ဆိုးလ်၊ ဇူလိုင်-၃-၂၀၂၃
မျိုးဆက်(VOM)
ဂျပန်နဲ့ မြောက်ကိုရီးယားတာ၀န်ရှိသူတွေဟာ တရုတ်အပါအ၀င် အခြားသောတိယနိုင်ငံတွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားသတင်းစာတစောင်က ဇူလိုင် ၃ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။
ဒေါင်အေအိုင်ဘို သတင်းစာရဲ့အဆိုအရ နှစ်နိုင်ငံတာ၀န်ရှိသူတွေဟာ ပြီးခဲ့တဲ့လအတွင်း တရုတ်၊ စင်ကာပူနဲ့ အခြားသောနိုင်ငံအချို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲမှုနဲ့ အဆင့်မြင့်အစိုးရ ဆွေးနွေးပွဲတွေဖြစ်နိုင်ခြေအပါအ၀င် ကိစ္စရပ်တွေကို ဂျပန်နဲ့ မြောက်ကိုရီးယားတာ၀န်ရှိသူတွေ တံခါးပိတ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလို မြောက်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဂျပန်တာ၀န်ရှိသူတွေက အမေရိကန်ကို အကြောင်းကြားထားခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
ဂျပန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံးဖြစ်မြောက်ဖို့အတွက် အဆင့်မြင့်ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ဂျပန်၀န်ကြီးချုပ် ကီရှီဒါက မေလအတွင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: NHK
#voiceofmyanmar #VOM #ဆိုးလ်