နေတိုးအဖွဲ့ထဲ ဆွီဒင်၀င်ရောက်ဖို့ အဖွဲ့၀င်နိုင်ငံအားလုံး သဘောတူပြီ

၀ါရှင်တန်၊ ဇူလိုင်-၁၁-၂၀၂၃
မျိုးဆက်(VOM)

နေတိုးအဖွဲ့ထဲကို ဆွီဒင်နိုင်ငံ၀င်ရောက်ရေး ထောက်ခံဖို့ တူရကီသမ္မတ အာဒိုဂန်က သဘောတူလိုက်ကြောင်း နေတိုးအဖွဲ့အကြီးအကဲ ယန်းစတိုတန်ဘာ့ဂ်က ဇူလိုင် ၁၀ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

နေတိုးအကြီးအကဲ စတိုတန်ဘာ့ဂ်ဟာ လစ်သူယေးနီးယားနိုင်ငံမှာ တူရကီသမ္မတ ဆွီဒင်၀န်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ဇူလိုင် ၁၀ ရက်နှောင်းပိုင်းမှာ အဲဒီသဘောတူညီချက်ကို ကြေညာခဲ့တာဖြစ်ပါတယ်။

ဆွီဒင်၏ ကြိုးပမ်းမှုနဲ့ပတ်သက်၍ တူရကီပါလီမန်သို့ တင်ပြကာ အတည်ပြုသွားမည်ဖြစ်ကြောင်း တူရကီသမ္မတ အာဒိုဂန်က အတည်ပြုပြောပါတယ်။

ယင်းသို့သဘောတူလိုက်ခြင်းအပေါ် လွန်စွာ၀မ်းမြောက်ကြောင်း ဆွီဒင်၀န်ကြီးချုပ်က ပြောပါတယ်။

လက်ရှိမှာတော့ ဆွီဒင်နေတိုးအဖွဲ့၀င်နိုင်ဖြစ်လာရေးကို အဖွဲ့၀င်နိုင်ငံအားလုံးက ကန့်ကွက်တဲ့နိုင်ငံမရှိ သဘောတူပြီဖြစ်ပါတယ်။

ဆွီဒင်ဟာ ကာ့ဒ်စစ်သွေးကြွတွေကို ကျောထောက်နောက်ခံပြုတ်ာဆိုပည နေတိုးအဖွဲ့ကို ဆွီဒင်၀င်ရောက်ရေး လျှောက်ထားမှုကို တူရကီက လပေါင်းများစွာ ပိတ်ဆို့ထားခဲ့ပါတယ်။

နေတိုးအဖွဲ့ထဲကို အဖွဲ့၀င်နိုင်ငံသစ် ၀င်ရောက်ရေးမှာ အဖွဲ့၀င်နိုင်ငံအားလုံးရဲ့ သဘောတူထောက်ခံချက်လိုအပ်ပါတယ်။

တူရကီသမ္မတရဲ့ ကတိက၀တ်ကို ကြိုဆိုကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ပြန်ထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW