လည်း ငြိမ့်ငြိမ့်၊ ဆိုတော့လည်း ငြိမ့်ငြိမ့်၊ ကတော့လည်း ငြိမ့်ငြိမ့် ပါပဲ။ ရွှေနန်းတွင်းက သက်ဆင်းခဲ့လေတော့ ရိုင်းလို့မရပါဘူး။ ကြမ်းလို့မရပါဘူး။ ခုန်လို့ပေါက်လို့ အော်လို့ ဟစ်လို့ မရပါဘူး။ ဒီအစဉ်အလာအတိုင်း အငြိမ့်က ဖြစ်တည်လာလိုက်တာ ကိုလိုနီခေတ်ဦးရောက်တော့ အချိုးအကွေ့တစ်ခုရောက်ရပါပြီ။ သီချင်းတွေ တေးသွားတွေမှာ အင်္ဂလန်က ဘင်သံတွေ ဝင်လာပါပြီ။ အရင်လို လေးလေးတွဲ့တွဲ့ချည်း လုပ်လို့ မရတော့ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲ သွက်ပါစေ၊ သန္ဓေကို…

Read More

ပင်လုံမြို့မှာ သံဃာနဲ့ကိုရင် အပါး ၆၀ နီးပါး အစာအဆိပ်သင့်မှုဖြစ်ပွား

ဧပြီလ၊ ၁-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် ၊ပင်လုံမြို့ရပ်ကွက်(၂)က၊ ဝမ့်အဲန်ဘုန်းကြီးကျောင်းမှာ သတင်းသုံးတဲ့ သံဃာတော်တွေနဲ့ ကိုရင် အပါး ၆၀ နီးပါး အစားအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မနေ့ မတ် ၃၁ ရက်က သံဃာတော်တွေနဲ့ ကိုရင်တွေကို မနက်ဆွမ်းအဖြစ် ငါးထမင်းနှယ် သုံးဆောင်ပြီး နောက်ပိုင်း သံဃာတော်အပါး ၆၀ နီးပါးမှာ မူဝေ ၊ အော့အန် ၊ ဝမ်းပျက် ၊ ဝမ်းလျှော ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ”ကျောင်းအတွင်းအားလုံး သံဃာ အပါး ၆၀ ကျော်မယ် ၊ မနက်စာ သုံးဆောင်ပြီး ဖြစ်တာပါ၊ စိုးရိမ်ရတဲ့ အခြေအနေတော့ ကျော်လွန်သွားပါပြီး”လို့ သံဃာတော်တွေကို ကူညီပေးနေသူတဦးကပြောပါတယ်။ အစာအဆိပ်သင့်မှုဖြစ်ပွားတဲ့ သံဃာတွေကို ဒေသခံတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ပရဟိတအဖွဲ့တွေက ဆေးရုံပို့ဆောင်ပေးခဲ့တာကြောင့် သံဃာတော်တချို့မှာသက်သာပြီး ကျောင်းကိုပြန်လည်ရောက်ရှိနေပြီလို့ သိရပါတယ်။…

Read More

ဘန်ကောက်အနီးလောင်နေတဲ့တောမီး စစ်တပ်နဲ့မီးသတ်ရာပေါင်းများစွာ ငြိမ်းသတ်နေရ

ဘန်ကောက်၊ ဧပြီ-၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်အနီးလောင်ကျွမ်းနေတဲ့တောမီးကို ငြှိမ်းသတ်နိုင်ရေးအတွက် ထိုင်းအာဏာပိုင်တွေက အရှိန်မြှင့်လုပ်ဆောင်နေပြီး စစ်တပ်နဲ့မီးသတ် ရာပေါင်းများစွာ ငြှိမ်းသတ်နေရပါတယ်။ တောမီးဟာလက်ရှိမှာ တစတုရန်းကီလိုမီတာထိ လောင်ကျွမ်းခဲ့ပြီဖြစ်ပါတယ်။ ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ ယခုနှစ်အတွင်းတောမီးလောင်ကျွမ်းမှုဟာ ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆတိုးလာနေတယ်လို့ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ တာ၀န်ရှိသူတွေက ပြောပါတယ်။ ဘန်ကောက်ကနေ နှစ်ကီလိုမီတာအကွာမှာရှိတဲ့ နာမည်ကြီးခရီးသွားနေရာဖြစ်တဲ့ ခိုရိုင်အမျိုးသားဥယျာဉ်ကို တောမီးကူးစက်လောင်ကျွမ်းနိုင်ခြေကို တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ အခြေအနေကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်အနေနဲ့ ဒေသဆိုင်ရာအေဂျင်စီတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက အမိန့်ပေးထားပါတယ်။ ထိုင်းနိုင်ငံ နေရာအနှံ့အပြားမှာ ဖြစ်ပွားနေတဲ့တောမီးလောင်ကျွမ်းမှုသည် သစ်ခုတ်ခြင်းနဲ့ မီးရှို့မှုတွေကြောင့်ဖြစ်တယ်လို့ ယူဆရပြီး လေထုအရည်အသွေးညံ့ဖျင်းမှု ပြသနာတွေရှိနေပါတယ်။ နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတို့မှာ လွန်ခဲ့တဲ့လအတွင်း မီးခိုးမြူတွေဖုံးလွှမ်းခဲ့ပြီး လူအများအပြားဟာ အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြသနာတွေ ဖြစ်ပွားခဲ့ပါတယ်။ Ref:NHK Photo:AP/ AFP #voiceofmyanmar #VOM #ဘန်ကောက်

