ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ကြား၀င်ညှိနှိုင်းဖို့ အာဖရိကခေါင်းဆောင်ခုနှစ်ဦး ယူကရိန်းရောက်ရှိနေ

ကိယက်ဗ်၊ ဇွန်-၁၆-၂၀၂၃
မျိုးဆက်(VOM)

အာဖရိကခေါင်းဆောင်တွေဟာ ငြိမ်းချမ်းရေးမစ်ရှင်အတွက် ယူကရိန်းကိုရောက်ရှိနေပြီး ရုရုရဲ့တိုက်ခိုက်မှုကြောင့် မြို့တော်ကိယက်ဗ်မှာတော့ လေကြောင်းတိုက်ခိုက်သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

အာဖရိကနိုင်ငံတွေက ခေါင်ဆောင်ခုနှစ်ဦးဟာ မနက်ဖြန်မှာ ရုရှားကိုသွားရောက်မှာဖြစ်ပြီး အဲဒီမတိုင်ခင်မှာ ယူကရိန်းသမ္မတဇီလန်စကီးနဲ့ ကိယက်ဗ်မှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒါဟာ ပဋပက္ခနဲ့ပတ်သက်ပြီး အာဖရိကခေါင်းဆောင်တွေရဲ့ ရှားရှားပါးပါးကြား၀င်မှုလည်း ဖြစ်ပါတယ်။

တောင်အာဖရိကနဲ့ အီဂျစ်က ခေါင်းဆောင်ပါတဲ့ အဲဒီအဖွဲ့ဟာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးအတွက် သမ္မတဇီလန်စကီး ပူတင်တို့နဲ့ ထိတွေ့ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

ရုရှားသမ္မတပူတင်ဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘာဂ်မှာ နိုင်ငံတကာစီးပွားရေးဖိုရမ်ကျင်းပနေပြီး အဓိကမိန့်ခွန်းတစ်ရပ်ပြောကြားဖွယ်ရှိနေပြီး နေတိုးအဖွဲ့ ကာကွယ်ရေး၀န်ကြီးတွေကတော့ ဘရပ်ဆဲလ်မှာ ဒီနေ့တွေ့ဆုံဆွေးနွေးနေပါတယ်။

လက်ရှိမှာတော့ ယူကရိန်းဟာ ရုရှားတပ်တွေအပေါ် တန်ပြန်ထိုးစစ်ဆင်နွှဲနေပြီး ထိုးစစ်အောင်မြင်မှုတွေရရှိထားကြောင်း ယူကရိန်းစစ်တပ်က အခိုင်အမာပြောဆိုထားပါတယ်။

Ref:BBC
#VOM #voiceofmyanmar #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW