လှည်းကူးမှာ ဆည်မြောင်းအတွင်း သောက်ရေဆင်းခပ်တဲ့ ကိုရင်(၁)ပါး ရေနစ် ပျံလွန်တော်မူ

မေ၊ ၂-၂၀၂၃
MM(VOM)

ရန်ကုန်တိုင်း ၊လှည်းကူးမြို့နယ် ဆည်မြောင်းအတွင်းမှာ ဒီနေ့ မေလ ၂ ရက်ကသောက်ရေဆင်းခပ်တဲ့ ကိုရင်(၁) ပါးရေနစ်မှုဖြစ်ပွားကာ ပျံလွန်တော်မူခဲ့ရတယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၂ ရက်၊ မနက်ပိုင်း ၈ နာရီခွဲဝန်းကျင်က ကလီထော် အနောက်ကျေးရွာ၊ မဟာဝိဟာရ ကျောင်းတိုက်အနီးရှိ ရေသန့်ဆည်မြောင်း အတွင်းကို ရေသွားခပ်ရင်း ပြုတ်ကျပြီးသေဆုံးသွားတာလို့ သိရပါတယ်။

”လှည်းကူးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေက လာပြီးရှာဖွေကယ်ဆယ်ခဲ့တယ်၊ ဒီနေ့ မနက် ၁၁ နာရီ ၄၀ မိနစ်လောက်မှာ ကိုရင်ရဲ့ အလောင်းကိုတွေ့ရတာပါ၊ အခု ရေနစ်သေဆုံးခဲ့ရတဲ့ ကိုရင်က မဟာဝိဟာရကျောင်း တိုက်က စာသင်သား ကိုရင်တစ်ပါးလို့သိရတယ်။”လို့ သက်ဆိုင်ရာနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

ပျံလွန်တော်မူခဲ့တဲ့ ကိုရင်ကို မီးသတ်တပ်ဖွဲ့က ဆည်အတွင်းကနေ ဆယ်ယူကာ သက်ဆိုင်ရာဆေးရုံကိုတင်ပို့ကာ လိုအပ်တဲ့ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ ဆည်းအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကလည်း ရေခပ်ဆင်းတဲ့ အမျိုးသမီးတစ်ဦး ခြေချော်ကျကာ ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။

Photo- MFSD
#voiceofmyanmar #VOM #လှည်းကူး

Related posts

Leave a Comment

VOM News

FREE
VIEW