ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကြား၀င်ညှိနှိုင်းဖို့ အာဖရိကခေါင်းဆောင်ခုနှစ်ဦး ယူကရိန်းရောက်ရှိနေ

ကိယက်ဗ်၊ ဇွန်-၁၆-၂၀၂၃ မျိုးဆက်(VOM) အာဖရိကခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးမစ်ရှင်အတွက် ယူကရိန်းကိုရောက်ရှိနေပြီး ရုရုရဲ့တိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာတော့ လေကြောင်းတိုက်ခိုက်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ အာဖရိကနိုင်ငံတွေက ခေါင်ဆောင်ခုနှစ်ဦးဟာ မနက်ဖြန်မှာ ရုရှားကိုသွားရောက်မှာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ကိယက်ဗ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒါဟာ ပဋပက္ခနဲ့ပတ်သက်ပြီး အာဖရိကခေါင်းဆောင်တွေရဲ့ ရှားရှားပါးပါးကြား၀င်မှုလည်း ဖြစ်ပါတယ်။ တောင်အာဖရိကနဲ့ အီဂျစ်က ခေါင်းဆောင်ပါတဲ့ အဲဒီအဖွဲ့ဟာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် သမ္မတဇီလန်စကီး ပူတင်တို့နဲ့ ထိတွေ့ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘာဂ်မှာ နိုင်ငံတကာစီးပွားရေးဖိုရမ်ကျင်းပနေပြီး အဓိကမိန့်ခွန်းတစ်ရပ်ပြောကြားဖွယ်ရှိနေပြီး နေတိုးအဖွဲ့ ကာကွယ်ရေး၀န်ကြီးတွေကတော့ ဘရပ်ဆဲလ်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးနေပါတယ်။ လက်ရှိမှာတော့ ယူကရိန်းဟာ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲနေပြီး ထိုးစစ်အောင်မြင်မှုတွေရရှိထားကြောင်း ယူကရိန်းစစ်တပ်က အခိုင်အမာပြောဆိုထားပါတယ်။ Ref:BBC #VOM #voiceofmyanmar #ကိယက်ဗ်

Read More

မူဆယ်မှာ ပြည်သူ့စစ်(၁)ဦး ပစ်သတ်ခံရ

ဇွန် ၁၆၊ ၂၀၂၃ Shy V(VOM) မူဆယ်မြို့၊ စက်မှုဇုံမှာ ဒီကနေ့ ဇွန် ၁၆ ရက် မနက်ပိုင်းက မန်ဂျယ်ပြည်သူ့စစ်အဖွဲ့ ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။ “စက်မှု လဖက်ရည်ဆိုင်မှာ သူမိန်းမနဲ့ ကလေးတွေနဲ့ အတူ လက်ဖက်ရည်သောက်နေတဲ့အချိန် ပစ်သတ် ခံရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ပစ်သတ်ခံရသူက မန်ဂျယ်ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီး ဦးကိုလေးဆိုသူ ဖြစ်တယ်၊ ဘယ်အဖွဲ့ လာပစ်သွားတာတော့ မသိဘူ”လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။ မူဆယ် မြို့ခံတစ်ဦးကလည်း “သူက ဒီက ဒေသခံ မဟုတ်ဘူး။ ကချင် ပြည်နယ် ဘက်ခြမ်းက ဒီဘက်ရောက်လာတာ”လို့ ရှင်းပြပါတယ်။ မူဆယ်မှာတော့ မကြာခဏ အဲ့ဒီလို ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ဒေသခံ ပြည်သူတွေ လုံခြုံမှုကို အမြဲတမ်း စိုးရိမ်နေရတယ်လို့ မူဆယ်မှာ နေထိုင်သူတွေက…

