ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးဟောင်း အင်းစိန်ထောင်တွင်းမှာ ဦး​နှောက်ပိုးဝင်ရောဂါနဲ့သေဆုံး

မေ ၃-၂၀၂၃
KK(VOM)

အင်းစိန်အကျဥ်းထောင်မှာ အဂတိပုဒ်မ ၅၅ နဲ့ ထောင်ဒဏ်နှစ် ၂၀ ကျနေတဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဟောင်းဦးအောင်သန်းဦးဟာ ဒီနေ့မနက် ခြောက်နာရီက ဦး​နှောက်ပိုးဝင်ရောဂါနဲ့ သေဆုံးခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အသက်ရှုလမ်းကြောင်း ပိုးဝင်လို့ ဦးအောင်သန်းဦးကို အင်းစိန်ဆေးရုံကြီးမှာ ကုသနေစဥ် ဒီနေ့မနက်မှာ ဦးနှောက်ထဲပိုးဝင်ပြီး သေဆုံးခဲ့တယ်လို့ အကျဥ်းဦးစီးနဲ့နီးစပ်သူတစ်ဦးက VOM ကိုပြောပါတယ်။

“ဒီနေ့လွှတ်မယ့်အထဲမှာလည်းပါတယ်၊ ဆေးရုံတက်နေတာတော့ သုံးရက်လောက်ရှိပြီ၊ ဒီနေ့မနက်မှ ဆုံးတာ”လို့ ပြောပါတယ်။

ဦးအောင်သန်းဦဟား အင်းစိန်အကျဥ်းထောင်အတွင်း ကျန်းမာရေးမကောင်းလို့ ဆေးဝါးကုသနေရတယ်လို့သတင်းများကြားသိရပြီး သေဆုံးတဲ့သတင်းကို မိသားစုဆီကတဆင့် ကြားသိရတယ်လို့ မြန်မာနိူင်ငံဆန်ကုန်သည်များအသင်းမှ အသင်းဝင်တစ်ဦးက VOM ကိုပြောပါတယ်။

“ဆေးရုံတက်နေတာတော့ ကြားတယ် ဒီနေ့မနက်ဆုံးသွားပြီဆိုတာ အသင်းကို လှမ်းမေးတော့ ဟုတ်တယ်လို့ပြောတယ် စိတ်မကောင်းဘူး”လို့ ပြောပါတယ်။

မြန်မာနိူင်ငံဆန်စပါးအသင်းချုပ်ရဲ့ဒုဥက္ကဌဖြစ်တဲ့ ဦးအောင်သန်းဦးကို နစကကောင်စီ(နိူင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှာ စီးပွားရေးရာဝန်ကြီး တာဝန်ပေးအပ်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ် မေလ ၂၃ ရက်မှာ မြေယာကိစွနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးလှစိုး၊ဝန်ကြီးဦးအောင်သန်းဦး၊မြို့တော်ဝန် ဦးဗိုလ်ဌေးနဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော် တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရပြီးနောက် ရန်ကုန်မြို့တော်ဦးဗိုလ်ဌေးကို ပြန်လွှတ်ပေးကာ ဝန်ကြီးချုပ်ဦးလှစိုး၊ဝန်ကြီးဦးအောင်သန်းဦးနဲ့အတွင်းရေးမူး းဦးစိုးစိုးဇော် တို့ကို အဂတိပုဒ်မနဲ့အမှုဖွင့်ခဲ့ပါတယ်။

အင်းစိန်အကျဥ်းထောင်ရှိ ထောင်တွင်းအထူးတရားရုံးကနေ ဒီဇင်ဘာလ ၈ ရက်နေ့က ဝန်ကြီးချုပ်ဦးလှစိုးကို ထောင်ဒဏ် ၁၅ နှစ်၊ဦးအောင်သန်းဦးကို ထောင်ဒဏ် ၂၀နှစ် ဦးစိုးစိုးဇော် ကို ထောင်ဒဏ် ၆ နှစ်ချမှတ်ခဲ့ပါတယ်။

ထောင်ဒဏ်နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဝန်ကြီးဟောင်းဦးအောင်သန်းဦးမှာ အင်းစိန်ထောင်အတွင်း လေးလကျော် နေထိုင်ပြီးနောက် ဦး​နှောက်ပိုးဝင်ရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ပါတယ်။

ကွယ်လွန်သူဦးအောင်သန်းဦးဟာ မြန်မာနိူင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌဖြစ်သလို ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးလည်းဖြစ်ပြီး၂၀၁၀ ရွေးကောက်ပွဲမှာ သံလျင်မြို့နယ်ကနေ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အနိူင်ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းကို နှစ်ကြိမ်တိုင် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးဟောင်း #ဦးအောင်သန်းဦး #အင်းစိန်ထောင်အတွင်း #ဦး​နှောက်ပိုးဝင်ရောဂါနဲ့သေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW