မီဇိုရမ်ပြည်နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကို အိန္ဒိယဘက်က လုံခြုံရေးတင်းကြပ်ထား

ဒေလီ၊ မေ-၃-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်လာမှုကိုတားဆီးဖို့အတွက် မီဇိုရမ်ပြည်နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတိုးမြှင့်သွားမယ်လို့ အိန္ဒိယတာ၀န်ရှိသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်းမှာ မြန်မာဒုက္ခသည်တွေ ခိုလှုံနေထိုင်လာပြီးနောက် လူသတ်မှုအပါအ၀င် ရာဇ၀တ်မှုတွေထူပြောလာကြောင်း အိန္ဒိယဘက်က ပြောပါတယ်။

မီဇိုရမ်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို အနှောက်အယှက်ဖြစ်စေတဲပ တရားမ၀င်လာရောက်မှုတွေကို တားဆီးဖို့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ဖြစ်ကျော်၀င်ရောက်မှုအများစုကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်မှ တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။

မကြာသေးမီက မီဇိုရမ်ပြည်နယ်မှာနေထိုင်သူသုံးဦး အသတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်ဘက်ကနေ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။

မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့လည်း ၃၁၈ ကီလိုမီတာရှည်တဲ့ နယ်နိမိတ်ထိစပ်နေပြီး နယ်ခြားစောင့်တပ်က နယ်စပ်လုံခြုံရေးကို တာ၀န်ယူဆောင်ရွက်နေပါတယ်။

Ref:Deccan Herald
Photo: Reuters
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW