မူဆယ်မှာ ပြည်သူ့စစ်(၁)ဦး ပစ်သတ်ခံရ

ဇွန် ၁၆၊ ၂၀၂၃
Shy V(VOM)

မူဆယ်မြို့၊ စက်မှုဇုံမှာ ဒီကနေ့ ဇွန် ၁၆ ရက် မနက်ပိုင်းက မန်ဂျယ်ပြည်သူ့စစ်အဖွဲ့ ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“စက်မှု လဖက်ရည်ဆိုင်မှာ သူမိန်းမနဲ့ ကလေးတွေနဲ့ အတူ လက်ဖက်ရည်သောက်နေတဲ့အချိန် ပစ်သတ် ခံရတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ပစ်သတ်ခံရသူက မန်ဂျယ်ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီး ဦးကိုလေးဆိုသူ ဖြစ်တယ်၊ ဘယ်အဖွဲ့ လာပစ်သွားတာတော့ မသိဘူ”လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း ပြောပါတယ်။

မူဆယ် မြို့ခံတစ်ဦးကလည်း “သူက ဒီက ဒေသခံ မဟုတ်ဘူး။ ကချင် ပြည်နယ် ဘက်ခြမ်းက ဒီဘက်ရောက်လာတာ”လို့ ရှင်းပြပါတယ်။

မူဆယ်မှာတော့ မကြာခဏ အဲ့ဒီလို ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ဒေသခံ ပြည်သူတွေ လုံခြုံမှုကို အမြဲတမ်း စိုးရိမ်နေရတယ်လို့ မူဆယ်မှာ နေထိုင်သူတွေက ပြောပါတယ်။

မူဆယ်မြို့ပေါ်မှာ ပြည်သူ့စစ်အဖွဲ့ပေါင်း ၂၀ ခန့်ရှိပြီး အများစုက တရုတ်ကုမ္ပဏီတွေနဲ့ လောင်းကစားဝိုင်းတွေမှာ လုံခြုံရေး အလုပ်လုပ်ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း လောက်ကိုင်မှာ ‌တရုတ် လုပ်ငန်းရှင်တွေ၊ IT နည်းပညာရှင် လုကြရာကနေ သူတို့ငှားထားတဲ့ ပြည်သူ့စစ်အဖွဲ့ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားကာ သေဆုံး၊ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။

မူဆယ်မှာဝောာ့ လက်နက်ကိုင်အဖွဲ့တွေ လှုပ်ရှားသွားလာတဲ့နေရာဖြစ်ပြီး သူတို့အပြင် အုပ်စုဖွဲ့ ဓားပြတိုက် လက်နက်ကိုင်ဆောင်နေသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပြချက်အရ သိရပါတယ်။

Photo Crd-CJ
#VOM #voiceofmyanmar #မူဆယ် #ပြည်သူ့စစ်တစ်ဦး #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW