အင်ဒိုနီးရှား အမြန်ရေယာဉ်နစ်မြုပ်မှု (၁၁) ဦးသေဆုံး၊ (၉)ဦးပျောက်ဆုံးနေ

ဂျကာတာ၊ ဧပြီ-၂၈-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်းမှာ လူ ၇၈ ဦးတင်ဆောင်လာတဲ့ အမြန်ရေယာဉ်တစင်းနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသူ(၉)ဦးကို ဧပြီ ၂၈ ရက်မှာ ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်အများအစုအပါအ၀င် ရုပ်အလောင်း (၁၁) လောင်းကို ဆယ်ယူရရှိထားပြီး လက်ရှိချိန်ထိ လူ (၅၈) ဦးကိုကယ်တင်နိုင်ခဲ့ကာ အများစုဟာရေထဲမှာ နာရီပေါင်းများစွာ မျောပါပြီးနောက် သတိလစ်တာတွေ ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီရေယာဉ်ပေါ်မှာ ခရီးသည် (၇၂) ဦးနဲ့ အမှုထမ်း(၆)ဦးပါ၀င်ပြီး ခရီးသည်အများစုဟာ အိဒ်အားလပ်ရက်အတွက် မွေးရပ်မြေသို့ ပြန်လာကြသူတွေဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အမြန်ရေယာဉ်ဟာ ရိုင်ယူပြည်နယ်ရှိ ဆိပ်ကမ်းတခုကနေထွက်ခွာပြီးနောက် သုံးနာရီခန့်အကြာမှာ နစ်မြုပ်ခဲ့တာဖြစ်ပြီး နစ်မြုပ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။ ရေယာဉ်ဟာ လေပြင်းတွေတိုက်ခတ်စဉ် မောင်းနှင်နေချိန်မှာ တစုံတခုနဲ့၀င်တိုက်ပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း အသက်ရှင်ကျန်ရစ်သူအချို့က ပြောပါတယ်။ အင်ဒိုနီးရှားမှာ ၂၀၁၈ ခုနှစ်ကလည်း မြောက်ဆူမားတြားပြည်နယ်မှာ ကူးတို့သင်္ဘောနစ်မြုပ်မှုကြောင့်…

Read More

ကမာရွတ် အင်းဝဘဏ်အနီး အငှားယာဥ်​မောင်းတဦး အသတ်ခံရ

ဧပြီ ၂၈-၂၀၂၃ SN (VOM) ရန်ကုန့်မို့၊ ကမာရွတ်မြို့နယ်၊ အင်းဝဘဏ်အနီးမှာမနေ့ ဧပြီ ၂၇ ရက်၊ ည ၇ နာရီဝန်းကျင်က အငှားယာဥ်​မောင်းတဦး အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အဲ့ဒီ့ အငှား‌ယာဉ်မောင်းကို အမှတ် (၄)ရပ်ကွက်၊ဘုရင့်​နောင်လမ်းမ​ပေါ်က သူ့ရဲ့ကားပေါ်မှာပဲ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အင်းဝဘဏ်ရှေ့မှာ လူသုံးယောက်က တက္ကစီငှားတဲ့ပုံစံနဲ့ လုယက်တာလို့ ကနဦးသိရတယ်။ ယာဉ်မောင်းက ပြန်ခုခံတဲ့အတွက် ဓါးနဲ့အချက်ပေါင်းများစွာထိုးပြီး ထွက်ပြေးသွားတာ”လို့ ဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။ အဲ့ဒီဖြစ်စဉ်အပြီး ည ၉ နာရီ ၅၅ မိနစ်မှာ စစ်တပ်နဲ့ရဲတွေ ရောက်ရှိလာပြီး ဗဟိုလမ်းအောက်ပိုင်းတကြောကို ဝင်ရောက်စစ်ဆေးမှုတွေ အချိန်အတော်ကြာ ပြုလုပ်ခဲ့ကာ ည ၁၁ နာရီဝန်းကျင်မှသာ ရွာမကွေ့၊ ရွာမကျောင်းလမ်းဘက်သို့ ပြန်လည် ထွက်ခွာသွားကြတယ်လို့ သိရပါတယ်။ အခုဖြစ်စဥ်မှာ သေဆုံးသူယာဥ်​မောင်းရဲ့တက္ကစီယာဥ်အမျိုးအစားက တိုယိုတာကယ်ဒီးနား…

