ထိုင်းအောက်လွှတ်တော် ဥက္ကဌသစ် ရွေးချယ်ခန့်အပ်၊ အစိုးရဖွဲ့သစ်ဖွဲ့နိုင်ရေး အတိုက်အခံပါတီတွေ ကြိုးပမ်းနေ

ဘန်ကောက်၊ ဇူလိုင်-၅-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းပါလီမန်ဟာ အောက်လွှတ်တော်ဥက္ကဌအဖြစ် ဝါရင့်နိုင်ငံရေးသမား ၀န်မိုဟာမက်နောမက်သာကို ဇူလိုင် ၄ ရက်မှာ လွှတ်တော်အမတ်တွေက တညီတညွတ်တည်း ရွေးချယ်ခန့်အပ်လိုက်ပါတယ်။

မေလကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အံ့မခန်းအနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပါလီမန်အစည်းအဝေး ကျင်းပပြီး အောက်လွှတ်တော်ဥက္ကဌကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီဟာ အခြားသောအတိုက်အခံမဟာမိတ်ပါတီတွေနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းနေပြီး အောက်လွှတ်တော်ဥက္ကဌ ရွေးချယ်ခန့်အပ်နိုင်ခြင်းဟာ အစိုးရဖွဲ့နိုင်ရေး ခြေတလှမ်းနီးစပ်လာတာဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဌဟာ ဥပဒေပြုရေးနဲ့ မဲခွဲဆုံးဖြတ်မှုတွေမှာ အရေးပါအရာရောက်တဲ့ ရာထူးလည်းဖြစ်ပါတယ်။ ၀န်ကြီးချုပ်သစ်ရွေးချယ်ခန့်အပ်ရန်အတွက် အစည်းအဝေးကို ဇူလိုင်လလယ်မှာ ကျင်းပဖို့ မျှော်မှန်းထားပါတယ်။

ရှေ့သို့ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုနက်ကို ၀န်ကြီးချုပ်ရာထူးအတွက် ထောက်ခံရန် မဟာမိတ်ပါတီရှစ်ပါတီက သဘောတူထားပါတယ်။ ညွှန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်နေရာအများစု ရရှိထားပါတယ်။

သို့သော် ပီတာ၀န်ကြီးချုပ်ဖြစ်လာရန်မှာ အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုလိုအပ်နေသေးတယ်လို့ သိရပြီး အထက်လွှတ်တော်အမတ်တွေကိုတော့ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ရွေးချယ်ခန့်အပ်ထားတာဖြစ်ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW