မန္တလေးမြို့ရှိ ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့လမ်းပေါ်က ကြက်ကြော်ဆိုင် မီးလောင်မှုဖြစ်ပွါးခဲ့

မေ ၃-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်၊ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့ လမ်းပေါ်က အဲဗားချစ် ကြက်ကြော်ဆိုင်တစ်ဆိုင် ဒီကနေ့ နေ့လယ်ပိုင်းက မီးလောင်မှုဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ဖြစ်စဥ်မှာ အကြော်ဆရာမှ မီးဖိုဆောင်အတွင်း ဂတ်စ်အိုးကို လှိမ့်ပြီးသယ်ရာကနေ ဘားပွင့်ပြီး အနီးရှိ မီးသွေမီးဖိုနဲ့ ထိတွေ့ကာ မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ” ဂတ်စ်အိုးကနေ ဖြစ်တာလို့ ပြောရမှာပါပဲ၊ ဆုံးရှုံးမှုကတော့ ကြက်ကြော်ဆိုင်က အဆောင်တဲတွေနဲ့ ဆိုင်ကယ်အချို့ မီးလောင်ပျက်စီးသွားပါတယ်”လို့ မီးသတ်နဲ့နီးစပ်သူတစ်ဦး​ကပြောပါတယ်။ မီးလောင်မှုကြောင့် မီးဖိုဆောင်(မီးဖိုဆောင်၂)လုံး၊ အလုပ်သမားအိပ်ဆောင်(၁)လုံး၊ စကူဖီ ဆိုင်ကယ် (၃)စီး၊ Clickဆိုင်ကယ် (၁)စီး၊ TVS ဆိုင်ကယ် (၁)စီး၊ 125ဆိုင်ကယ် (၁)စီး နဲ့ အတွင်းပစ္သည်းအချို့ မီးလောင်ပျက်စီးကာ မီးသတ်တွက်ချက်တန်ဖိုးငွေ ၉၃သိန်း ၅သောင်း ၁ထောင် ကျပ် မီးလောင်ဆုံးရှုံးခဲ့ပြီး အကြော်ဆရာတစ်ဦးဖြစ်သူ ၃၅ နှစ်အရွယ်…

Read More

ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃) ဦး ပြန်လည် လွတ်မြောက်လာ

မေ ၃ – ၂၀၂၃ SN (VOM) ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အဖြစ် ဒီနေ့ မေလ ၃ ရက်မှာ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံနေရသူတွေကို နစက က လွတ်ငြိမ်းချမ်းသာခွင့်ပြုရာမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် (၃) ဦး ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။ လွတ်မြောက်လာသူတွေဟာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုခန့်သူအောင်၊ အတွင်းရေးမှူးဟောင်း ကိုမင်းဟိန်းခန့်နဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုဖြိုးကျော့နိုင်တို့ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ဟာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခံထားရသူတွေ ‌ဖြစ်ပါတယ်။ “သူတို့က ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၃…

Read More

လွတ်ငြိမ်း ၂၀၀၀ ကျော်တွင် သတင်းသမား ၅ ဦး ပါဝင်

မေ ၃ – ၂၀၂၃ SN (VOM) ကဆုန်လပြည့်နေ့ အထိမ်းအမှတ် လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ ပုဒ်မ ၅၀၅ (က) နဲ့ အကျဉ်းကျခံနေရသူ ၂၀၀၀ ကျော်ကို ပြန်လည် လွှတ်ပေးခဲ့ရာမှာ သတင်းသမား ၅ ဦး ပါဝင်ခဲ့တယ်လို့ သတင်းသမားတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ နစက က အကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသား ၂၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လျှော့ပေါ့ပြီး လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း ဒီနေ့ မေလ ၃ ရက်နေ့ မနက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းသမား ၅ ဦးကတော့ မဇ္ဈိမသတင်းထောက် မမေဘဲလ် (ခ) မငြိမ်းငြိမ်းအေး၊ မော်ကွန်းသတင်းဌာနက သတင်းထောက်ချုပ် ကိုကျော်ဇေယျ၊ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းနဲ့ ကိုဖိုးသား (ခ) ကိုဇော်လင်းထွဋ်၊ အလွတ်သတင်းထောက် မယဉ်ယဉ်သိန်း…

