တတိယမြောက် လကမ္ဘာလေ့လာရေးမစ်ရှင် အိန္ဒိယနိုင်ငံစေလွှတ်

ဒေလီ၊ ဇူလိုင်-၁၅-၂၀၂၃
မျိုးဆက်(VOM)

အိန္ဒိယအာကာသအေဂျင်စီဟာ လကမ္ဘာမစ်ရှင်မအောင်မြင်ခဲ့ပြီးနောက် လေးနှစ်အကြာမှာ လကမ္ဘာစူးစမ်းလေ့လာရေးအတွက် ချန်ဒရေယန်-၃ လကမ္ဘာမစ်ရှင်ကို ဇူလိုင် ၁၄ ရကမှာ အောင်မြင်စွာလွှတ်တင်နိုင်ခဲ့ပါတယ်။

ချန်ဒရေယန်-၃ လကမ္ဘာမစ်ရှင်ကို နိုင်ငံတောင်ပိုင်း အန်ဒရာပရာဒေ့ရ်ှပြည်နယ်ရှိ လွှတ်တင်ရေးစခန်းကနေ ဇူလိုင် ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်မှာ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအာကာသ အေဂျင်စီက ထုတ်ပြန်ပါတယ်။

လူလိုက်ပါခြင်းမရှိတဲ့ အဲဒီမစ်ရှင်ဟာ လကမ္ဘာပေါ်သို့မဆင်းသက်မီ ကမ္ဘာကိုလှည့်ပတ်မှာဖြစ်ပြီး သြဂုတ် ၂၃ ရက်၀န်းကျင်မှာတော့ လမျက်နှာပြင်ပေါ်ကို ဆင်းသက်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။

လကမ္ဘာပေါ်ကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့့မယ်ဆိုရင် အိန္ဒိယနိုင်ငံဟာ ယခင်ဆိုဗီယက်ပြည်ထောင်စု၊ အမေရိကန်နဲ့ တရုတ်တို့ပြီးရင် လကမ္ဘာပေါ်ကိုဆင်းသက်နိုင်တဲ့ စတုတ္ထမြောက်နိုင်ငံဖြစ်လာမှာပါ။

၂၀၁၉ ခုနှစ်မှာ လွှတ်တင်ခဲ့တဲ့ ချန်ဒရေယန်-၂ လကမ္ဘာမစ်ရှငဟာ လကမ္ဘာရဲ့ ပတ်လမ်းအတွင်း ၀င်ရောက်နိုင်ခဲ့ပေမယ့် နည်းပညာဆိုင်ရာချို့ယွင်းမှုကြောင့် လမျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့ပါတယ်။

Ref: NHK
Photo:AFP
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW