ဒါကာ၊ ဇူလိုင်-၁၀-၂၀၂၃
မျိုးဆက်(VOM)
ဘင်္ဂလားဒေ့ရ်ှနိုင်ငံ အရှေ့တောင်ဘက် ကော့ဘဇားကမ်းရိုးတန်းမှာ ဇူလိုင် ၁၀ ရက်မနက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့နဲ့ တိုက်ပွဲအတွင်း အာရခန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်(အာဆာ) အဖွဲ့ရဲ့ ထိပ်တန်းတပ်မှူးတဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရ်ှထိပ်တန်းတာ၀န်ရှိသူတဦးက အတည်ပြုပြောဆိုလိုက်ပါတယ်။
ရိုဟင်ဂျာ ညီညွှတ်ရေးအဖွဲ့ (အာအက်စ်အို)အဖွဲ့၀င်ငါးဦးသေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ အာဆာအဖွဲ့ဟာ ကော့ဘဇားဒုက္ခသည်စခန်း အမှတ် ၁၇ ကို လက်နက်ကိုင်အင်အား အယောက် ၁၀၀ နဲ့တိုက်ခိုက်ဖို့ ကြံစည်နေကြောင်း သတင်းရရှိခဲ့တယ်လို့ ရဲတပ်ရင် ၁၄ မှ တပ်မှူး Syed Haroon က အန်နာဒိုလူသတင်းဌာနကို ပြောပါတယ်။
ရဲတပ်ဖွဲ့ရောက်ရှိချိန်မှာတော့ အာဆာအဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး နှစ်နာရီကြာ တိုက်ပွဲအပြီးမှုာတော့ အာဆာအဖွဲ့ရဲ့ တပ်မှူး ဟူစိန်မက်ဂ်ျဟီ ဆိုသး သေဆုံးသွားတာကြောင့် ထွက်ပြေးသွားကြတယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် လက်နက်ခဲယမ်းတွေ၊ စကားပြောစက်တွေနဲ့ ငွေတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။
အာဆာအဖွဲ့နဲ့ အာအက်စ်အိုအဖွဲ့တို့အကြား သောကြာနေ့ကစတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းအနီးတဝိုက်မှာ တပ်လှန့်ထားပါတယ်။
လက်ရှိမှာတော့ လုံခြုံရေးအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှတာ၀န်ရှိသူတွေက ပြောပါတယ်။ အာဆာနဲ့ အာအက်စ်အိုအဖွဲ့တွေဟာ မြန်မာနိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှာ အခြေစိုက်ပြီး ဒုက္ခသည်စခန်းတွေမှာ သြဇာလွှမ်းမိုးနိုင်ရေး ပြိုင်ဆိုင်မှုတွေ ပြုလုပ်နေကြပါတယ်။
Ref: Anadolu
#voiceofmyanmar #VOM #ဒါကာ