Read More

ထန်းတပင်က ရွာ၃ရွာမှာ တိုက်ပွဲဖြစ်ပြီး ဒေသခံရွာသားအချို့သေဆုံးသလို ဒဏ်ရာရသူတွေလည်းရှိခဲ့

မေ ၃- ၂၀၂၃ GG(VOM) ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်က ကျေးရွာ ၃ ရွာမှာ တိုက်ပွဲတွေဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုတွေပါရှိခဲ့တာကြောင့် ဒေသခံရွာသား ၃ ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဖြစ်စဥ်မှာ မနေ့ကမေလ ၂ ရက် ညနေပိုင်းက ဘုမ္မတီးကျေးရွာ၊ သရက်တန်းကျေးရွာနဲ့ ကျွဲလမ်းကျေးရွာတွေအပေါ် ဗုံးကြဲခံခဲ့ရတာဖြစ်ပြီး အဲ့ဒီမှာ လူသေဆုံးတာတွေရှိခဲ့တဲ့အပြင် နေအိမ်တွေ ဘုန်းကြီးကျောင်းအချို့လည်း လက်နက်ထိမှန်ပျက်စီးတာတွေရှိခဲ့တယ်လို့သိရပါတယ်။ ” ဗုံးမကြဲခင် စစ်တပ်နဲ့ pdf တွေ နှစ်ဖက်က ပစ်ခတ်တိုက်ခိုက်မှုတွေရှိခဲ့တယ်။အဲ့ဒီနောက် ညနေရောက်တော့ လေယာဥ်နဲ့ဗုံးကျဲခံရတယ်။ပြေးတဲ့သူတွေလည်းပြေးကြရတာပေါ့ဗျာ။အဲ့ဒီအထဲကမှ ၃ ယောက်သေတယ်၊၃ယောက်ဒဏ်ရာရတယ်။လေယာဥ်နဲ့ဗုံးကြဲချိန်က ရွာထဲမှာ ဒေသခံတွေပဲရှိတော့တဲ့အချိန်လို့ သိရတယ် ၊အခုကတော့ ရွာသားတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတယ်”လို့ ကူညီရေးလုပ်ပေးနေသူတစ်ဦးကပြောပါတယ်။ သေဆုံးခဲ့သူတွေကတော့ ကျွဲလမ်းကျေးရွာက အသက် ၂၂ နှစ်အရွယ် မစုလှိုင်အေး၊ အသက် ၃၀ နှစ်အရွယ် ကိုရဲစိုးအောင် နဲ့အသက်…

Read More

မီဇိုရမ်ပြည်နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်ကို အိန္ဒိယဘက်က လုံခြုံရေးတင်းကြပ်ထား

