မန္တလေးမြို့မှာ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပြီး တရားခံကို ဖမ်းဆီးရမိ

မေ ၁၂-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊တံခွန်တိုင်ရပ်ကွက်၊ နံ့သာရပ်မှာ ဒီကနေ့ နေ့လယ် ၁နာရီကျော်အချိန်က ၃လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

” အခင်းဖြစ်နေရာမှာ သေတာက တစ်ယောက် ၊ ဆေးရုံရောက်မှ သေတာက ၂ယောက်ပါ၊ သေတဲ့သူတွေက အခင်းဖြစ်တဲ့ လိုင်းခန်းမှာ အိမ်ငှားနေသူတွေပါ၊ ဘာကြောင့်ဖြစ်လဲဆိုတာတော့ စုံစမ်းနေဆဲပါ၊ တရားခံလည်း မိပါပြီ”လို့ ရဲနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။

သေဆုံးသွားသူတွေဟာ နံ့သာရပ်ကွက်ထဲက နေအိမ် လိုင်းခန်းမှာ ငှားရမ်းနေထိုင်သူတွေဖြစ်ပြီး အသက် (၃၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကတော့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး အသက် (၄၂)နှစ်အရွယ် အမျိုးသားကတော့ ဆေးရုံမှာသေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

လူသတ်မှုဖြစ်ပွားအပြီး ရဲတပ်ဖွဲ့က ကျူးလွန်သွားသူကို လိုက်လံဖမ်းဆီးခဲ့ရာ ချမ်းမြသာစည်မြို့နယ်၊တမ္ပဝတီရပ်ကွက်က ဆေးခန်းတစ်ခုမှာ ဆေးကုနေရင်း သက်သေခံ ဓားနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အမှုဖွင့်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #မန္တလေး #သုံးလောင်းပြိုင်လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW