ဖနွမ်းပင်၊ ဇူလိုင်-၂၄-၂၀၂၃
မျိုးဆက်(VOM)
ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ဦးဆောင်တဲ့ အာဏာရပါတီဟာ ဇူလိုင် ၂၃ ရက်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိကြောင်း ကမ္ဘောဒီးယားအစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဟာ မဲရလဒ်တွေကို ထုတ်ဖော်ကြေညာခြင်းမရှိသေးပေမယ့် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အမျိုးသားလွှတ်တော် အမတ်နေရာ ၁၂၅ နေရာမှာ ၁၂၀ ထိရရှိထားတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။
ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူ ဟွန်မန်နက်ဟာ သူ့ရဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အမတ်အဖြစ်ရွေးချယ်ခံရဖို့ သေချာသလောက်ရှိနေပြီး လာမယ့်နိုင်ငံခေါင်းဆောင်အဖြစ် ဆက်ခံဖုိ့ထောက်ခံကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ဟွန်ဆန်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။
ရွေးကောက်ပွဲတွင် အတိုက်အခံများမပါ၀င်ခဲ့ဘဲ ပါတီငယ်အများအစုအပါအ၀င် ၁၈ ပါတီမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ခဲ့ပါတယ်။
အဓိကအတိုက်အခံဖြစ်တဲ့ အလင်းတိုင်ပါတီကိုတော့ စာရွက်စာတမ်းတွေမပြည့်စုံဘူးဆိုကာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အလင်းတိုင်ပါတီဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင် တရားရုံးအမိန့်နဲ့ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီရဲ့ လက်ကျန်အဖွဲ့၀င်တွေနဲ့ တည်ထောင်ထားတဲ့ပါတီဖြစ်ပါတယ်။
လက်ရှိရွေးကောက်ပွဲရလဒ်နဲ့ နိုင်ငံကိုနှစ်ပေါင်း ၄၀ အုပ်ချုပ်ခဲ့တဲ့ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ လုပ်ဆောင်ချက်တွေအပေါ် အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
Ref: NHK
#voiceofmyanmar #VOM #ဖနွမ်းပင်