ဒေလီ၊ မေ-၃-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံမှ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူတွေ ၀င်ရောက်လာမှုကိုတားဆီးဖို့အတွက် မီဇိုရမ်ပြည်နယ်နဲ့ထိစပ်နေတဲ့ အိန္ဒိယ-မြန်မာနယ်စပ်တစ်လျှောက်မှာ လုံခြုံရေးတိုးမြှင့်သွားမယ်လို့ အိန္ဒိယတာ၀န်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီးနောက် မီဇိုရမ်ပြည်နယ်အတွင်းမှာ မြန်မာဒုက္ခသည်တွေ ခိုလှုံနေထိုင်လာပြီးနောက် လူသတ်မှုအပါအ၀င် ရာဇ၀တ်မှုတွေထူပြောလာကြောင်း အိန္ဒိယဘက်က ပြောပါတယ်။ မီဇိုရမ်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေးကို အနှောက်အယှက်ဖြစ်စေတဲပ တရားမ၀င်လာရောက်မှုတွေကို တားဆီးဖို့ အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် ဖြစ်ကျော်၀င်ရောက်မှုအများစုကို ရပ်ဆိုင်းသွားမှာဖြစ်ကြောင်း အာသံရိုင်ဖယ်တပ်မှ တာ၀န်ရှိသူတစ်ဦးကပြောပါတယ်။ မကြာသေးမီက မီဇိုရမ်ပြည်နယ်မှာနေထိုင်သူသုံးဦး အသတ်ခံခဲ့ရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ချင်းပြည်နယ်ဘက်ကနေ မူးယစ်ဆေးဝါး ရောင်း၀ယ်ဖောက်ကားမှုတွေရှိနေတယ်လို့လည်း ပြောပါတယ်။ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရ်ှနိုင်ငံနဲ့လည်း ၃၁၈ ကီလိုမီတာရှည်တဲ့ နယ်နိမိတ်ထိစပ်နေပြီး နယ်ခြားစောင့်တပ်က နယ်စပ်လုံခြုံရေးကို တာ၀န်ယူဆောင်ရွက်နေပါတယ်။ Ref:Deccan Herald Photo: Reuters #voiceofmyanmar #VOM #ဒေလီ

Read More

ပါလက်စတိုင်းတစ်ဦးသေဆုံးမှုကြောင့် ဂါဇာရှိစစ်သွေးကြွတွေက အစ္စရေးကို ဒုံးကျည် ၂၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်

ဂါဇာစီးတီး၊ မေ-၃-၂၀၂၃ မျိုးဆက်(VOM) ပါလက်စတိုင်းအကျဉ်းသားတဦးသေဆုံးပြီးနောက် ဂါဇာရှိစစ်သွေးကြွတွေဟာ အစ္စရေးနိုင်ငံထဲကို ဒုံးကျည်အစင်း ၂၀ ကျော်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အခုလို ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးတင့်ကားတွေက ဂါဇာကမ်းမြှောင်ဒေသကို ဒုံးကျည်တွေနဲ့ တုံ့ပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်ပလုပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသကို မေ ၂ ရက်ညပိုင်းက တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်ကပြောပါတယ်။ ပါလက်စတိုင်းအကျဉ်းသား ခါဒါအက်နန်ဟာ အစ္စရေးရဲ့အကြမ်းဝါဒစွဲချက်တွေကြောင့် ဖမ်းဆီးခံထားရတဲ့ အစ္စလာမ္မစ်ဂျီဟတ်အဖွဲ့မှ ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်ပါတယ်။ ၈၇ ရက်ကြာ သပိတ်မှောက်မှုအတွင်း သူဟာဆေးဝါးကုသမှုခံယူဖို့ ငြင်းဆိုခဲ့ကြောင်း အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ ဒါပေမယ့်ရှေ့နေကတော့ ဆေးဘက်ဆိုင်ရာ ပေါ့လျော့မှုကြောင့် သေဆုံးခဲ့တာလို့ စွပ်စွဲထားပြီး တမင်တကာလုပ်ကြံခြင်းဖြစ်ကြောင်း ပြောပါတယ်။ သူသေဆုံးကြောင်း ကြေညာပြီးနာရီပိုင်းအကြာတွင် ဂါဇာမှပါလက်စတိုင်းတို့က အစ္စရေးဘက်ကို ဒုံးကျည်၂၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လေးစင်းကို အစ္စရေးဒုံးကျည်ကာကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။ Ref:BBC #voiceofmyanmar #VOM…

Read More

ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးဟောင်း အင်းစိန်ထောင်တွင်းမှာ ဦး​နှောက်ပိုးဝင်ရောဂါနဲ့သေဆုံး