Read More

ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးသူအရေအတွက် မြင့်တက်လာနေ

ခါတွမ်၊ ဧပြီ-၂၈-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တို့ဟာ ဧပြီ ၂၈ ရက်ကစပြီး နောက်ထပ် ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ကြေညာလိုက်ပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပါတယ်။ နှစ်ဘက်အကြား ယခင်အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် မကုန်ဆုံးမီ သန်းခေါင်ယံအချိန်မှာ အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး မြို့တော်ခါတွမ်နဲ့ အနောက်ဒါဖာပြည်နယ်တို့မှာ အပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာပင် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ အပစ်အခတ်ရပ်စဲထားပေမယ့် ဆူဒန်ကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာသူအရေအတွက် တိုးပွားလာနေပြီး ကုလသမဂ္ဂနဲ့ အမေရိကန်တို့ဟာ ရေရှည်တည်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တိုက်တွန်းထားပါတယ်။ ဆူဒန်မှ လူပေါင်း ၁၆၀၀၀ ကျော် ထွက်ပြေးလာကြောင်း အီဂျစ်အစိုးရက ထုတ်ပြန်ထားပြီး ချဒ်နိုင်ငံကိုလည်း လူ ၂၀၀၀၀ ကျော်ထွက်ပြေးလာတယ်လို့ အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းဒုက္ခသည်များအဖွဲ့ကပြောပါတယ်။ သူတို့ထဲက အများစုဟာ စားနပ်ရိက္ခာနဲ့ ရေကဲ့သို့ အခြေခံလူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေလိုအပ်နေကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ်ပြည်သူ့စစ်တို့အကြား ဧပြီ ၁၅ ရက်ကစတင်ခဲ့တဲ့…

Read More

သထုံမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံး

ဧပြီ ၂၈ – ၂၀၂၃ GG(VOM) မွန်ပြည်နယ်၊သထုံမြို့၊ဆင်ဖြူကျွန်းရှာမှာ အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီးသေဆုံးခဲ့မှု မနေ့ ဧပြီလ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ရွာအပြင်ဘက်က လယ်တောထဲမှာ အလုပ်လုပ်နေစဥ် နေ့လယ်၂ နာရီကျော်ခန့်မှာ မိုးကြိုးပစ်ခံရပြီး နေရာမှာပဲ ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့က ဒီမှာက မိုးတွေလည်းရွာတယ်၊လျှပ်စီးမိုးကြိုးအစုံပဲ၊အဲ့ဒီအချိန် သူကလယ်ထဲမှာရှိနေတာ ။အဲ့ဒီမှာ လယ်ထဲမှာပဲ မိုးကြိုးပစ်ခံရတာ။မိုးကြိုးပစ်ခံရတာဆိုတော့ ညိုမဲနေတာမျိုးတွေရှိတာပေါ့ “လို့ ဒေသခံလူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။ မိုးကြိုးပစ်ခံရပြီး သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဆင်ဖြူကျွန်းကျေးရွာမှာ နေထိုင်သူဖြစ်တယ်လို့သိရပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မနေ့ ညနေကတည်းက သထုံခရိုင်ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံဌာနကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဧပြီ၂၂ ရက်နေ့ကလည်း မကွေးမြို့နယ်၊ဆူးကောက်စမ်းရွာမှာ သားအဖ ၂ ယောက် ယာထဲ နွားကျောင်းနေချိန် မိုးကြိုးပစ်ခံရပြီး သေဆုံးမှု ​ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့…

Read More

ယူကရိန်းနိုင်ငံတ၀န်း မြို့တွေကို ရုရှားကဒုံးကျည်တွေနဲ့တိုက်ခိုက်၊ အရပ်သား(၈)ဦးသေဆုံး