Read More

VOMရဲ့ သိပ္ပံနဲ့နည်းပညာကဏ္ဍ

– လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ – ကမ္ဘာ့ပထမဆုံး မောင်းသူမဲ့လျှပ်စစ်သင်္ဘော ဆွီဒင်မှာ စတင်ပြေးဆွဲ – ဖေ့စ်ဘွတ်ခ်ရဲ့ မိခင်ကုမ္ပဏီMeta ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ဒဏ်ရိုက်ခံရ ဇွန် ၁၆-၂၀၂၃ မျိုးဆက်(VOM) (၁) လူတယောက် ဒေါ်လာလေးသိန်းခွဲနဲ့ အာကာသခရီးသွားနိုင်ပြီ ရစ်ချက်ဘရန်ဆန်ရဲ့ ဗာဂျင်ကလက်တစ်ကုမ္ပဏီက သူ့ရဲ့ပထမဆုံးသော စီးပွားဖြစ်အာကာသခရီးစဉ်ကို ယခုလမကုန်ခင် ပို့ဆောင်ပေးသွားမယ်လို့ မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဗာဂျင်ကလက်တစ်ဟာ ဇွန် ၂၇ ရက်ကနေ ၃၀ ရက်နေ့အတွင်းမှာ ဂလက်တစ်-၀၁ လို့အမည်ပေးထားတဲ့ လွှတ်တင်မှုကို ပြုလုပ်ဖို့ရည်မှန်းထားပါတယ်။ ပထမဆုံးအကြိမ် အာကာသခရီးစဉ်မှာတော့ အီတလီလေတပ်နဲ့ အီတလီအမျိုးသား သုတေသနကောင်စီတို့မှ သုံးယောက်လိုက်ပါမှာဖြစ်ပြီး မိုက်ခရိုဆွဲငင်အားဆိုင်ရာ သုတေသနပြုဖို့ဖြစ်ပါတယ်။ အာကာသခရီးတွေ စတင်တော့မယ့်လို့ ကြေညာပြီးနောက် ကုမ္ပဏီရဲ့ရှယ်ယာတွေဟာ နယူးယောက်စတော့စျေးကွက်မှာ ကုန်သွယ်မှု ၄၀ ရခိုင်နှုန်းထိ ခုန်တက်သွားပါတယ်။…

Read More

မန္တလေးတိုင်းမှာ မီးလင်းအခေါက်ရွှေတုံးတွေကို ကျပ် ၃၀၅၀၀၀၀ စျေးနဲ့ ရောင်းပေးမယ်

ဇွန် ၁၆ – ၂၀၂၃ SN (VOM) ရွှေစျေးနှုန်းတွေ တည်ငြိမ် ကျဆင်းစေရေးအတွက် မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဒီနေ့ ဇွန် ၁၆ ရက်၊ နေ့လယ် ၁၂ နာရီမှစတင်ကာ မီးလင်းအခေါက်ရွှေတုံးတွေကို ၃,၀၅၀,၀၀၀ (သိန်းသုံးဆယ်ငါးသောင်းကျပ်) စျေးနဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။ မီးလင်းအခေါက်ရွှေတုံးတွေကို တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ရောင်းချပေးမှာဖြစ်ပြီး အသင်းသားတွေကလွဲလို့ မည်သူမဆို လွတ်လပ်စွာ လာရောက်၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။ “လာဝယ်မယ်ဆို ဝယ်လို့ရပါပြီ။ ၃,၀၅၀,၀၀၀ နဲ့ ဈေးချရောင်းမှာပါ”လို့ မန္တလေးမှ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ရွှေဝယ်ယူမယ့်သူတွေအနေနဲ့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယား ယူဆောင်လာရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက အသင်းရုံးတည်ရှိရာ ၆၇ လမ်း၊ ၄၀ – ၄၁ လမ်းကြား၊ မဟာမြိုင် အပိုင်း (၁) မှာ လာရောက် စုံစမ်းနိုင်တယ်လို့ သိရပါတယ်။…

Read More

မြောက်ကိုရီးယားပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဂျပန်စီးပွားရေးဇုန်အနီး ပင်လယ်ပြင်ထဲကျရောက်

တိုကျို၊ ဇွန်-၁၆-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားပစ်ခတ်လိုက်တဲ့ ပဲ့ထိန်းဒုံးကျည်နှစ်စင်းဟယ ဂျပန်အထူးစီးပွားရေးဇုန်အနီး ပင်လယ်ပြင်ထဲကို ကျရောက်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထားပြီး တာတိုပစ်ဒုံးကျည်နှစ်စင်းကို ဇွန် ၁၅ ရက်ည ၇ နာရီ မိနစ် ၃၀ မှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒုံးကျည်တွေဟာ ကီလိုမီတာ ၈၅၀ နဲ့ ၉၀၀ ခန့်ထိ အသီးသီးရောက်ရှိခဲ့ပြီး ၅၀ ကီလိုမီတာအမြင့်ကနေ ၁၁ မိနစ်ကြာ ပျံသန်းခဲ့ပြီး ဂျပန်နိုင်ငံ အိုင်ရှီကာဝါစီရင်စုရှိ ဟီဂူရာဂျီမာကျွန်းမှာ ကီလိုမီတာ ၂၅၀ အကွာရှိ အထူးစီးပွားရေးဇုန်အတွင်း ကျရောက်ခဲ့ကြောင်း ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုမှာ ကျည်အစစ်တွေနဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေတဲ့ အပေါ် မြောက်ကိုရီးယားကာကွယ်ရေး၀န်ကြီးဌာနက ဝေဖန်ရှုတ်ချပြီးနောက် မိနစ် ၃၀…

