ဇူလိုင် ၁၅၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့မဈေးကြီးက ဇွဲထက်ရွှေဆိုင်မှာ ဒီမနက် ၇ နာရီကျော်ခန့်က မိုင်း ၁ လုံးပေါက်ကွဲပြီး ရွှေဆိုင်ဝန်ထမ်း အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဈေးခင်းနေသူတွေဆီက သိရပါတယ်။
“ထိသွားတာ အများကြီးပဲ။ အတိအကျ မသိရသေးဘူး။ သူတို့လည်း မသိဘူး။ ကျမညီမလည်း အဲ့ဒီဆိုင်မှာ လုပ်လို့ သူ့ကို သွားကြည့်တာ၊ ၁၀ ယောက်ကျော်လောက် အရေးပေါ်ကားနဲ့ တင်သွားတာ တွေ့တယ်၊မိုင်း တလုံး ပေါက်ကွဲ ပြီး ၁ လုံးက မပေါက်ကွဲ တာတွေ့တယ်၊ အဲ့ဒီဆိုင်က လူမုန်းများတယ်။ သူတို့ကို မကြည်တဲ့သူတွေ လုပ်တာနေမှာ။ ပိုင်ရှင်ကို လုပ်ချင်တာ အခုက အလကားနေရင်း မဆိုင်တဲ့ ဝန်ထန်းတွေ ထိသွားတယ်”လို့ လားရှိုးဈေးမှ ဈေးသည် ၁ ယောက်က ပြောပါတယ်။
မနက်အစောပိုင်း ဖြစ်တာကြောင့် လူသိပ်မရှိသေးဘဲ ဆိုင်တွေ စဖွင့်ချိန်မှာဖြစ်ပွားခဲ့တယ်လို့ ဈေးရောင်း အမျိုးသမီး တဦးက ပြောပါတယ်။
“သွေးတွေမှ အများကြီးပဲ။ အိုင်နေတယ်။ မပေါက်သေးတဲ့ မိုင်းလည်း ခုဏက ဖြုတ်သွားပြီ” လို့ သူက ပြောပါတယ်။
အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ဘာကြောင့်ပြုလုပ်တယ်ဆိုတာကို VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
လားရှိုးမှာတော့ မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာတွေရှိပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။
Photo Crd -Original Uploader
#voiceofmyanmar #VOM #လားရှိုး #ဇွဲထက်ရွှေဆိုင်ပေါက်ကွဲမှု