ကိယက်ဗ်၊ ဧပြီ-၂၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်နိုင်ငံ မြို့တော်ကိယက်ဗ်အပါအ၀င် ယူကရိန်းနိုင်ငံတ၀န်းရှိ မြို့များကို ရုရှားကလေကြောင်း တိုက်ခိုက်မှုများကြောင့် လူ(၈)ဦးထက်မနည်းသေဆုံးသွားပါတယ်။ ဒီနီပရိုမြို့မှာ အမျိုးသမီးတဦးနဲ့ သုံးနှစ်အရွယ်သမီးဖြစ်သူတို့ သေဆုံးခဲ့ကြောင်း မြို့တော်၀န်ကပြောပါတယ်။ ယူမန်မြို့မှာတော့ လူနေအဆောက်အအုံတွေကို ဒုံးကျည်ထိမှန်မှုကြောင့် လေးဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ ခရီမန်ချော့နဲ့ ပိုလ်တာဗာမြို့တွေမှာလည်း ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ အင်တာဖက်စ်သတင်းဌာနက ဖော်ပြထားပါတယ်။ မြို့တော်ကိယက်ဗ်ကို ၅၁ ရက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရုရှားက ဒုံးကျည်တွေနဲ့တိုက်ခိုက်တာဖြစ်တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။ ရုရှားရဲ့ ဒုံးကျည်၂၃ စင်းအနက် ၂၁ စင်းနဲ့ တိုက်ခိုက်ရေးဒရုန်းနှစ်စင်းကို ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းစစ်တပ်ကပြောပါတယ်။ အနောက်မဟာမိတ်တွေ ပံ့ပိုးပေးထားတဲ့ တင့်ကားတွေနဲ့အပါအ၀င် လက်နက်သစ်တွေနဲ့ ရုရှားကိုထိုးစစ်ဆင်ဖို့ ယူကရိန်းတပ်တွေ ပြင်ဆင်နေချိန်မှာ ရုရှားကအခုလိုလေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဘက်ခ်မွတ်ခ်မြို့ကိုထိန်းချုပ်နိုင်ရေး ရုန်းကန်နေရပါတယ်။ Ref:BBC Photo:Reuters…

Read More

ကညွတ်ကွင်းမြို့နယ် လျှပ်စစ်မှူး သေနတ်နဲ့ပစ်သတ်ခံရ

ဧပြီ ၂၈ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့လျှပ်စစ်မှူး ဦးကျော်စံလင်း မနေ့ ဧပြီ၂၇ ရက် ညနေပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ လျှပ်စစ်မှူး ဦးကျော်စံလင်းဟာ မနေ့ ညနေ ၅ နာရီကျော်ခန့်က ဆိုင်ကယ်စီးလာစဥ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ်-၁၁၄/၁ ဖာလုံအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ” ကွင်းနောက်(၁)ရပ်ကွက်၊ တောင်ဂုံးတဲရွာနားမှာ ပစ်ခံရတာပါ။သူက မနေ့က ကျောက်တံတားကနေ ပြန်လာတာမှာ ပစ်ခံရတာလို့သိရတယ်။နေရာမှာပွဲချင်းပြီးဆုံးသွားတာပါ ၊ PDF တွေကလုပ်တာလို့တော့ သတင်းကြားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ လျှပ်စစ်မှူးကို သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံရတာကြောင့် ရင်ညွန့်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်၊ မေးစေ့အောက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ၂ ချက်ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဦးကျော်စံလင်းဟာ ကညွှတ်ကွင်းမြို့က မီတာမဆောင်တဲ့နေအိမ်အချို့ကို မီတာဖြုတ်သိမ်းတာတွေလုပ်ခဲ့ကြောင်း၊မီတာဖြုတ်သိမ်းစဥ် နေအိမ်ပိုင်ရှင်တွေနဲ့စကားများတာတွေရှိခဲ့တယ်လို့…

Read More

ကျောင်းကုန်းမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၈ ဦး ထွက်ပြေးမှုဖြစ်ပွါးခဲ့

