မြောက်ကိုရီးယားပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန်စီးပွားရေးဇုန်အနီး ပင်လယ်ပြင်ထဲကျရောက်

တိုကျို၊ ဇွန်-၁၆-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟယ ဂျပန်အထူးစီးပွားရေးဇုန်အနီး ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထားပြီး တာတိုပစ်ဒုံးကျည်နှစ်စင်းကို ဇွန် ၁၅ ရက်ည ၇ နာရီ မိနစ် ၃၀ မှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒုံးကျည်တွေဟာ ကီလိုမီတာ ၈၅၀ နဲ့ ၉၀၀ ခန့်ထိ အသီးသီးရောက်ရှိခဲ့ပြီး ၅၀ ကီလိုမီတာအမြင့်ကနေ ၁၁ မိနစ်ကြာ ပျံသန်းခဲ့ပြီး ဂျပန်နိုင်ငံ အိုင်ရှီကာဝါစီရင်စုရှိ ဟီဂူရာဂျီမာကျွန်းမှာ ကီလိုမီတာ ၂၅၀ အကွာရှိ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ကြောင်း ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်တွေနဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အပေါ် မြောက်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက ဝေဖန်ရှုတ်ချပြီးနောက် မိနစ် ၃၀ အကြာမှာ ဒုံးကျည်များကို ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့လုပ်ရပ်ဟာ ဒေသတွင်းစစ်ရေးတင်းမာမှုတွေကို တိုးမြင့်စေပြီး ရန်စပြီး တာ၀န်မဲ့တဲ့ လုပ်ရပ်ဖြစ်ကြောင်း မြောက်ကိုရီးယားက ရှုတ်ချပြောဆိုထားပါတယ်။

Ref: NHK
#VOM #voiceofmyanmar #တိုကျို

Related posts

Leave a Comment

VOM News

FREE
VIEW