Read More

ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့ရေးအစီအစဉ် ဆိုင်းငံ့ဖို့ ဘင်္ဂလားဒေ့ရ်ှကို HRW တိုက်တွန်း

ဝါရှင်တန်၊ ဧပြီ-၁-၂၀၂၁ မျိုးဆက်(VOM) ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့်အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဘင်္ဂလားဒေ့ရ်ှကို တိုက်တွန်းလိုက်ပါတယ်။ အခုလို ပြန်ပို့မယ့်အစီအစဉ်ဟာ ဒုက္ခသည်တွေရဲ့အသက်နဲ့ သူတို့ရဲ့လွတ်လပ်မှုကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြောပါတယ်။ ဒုက္ခသည်တွေနေရပ်ပြန်ရေးနဲ့ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရ်ှရှိ ဒုက္ခသည်စခန်းကို များကြာခင်က သွားရောက်ခဲ့ပြီးနောက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ သူတို့နေရပ်ပြန်ရေး ရှေ့ပြေးအစီအစဉ်ရဲ့တစိတ်တပိုင်းအဖြစ် ပြန်ပို့မယ့်အစီအစဉ်တွေမှာ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေရဲ့ လိမ်လည် လှည့်စားမှု ဒါမှမဟုတ် အခြားနည်းနဲ့ အတင်းအကြပ်ဖိအားပေးတာမျိုးတွေရှိတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြောပါတယ်။ ရခိုင်ပြည်နယ်မှာလက်ရှိဖြစ်နေတဲ့ အခြေအနေတွေအရ ရိုဟင်ဂျာဒုက္ခသည်တွေ မြန်မာနိုင်ငံကို သူတို့သဘောဆန္ဒအလျောက် ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိစွာပြန်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Meenakshi Ganguly ကပြောပါတယ်။ Ref: La Prensa Photo:AFP #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ပခုက္ကူမြို့က အနာဂတ်အလင်းရောင် လူငယ်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဆိုသူကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးထားတာ တလပြည့်ပေမယ့် လွတ်မလာသေး

ဧပြီ ၁ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ မြို့ရှောင်လမ်းမှာရှိတဲ့ အနာဂတ်အလင်းရောင် ဖောင်ဒေးရှင်း လူငယ်ဖွံဖြိုးရေး ပရဟိတအဖွဲ့ ဥက္ကဋ္ဌဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပခုက္ကူဒေသတွင်း ယာယီတိုက်ပွဲရှောင်သူတွေကို သွားရောက်ကူညီရာကနေ ပြန်ပေးဆွဲ ဖမ်းဆီးတာကို ခံရတယ်လို့ ပခုက္ကူမြို့ခံ လူမှုကူညီရေး ပရဟိတအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ပခုက္ကူမှာ အခြေစိုက်တဲ့ အနာဂတ်အလင်းရောင် လူငယ်ဖွံဖြိုးရေးဖောင်ဒေးရှင်း ပရဟိတအဖွဲ့ကကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ရုံးနဲ့ ပူးပေါင်းပြီး မြိုင်မြို့နယ်အ တွင်း တိုက်ပွဲရှောင်ပြည်သူတွေကို စားနပ်ရိက္ခာများဖြန့်ဝေပေးတယ် ၊ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပခုက္ကူမြို့နယ် ၊ အရှေ့ကမ်းဖြူကျေးရွာဘက်ကို ယာယီတိုက်ပွဲရှောင် ပြည်သူတွေဆီ စားနပ်ရိက္ခာ ဖြန့်ဝေ ကူညီပေးဖို့ သွားရင်း…

Read More
VOM News

FREE
VIEW