ဧပြီ ၂၇- ၂၀၂၃ GG + KK (VOM) ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်၊ မြို့မရဲစခန်းအချုပ်မှာ ဖမ်းဆီးထားတဲ့ အချုပ်သား ၈ ဦး အချုပ်ခန်းဖောက် ထွက်ပြေးမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ ဧပြီ ၂၆ ရက် ည ၉ နာရီခန့်က အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်ဖမ်းမိနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ ” မနေ့ကညက အချုပ်ဖောက်သွားတာလို့ကြားတယ်။မြို့ထဲလည်း လိုက်ရှာ စစ်ဆေးနေတယ်။အခုထိပြန်ဖမ်းမိတယ်လို့မကြားသေးဘူး “လို့ ကျောင်းကုန်းဒေသခံတစ်ဦးကပြောပါတယ်။ အချုပ်ခန်းဖောက်ထွက်ပြေးလွတ်မြောက်သွားသူတွေက အမျိုးသား (၈)ယောက်ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၉၄ ၊ရာဇသတ်ကြီးပုဒ်မ၃၈၀ နဲ့အမှုဖွင့်ခံထားရသူတွေဖြစ်တယ်လို့သိရပါတယ်။ တချို့ လူမှုကွန်ယက်စာမျက်နှာတွေမှာတော့ ၂ယောက်ကို ဖမ်းဆီရမိပြီး ၆ယောက်ကတော့ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ လက်ရှိမှာအချုပ်ဖောက်ထွက်ပြေးသူတွေကို ပြန်လည်ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေလုပ်နေတယ်လို့သိရပါတယ်။ မတ်လ၁၄ ရက်နေ့ကလည်း ရှမ်းပြည်နယ် (တောင်ပိုင်း)…

Read More

လားရှိုးမှာ ဘုန်းကြီးကျောင်းထဲ မွေးထားတဲ့ဝက်ဝံက လာလည်တဲ့ကလေးငယ်တစ်ဦးကို ကိုက်ခံရမှုဖြစ်ပွား

ဧပြီ ၂၇ – ၂၀၂၃ GG(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊လားရှိုးမြို့၊ ရပ်ကွက် ၁ က နတ်ရေကန်ကျောင်းတိုက်မှာ ကလေးငယ်တစ်ဦး ဝက်ဝံကိုက်ခံရမှု ဒီနေဧပြီလ ၂၇ ရက် နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ဘုန်းကြီးကျောင်းအတွင်း လှောင်အိမ်ခြံနဲ့ မွေးမြူထားတဲ့ဝက်ဝံက ကလေးငယ်ကို ကိုက်ခဲ့တာဖြစ်ကြောင်း၊ ကလေးငယ်မှာ လက်နှစ်ဖက်လုံးဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့အပြင် ခြေသလုံးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” ကလေးရဲ့ လက်တွေဆို မြင်ရက်စရာမရှိဘူး။အရိုးတွေတောင်ပေါ်နေတယ်၊အခြေအနေကတော့ ပြောရခက်တယ်။ ကလေးက လှောင်အိမ်နားသွားရင်းအကိုက်ခံရတာလို့တော့သိရတယ်။ အလည်သွားကြရင်းကနေဖြစ်တာ ပေါ့ ၊ကလေးကစိုးရိမ်ရတယ်လို့သိရတယ် “လို့ လားရှိုးဒေသခံတစ်ဦးကပြောပါတယ်။ လက်ရှိ ကလေးငယ်ကို ဝက်ဝံကိုက်ခံရတဲ့ဒဏ်ရာတွေကြောင့် ဆေးရုံအရေးပေါ်ဌာနကနေ အရိုးအထူးကုသဆောင်မှာကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ဝက်ဝံကိုက်ခံရတဲ့ကလေးငယ်ဟာ မိန်းကလေးဖြစ်ပြီး အသက်အရွယ်အားဖြင့် ၁၀ နှစ်လောက်ရှိကြောင်း၊ လားရှိူးမြို့ဇာတိဖြစ်တယ်လို့သိရပါတယ်။ နတ်ရေကန်ကျောင်းတိုက်အနေနဲ့ ဝက်ဝံမွေးမြူထားတဲ့ကိစ္စကို လားရှိုးသစ်တောဦးစီးဌာနဆီ ခွင့်ပြုချက်လျှောက်ထားတာမျိုးမရှိဘဲ မွေး​မြူထားတာဖြစ်တယ်လို့သိရပါတယ်။ ” ဒီကတော့ မွေးမြူခွင့်မှတ်ပုံတင် လျှောက်ထားတာမရှိဘူး။တကယ်လို့မွေးမယ်ဆိုရင် ရုံးမှာမှတ်ပုံတင်လျှောက်ရပါမယ်၊လျှောက်လို့ခွင့်ပြုမှ…