မေ ၃-၂၀၂၃ KK(VOM) အင်းစိန်အကျဥ်းထောင်မှာ အဂတိပုဒ်မ ၅၅ နဲ့ ထောင်ဒဏ်နှစ် ၂၀ ကျနေတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဟောင်းဦးအောင်သန်းဦးဟာ ဒီနေ့မနက် ခြောက်နာရီက ဦး​နှောက်ပိုးဝင်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အသက်ရှုလမ်းကြောင်း ပိုးဝင်လို့ ဦးအောင်သန်းဦးကို အင်းစိန်ဆေးရုံကြီးမှာ ကုသနေစဥ် ဒီနေ့မနက်မှာ ဦးနှောက်ထဲပိုးဝင်ပြီး သေဆုံးခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတစ်ဦးက VOM ကိုပြောပါတယ်။ “ဒီနေ့လွှတ်မယ့်အထဲမှာလည်းပါတယ်၊ ဆေးရုံတက်နေတာတော့ သုံးရက်လောက်ရှိပြီ၊ ဒီနေ့မနက်မှ ဆုံးတာ”လို့ ပြောပါတယ်။ ဦးအောင်သန်းဦဟား အင်းစိန်အကျဥ်းထောင်အတွင်း ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသနေရတယ်လို့သတင်းများကြားသိရပြီး သေဆုံးတဲ့သတင်းကို မိသားစုဆီကတဆင့် ကြားသိရတယ်လို့ မြန်မာနိူင်ငံဆန်ကုန်သည်များအသင်းမှ အသင်းဝင်တစ်ဦးက VOM ကိုပြောပါတယ်။ “ဆေးရုံတက်နေတာတော့ ကြားတယ် ဒီနေ့မနက်ဆုံးသွားပြီဆိုတာ အသင်းကို လှမ်းမေးတော့ ဟုတ်တယ်လို့ပြောတယ် စိတ်မကောင်းဘူး”လို့ ပြောပါတယ်။ မြန်မာနိူင်ငံဆန်စပါးအသင်းချုပ်ရဲ့ဒုဥက္ကဌဖြစ်တဲ့ ဦးအောင်သန်းဦးကို နစကကောင်စီ(နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ…

Read More

မီးသင်္ဂြိုဟ်စက်က တံခါးလက်လှည့်သံကွင်းနဲ့အလောင်းတင်တဲ့စင်က သံဘီးနဲ့သံဒလိမ့်တုံးတွေ အခိုးခံရ

မေ ၃ – ၂၀၂၃ GG (VOM) ပြည်ခရိုင်၊ပန်းတောင်းမြို့နယ် ၊ဖောင်းကံ ရပ်ကွက် မီးသင်္ဂြိုဟ်စက်က အဖွင့်အပိတ်တံခါးက လက်လှည့်ကွင်း ၂ ကွင်း နဲ့ လူသေတင်တဲ့ တွန်းလှည်းစင်က သံဘီး ၂ လုံး ၊သံဒလိမ့်တုံးတွေ ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ မီးသဂြိုလ်တဲ့အခါ အခက်အခဲတွေ ဖြစ်နေရတယ်လို့ နာရေးကိစ္စ တွေမှာ ဦးစီး လုပ်ကိုင်နေတဲ့ ဆရာတော် ကမိန့် ပါတယ်။ ” အခုလ ၂ ရက်နေ့လောက်က ပျောက်သွားတာ၊ သူတို့ကတော့ ဘာရယ်မဟုတ်ဘူ းခိုးသွားတာ၊ဒီမှာ တော့ မီးသင်္ဂြိုဟ်တဲ့အခါ ဒုက္ခရောက်ရတယ်၊မီးများတဲ့အခါဆို တံခါးကပွင့်ပွင့်လာလို့ လက်နဲ့တွန်းထားရတယ်။ ဘာမှလည်း တန်ကြေးမရှိပါဘူး သံတိုသံစစျေးနဲ့ ရောင်းစားဖို့လုပ်​ကြတာ ဖြစ်မှာပါ။ အခုတော့အဟောင်းဆိုင်တွေလိုက်ရှာဝယ်ရမှာပေါ့ “လို့ ဆရာတော်ကမိန့်ပါတယ်။ အ​ဆိုပါ မီးသင်္ဂြိုဟ်စက်ကို ပန်းတောင်းမြို့ပေါ်ရပ်ကွက် အတော်များများက…