Read More

ဧရာဝတီတိုင်းမှာ စပါးတင်း ၁၀၀ကို ၁၈ သိန်းအထိ ဈေးကောင်းလာပေမယ့် တောင်သူတွေလုပ်ကိုင်နေတဲ့ လယ်ကိုရောင်းချနေရ

ဇွန်၊၁၆-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ ဇွန်လ အတွင်း စပါးတင်း ၁၀၀ ကိုငွေ ကျပ် ၁၈ သိန်း အထိဈေးကောင်းလာပေမယ့် တောင်သူတွေမှာ အကြောင်း အမျိုးမျိုးကြောင့် လုပ်ကိုင်နေတဲ့လယ်ကို ရောင်းချနေရတယ်လို့ ဒေသခံ တောင်သူတွေဆီကနေ သိရပါတယ်။ တောင်သူတွေ အနေနဲ့ မိရိုးဖလာ လုပ်ကိုင်နေတဲ့လယ်ကို ရောင်းချရတာဟာ အခက်အခဲအမျိုးစုံ ကြုံနေရပြီး ဖြေရှင်းစရာနည်းလမ်းမရှိတာကြောင့်ရောင်းချနေရတာဖြစ်တယ်လို့ ဒေသခံ တောင်သူ လယ်သမားတွေဆီကနေ သိရပါတယ်။ ”အခုဧရာဝတီတိုင်းမှာ စပါးတင်း ၁၀၀ ကို ၁၈ သိန်းဈေးအထိပေါက်နေတယ်၊ တောင်သူတွေလက်ထဲ စပါး မကျန်မှ စပါးဈေးကတက်လာတာ ၊ကျွမ်မတို့ကလည်း လက်ထဲကို စပါး မထားနိုင်ပါဘူး၊ စပါး စ ရိတ်ကတည်းက ရောင်းထုတ်ရတာ၊ သွင်းအားစုဖိုး ၊ ရိတ်စက်ခဖိုး ၊ မျိုးစေ့ဖိုး ၊ ဘေးကနေအတိုးနဲ့ဆွဲပြီး လယ်ထဲထည့်ထားတဲ့ အကြွေး အကုန်ပြန်ဆပ်ဖို့ရောင်းခဲ့ရတာ…

Read More

ရွှေစျေးအတက်ကြမ်းနေလို့ ရွှေလုပ်ငန်းရှင်တွေကို သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးနေတယ်လို့ သိရ

ဇွန် ၁၆ – ၂၀၂၃ SN (VOM) ပြည်တွင်းရွှေစျေး အတက်ကြမ်းနေတာကြောင့် ရွှေလုပ်ငန်းရှင်တွေကို မနေ့ ဇွန် ၁၅ ရက်၊ မနက်ပိုင်းကနေ ဒီကနေ့အထိ သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးနေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ဒီလိုခေါ်ယူဆွေးနွေးတာနဲ့ ပတ်သက်လို့ မန္တလေးက ရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ကျွန်တော်တို့ကြားတာ ၁၂ ယောက်ကို ခေါ်ဆွေးနွေးနေတယ်။ မနေ့က မနက် ၁၁ နာရီကနေ အခုထိပြန်မရောက်ကြသေးဘူး။ အဓိကကတော့ဗျာ ရွှေစျေးတည်ငြိမ်ဖို့ ဖြစ်မှာပါ။ တကယ်တော့ ကျနော်တို့ ရွှေစျေးဆိုတာ ဒေါ်လာစျေးအပေါ်မှာမူတည်သလို လိုအပ်ချက်များလို့ စျေးတက်တာပါ။ ဒီလိုစျေးတက်တိုင်း ကုန်သည်ခေါ်နေတာ အဖြေတော့ မဟုတ်ဘူး”လို့ ပြောပါတယ်။ ရန်ကုန်တိုင်းက ရွှေလုပ်ငန်းရှင် အယောက် (၂၀) ဝန်းကျင်နဲ့ မန္တလေးတိုင်းက ရွှေလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ အပါအဝင် လုပ်ငန်းရှင် (၁၂)ယောက်ကို သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးနေတာဖြစ်ပြီး ခေါ်ယူမေးမြန်းခြင်းခံရတဲ့…

Read More
VOM News

FREE
VIEW