Read More

သူငယ်ချင်း (၁၂ ) ယောက်ကို အဆိပ်ခပ်သတ်ခဲ့တဲ့ ထိုင်းအမျိုးသမီး ဖမ်းဆီးခံရ

ဘန်ကောက်၊ ဧပြီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ သူငယ်ချင်း ၁၂ ယောက်ကို ဆိုင်ယာနိုက်အဆိပ်ခတ်ပြီး သတ်ခဲ့တယ်လို့သံသယရှိသူ အမျိုးသမီးတဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းရဲတွေက ဧပြီ ၂၇ ရက်မှာပြောပါတယ်။ ဆာရာရတ်ရန်ဆီဝပ်သာပွန် ဆိုသူအမျိုးသမီးဟာ မကြာသေးမီကသူ့သူငယ်ချင်းတဦးသေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးနောက် ဧပြီ ၂၅ ရက်ကဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ဆာရာရတ်နဲ့အတူ ခရီးတခုမှာသေဆုံးသွားပြီးနောက် သေဆုံးသူရဲ့မိသားစုက သံသယတွေရှိလာတာကြောင့် အလောင်းကိုခွဲစိတ်စစ်ဆေးကြည့်ရာ ဆိုင်ရာနိုက်သဲလွန်စတွေ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေအပြီးမှာတော့ ဆာရာရတ်ဟာ ရည်းစားဟောင်းအပါအဝင် အခြား ၁၁ ဦးကိုလည်း အလားတူနည်းနဲ့ သတ်ဖြတ်ခဲ့တယ်လို့ ယုံကြည်ကြောင်း ၊ လူသတ်မှုတွေကို ၂၀၂၀ ခုနှစ်မှာ စတင်ခဲ့တယ်လို့ ရဲတွေကပြောပါတယ်။ ဆာရာရတ်ဟာ ငွေရေးကြေးရေးကိစ္စတွေကြောင့် လူသတ်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ ရဲက စွပ်စွဲထားပြီး သူမကတော့ စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ သူ့မရဲ့အာမခံလျှောက်ထားမှုကို ပယ်ချထားပါတယ်။ Ref:BBC Photo:Bangkok…

Read More

တရုတ်သမ္မတရှီကျင်းပင်နဲ့ ယူကရိန်းသမ္မတတို့ ပထမဆုံးအကြိမ် တယ်လီဖုန်းဆက်သွယ်ဆွေးနွေး

ကိယက်ဗ်၊ ဧပြီ-၂၇-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲစတင်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ယူကရိန်းသမ္မတဇီလန်စကီးနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ ဧပြီ ၂၆ ရက်မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ သံတမန်တဦးခန့်အပ်ခြင်းနဲ့အတူ တရုတ်သမ္မတရှီကျင်းပင်နဲ့ ဆက်သွယ်ဆွေးနွေးမှုဟာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်စေဖို့ တွန်းအားဖြစ်မယ်လို့ယုံကြည်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း အခုလိုဆက်သွယ်ဆွေးနွေးမှုကို အတည်ပြုခဲ့ပြီး တရုတ်နိုင်ဟာ ငြိမ်းချမ်းရေဘက်မှာ အမြဲရပ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့်တရုတ်နိုင်ငံဟာ အနောက်နိုင်ငံတွေနဲ့မတူဘဲ ရုရှားရဲ့ကျူးကျော်မှုကို ကြားနေပုံပေါက်ဖို့ ကြိုးပမ်းနေဖွယ်ရှိပါတယ်။ ပြီးခဲ့တဲ့လကလည်း သမ္မတရှီကျင်းပင်ဟာ ရုရှားကို နှစ်ရက်ကြာသွားရောက်ခဲ့ပြီး ရုရှားသမ္မတပူတင်နဲ့ ဆွေးနွေးခဲ့ပြီး ယူကရိန်းစစ်ပွဲအဆုံးသတ်နိုင်ရေးအတွက် အချက် ၁၂ ချက်ပါ ငြိမ်းချမ်းရေးအစီအစဉ်တွေကို အဆိုပါပြုခဲ့ပါသေးတယ်။ တရုတ်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ရဲ့ ဆက်သွယ်ဆွေးနွေးမှုကို ကောင်းတဲ့အချင်းအရာအဖြစ် ကြိုဆိုကြောင်း၊ ဒါပေမယ့် အဓိပ္ပါယ်ရှိတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှု သို့မဟုတ် အဆိုပါပြုချက်အချို့ကို ဦးတည်နိုင်ခြင်းရှိမရှိ သိနိုင်ဖို့ အချိန်စောလွန်သေးကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။ Ref:BBC #voiceofmyanmar #VOM…

Read More
VOM News

FREE
VIEW