ဂျပန်မှာ ဓါးနဲ့ထိုး သေနတ်နဲ့ပစ်ခတ်မှုကြောင့် လူလေးဦးသေဆုံး

တိုကျို၊ မေ-၂၆-၂၀၂၃
မျိုးဆက်(VOM)

ဂျပန်နိုင်ငံမှာ မေ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ဓါး၊ သေနတ်တို့နဲ့တိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးသွားပြီး အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

နာဂါနိုစီရင်စုမှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်စဉ်မှာ ကျူးလွန်သူဟာ အမျိုးသမီးတဦးကို ဓါးနဲ့ထိုးပြီးနောက် ရဲတပ်ဖွဲ့၀င်နှစ်ဦးကို အမဲလိုက်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့ပြီး စတုတ္ထမြောက် သေဆုံးသူကို နောက်ပိုင်းမှာ အတည်ပြုခဲ့ပါတယ်။

အဲဒီအမျိုးသားဟာ အမျိုးသမီးကို အရှည်တပေခန့်ရှိဓါးနဲ့ထိုးခဲ့ကြောင်း မျက်မြင်သက်သေတွေက ပြောဆိုထားပြီး တိုက်ခိုက်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို ရှင်းလင်းစွာမသိရသေးပါဘူး။

ကျူးလွန်သူလို့ သံသယရှိသူဟာ ဒေသခံနိုင်ငံရေးသမားတဦးရဲ့ အသက် ၃၁ နှစ်အရွယ် သားဖြစ်သူ မာဆာနိုရီအိုကီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ အတွင်း ရဲတပ်ဖွဲ့၀င်တွေကို ပစ်ခတ်ခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်လည်းဖြစ်ပါတယ်။

သေနတ်နဲ့တိုက်ခိုက်မှု လွန်စွာဖြစ်ခဲတဲ့ ဂျပန်နိုင်ငံမှာ လွန်ခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအဘေးကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု ဖြစ်ပွားခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#VOM #voiceofmyanmar #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW