ပေကျင်း၊ ဇူလိုင်-၁၀-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံအရှေ့ပိုင်း ကွမ်တုံပြည်နယ်ရှိ မူကြိုကျောင်းမှာ ဓါးနဲ့တိုက်ခိုက်မှုကြောင့် ကလေးငယ်သုံးဦးအပါအ၀င် လူခြောက်ဦးသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၁၀ ရက်မှာ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လီကျန်မြို့က မျိုးရိုးနာမည် ဝူအမည်ရှိ အသက် ၂၅ နှစ်အရွယ်အမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရပါတယ်။
သေဆုံးသူတွေထဲ ကျောင်းဆရာတဦးနဲ့ ကျောင်းသားမိဘနှစ်ဦးဖြစ်ကြောင်း ဒေသန္တရတာ၀န်ရှိသူတွေကို ကိုးကားပြီး အေအက်ဖ်ပီသတင်းဌာနက ဖော်ပြထားပါတယ်။
မူကြိုကျောင်းမှာ ဓါးနဲ့တိုက်ခိုက်မှုဟာ ဇူလိုင် ၁၀ ရက် ဒေသစံတော်ချိန်နံနက် ၇ နာရီ ၄၀ မိနစ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓါးနဲ့တိုက်ခိုက်သူဟာ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တရုတ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုရာဇ၀တ်မှုတွေမှာ ရှားရှားပါးပါးဖြစ်ပြီး မကြာသေးမီနှစ်တွေအတွင်း နိုင်ငံတွင်းရှိ စာသင်ကျောင်းတွေအပါအ၀င် အခြားနေရာတွေမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ တိုးမြှင့်လာခဲ့ပါတယ်။
Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း