တရုတ်မှာ ကျောင်းအားကစားရုံ ခေါင်မိုးပြိုကျမှုကြောင့် လူ (၁၁) ယောက်သေဆုံး

ပေကျင်း၊ ဇူလိုင်-၂၄-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအာကစားရုံခေါင်မိုးပြိုကျပြီး လူ ၁၁ ယောက် ထက်မနည်းသေဆုံးသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇူလိုင် ၂၄ ရက်တွင်ဖော်ပြထားပါတယ်။

သေဆုံးသူအများစုမှာ ကလေးငယ်တွေဖြစ်ကြောင်း မျက်မြင်သက်သေတွေက သတင်းဌာနတွေကို ပြောကြားထားပေမယ့် တရား၀င်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

အဲဒီမတော်တဆမှုဟာ အမျိုးသမီး ဘောလီဘောအသင်း လေ့ကျင့်နေစဉ်မှာ ဖြစ်ပွာခဲ့ခြင်းဖြစ်ပါတယ်။

အဆောက်အဦခေါင်မိုးပြိုကျစဉ် လူ ၁၉ ဦးပိတ်မိနေခဲ့ပြီး လေးဦးလွတ်မြောက်ခဲ့ပါတယ်။

အဲဒီနောက် အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကျန်လူ ၁၅ ဦးအနက် လေးဦးသာ အသက်ရှင်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါမတော်တဆမှုကြောင့် ဟိုင်လောင်ကျန် ပြည်နယ် ကာကာဟာမြို့ရှိ အားကစားရုံတာ၀န်ခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာ၀န်ရှိသူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေအကောင်အထည်ဖော်မှုအားနည်းခြင်းနဲ့ စည်းကမ်းလိုက်နာမှု နည်းပါးခြင်းတို့ကြောင့် ဆောက်လုပ်ရေးဆိုင်ရာ မတော်တဆမှုများ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW