၀ါရှင်တန်၊ ဇွန်-၂၃-၂၀၂၃
မျိုးဆက်(VOM)
တိုက်တန်းနစ်သင်္ဘောပျက်ကို သွားရောက်လေ့လာသူငါးဦးလိုက်ပါသွားတဲ့ ရေငုပ်သင်္ဘောရဲ့ အပျက်အစီးအပိုင်းအစတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လိုက်ပါသွားသူအားလုံး သေဆုံးသွားကြောင်း အမေရိကန်ကမ်းခြေစောင့်တပ်က အတည်ပြုပြောကြားလိုက်ပါတယ်။
ကနေဒါရှာဖွေရေးသင်္ဘောတစင်းမှ မောင်းသူမဲ့ရေအောက်ရှာဖွေရေး ရေယာဉ်ငယ်က တိုက်တန်းနစ်သင်္ဘောပျက်ရှိတဲ့ ရေအောက်ကနေ ပေ ၁၆၀၀ အကွာမှာ ရေငုပ်သင်္ဘောပျက်ရဲ့ အပျက်အစီးတွေကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သေဆုံးမှုနဲ့ပတ်သက်ပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။
ပျောက်ဆုံးနေတဲ့ ရေငုပ်သင်္ဘောကိုရှာဖွေနေစဉ်မှာ ရေအောက်ကနေ ပေါက်ကွဲသံကြားခဲ့ရကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပြီးနောက်မှာ သင်္ဘောရဲ့မတူညီတဲ့ အပျက်အစီးအစိတ်အပိုင်းငါးခုကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါတွေဟာ ရေငုပ်သင်္ဘောရဲ့ ပျက်စီးတဲ့အစိတ်အပိုင်းတွေနဲ့ ကိုက်ညီတယ်လို့ တာ၀န်ရှိသူတွေက အတည်ပြုထားပါတယ်။
လူတစ်ယောက်ကို ဒေါ်လာနှစ်သိန်းငါးသောင်း ကျသင့်တဲ့အဲဒီခရီးစဉ်မှာ လိုက်ပါသွားတဲ့ Ocean Gate ကုမ္ပဏီတည်ထောင်သူနဲ့ စီအီးအို၊ သင်္ဘောမောင်းနှင်သူ စတိုတန်ရွပ်ရ်ှအ၀င် ဗြိတိန်ဘီလျှံနာနဲ့ စူးစမ်းရှာဖွေသူ ဟာမစ်ရ်ှဟာ့ဒင်း (၅၈) နှစ်၊ ပါကစ္စတန်နွယ်ဖွားစီးပွားရေးလုပ်ငန်းရှင် ရှာဇာဒါဒေဝုဒ် (၄၈)နှစ်နဲ့သားဖြစ်သူ (၁၉)နှစ်အရွယ် ဆူလီမန်တို့သေဆုံးခဲ့တာဖြစ်ပါတယ်။
မောင်းသူမဲ့ရေအောက်ရှာဖွေရေးယာဉ်ဟာ အပျက်အစီးတွေကို ဆက်လက်ရှာဖွေနေပြီး မတော်တဆမှုနဲ့ ၀န်းကျင်းအနေအထားကြောင်း သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ရှာဖွေဆယ်တင်နိုင်ခြင်းရှိမရှိ ရှင်းလင်းစွာမသိရသေးပါဘူး။
Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #တိုက်တန်းနစ်လေ့လာရေး #ရေငုပ်သင်္ဘောပျောက်ဆုံးမှု