Read More

ကျောက်ပန်းတောင်းမြို့နယ်ထဲက၊ ပွေးကျစ်နယ်မြေရဲစခန်း ဝင်ရောက်စီးနင်းခံရ

မေ ၊ ၃ ၊ ၂၀၂၃ SP (VOM) မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နဲ့ ၁၂ မိုင်ခန့်ကွာဝေးတဲ့ ၊ ပွေးကျစ် (မြောက်) ကျေးရွာမှာရှိတဲ့ ၊ ပွေးကျစ်နယ်မြေရဲစခန်းကို မနေ့ မေ ၂ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက် စီးနင်းခံရတယ်လို့ ပွေးကျစ်ရွာခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်လောက်က အရပ်ဝတ် လက်နက်ကိုင် လူ ၂၀ ကျော်က ရဲစခန်းကို ပစ်ခတ်တိုက်ခိုက်ပြီး ဝင်ရောက်စီးနင်းတာဖြစ်တယ်” လို့ ပွေးကျစ်ရွာခံတစ်ယောက်က ပြောပါတယ်။ အဲ့ဒီ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲစခန်းမှာရှိတဲ့ အဆောက်အဦးတချို့နဲ့ သက်သေခံ သိမ်းဆီးထားတဲ့ ကားတွေ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဝင် မိသားစုတွေနဲ့ တပ်ဖွဲ့တွေတချို့ သေဆုံး ၊ ဒဏ်ရာရ ၊…

Read More

လှည်းကူးမှာ ဆည်မြောင်းအတွင်း သောက်ရေဆင်းခပ်တဲ့ ကိုရင်(၁)ပါး ရေနစ် ပျံလွန်တော်မူ

မေ၊ ၂-၂၀၂၃ MM(VOM) ရန်ကုန်တိုင်း ၊လှည်းကူးမြို့နယ် ဆည်မြောင်းအတွင်းမှာ ဒီနေ့ မေလ ၂ ရက်ကသောက်ရေဆင်းခပ်တဲ့ ကိုရင်(၁) ပါးရေနစ်မှုဖြစ်ပွားကာ ပျံလွန်တော်မူခဲ့ရတယ်လို့ သိရပါတယ်။ ဒီနေ့ မေလ ၂ ရက်၊ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က ကလီထော် အနောက်ကျေးရွာ၊ မဟာဝိဟာရ ကျောင်းတိုက်အနီးရှိ ရေသန့်ဆည်မြောင်း အတွင်းကို ရေသွားခပ်ရင်း ပြုတ်ကျပြီးသေဆုံးသွားတာလို့ သိရပါတယ်။ ”လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက လာပြီးရှာဖွေကယ်ဆယ်ခဲ့တယ်၊ ဒီနေ့ မနက် ၁၁ နာရီ ၄၀ မိနစ်လောက်မှာ ကိုရင်ရဲ့ အလောင်းကိုတွေ့ရတာပါ၊ အခု ရေနစ်သေဆုံးခဲ့ရတဲ့ ကိုရင်က မဟာဝိဟာရကျောင်း တိုက်က စာသင်သား ကိုရင်တစ်ပါးလို့သိရတယ်။”လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ပျံလွန်တော်မူခဲ့တဲ့ ကိုရင်ကို မီးသတ်တပ်ဖွဲ့က ဆည်အတွင်းကနေ ဆယ်ယူကာ သက်ဆိုင်ရာဆေးရုံကိုတင်ပို့ကာ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ…

Read More
VOM News

FREE
VIEW