စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးစားစစ်ရေးလေ့ကျင့်မှု ထိုင်၀မ်စစ်တပ် ဖျက်သိမ်း

တိုင်ပေ ၊ ဇူလိုင်-၂၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်၀မ်းကျွန်းကို လေးနှစ်အတွင်း အပြင်းထန်ဆုံးသော စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးစားစစ်ရေးလေ့ကျင့်မှု အစီအစဉ်တွေကို ထိုင်၀မ်စစ်တပ်က ဖျက်သိမ်းလိုက်ပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း ဒေါ့ခ်ဆူရီဟာ လေတိုက်နှုန်း တနာရီကို ၁၄၉ မိုင်နှုန်းထိ အင်အားကောင်းလာပြီး ထိုင်၀မ်နဲ့ ဖိလစ်ပိုင်ကို ပိုင်းခြားထားတဲ့ရေပြင်ကို ဦးတည်နေပါတယ်။ ဇူလိုင် ၂၄ ရက်က စတင်ပြုလုပ်ခဲ့တဲ့ နှစ်စဉ်ပြုလုပ်မြဲ ဟန်ကောင်စစ်ရေးလေ့ကျင့်မှုဟာ တရုတ်နိုင်ငံက တိုက်ခိုက်လာမယ်ဆိုရင် ထိုင်၀မ်စစ်တပ်အဆင့်သင့်အနေအထားရှိမှုကို အကဲဖြတ်လေ့ကျင့်မှုဖြစ်ပါတယ်။ နောက်ထပ် (၅)ရက်ကြာမြင့်မယ့် စစ်ရေးလေ့ကျင့်ကို ကျန်နေ့တွေမှာ ဆက်လက်လုပ်ဆောင်ခြင်းပြုမပြု ရှင်းလင်းစွာမသိရသေးပါဘူး။ ယခုနှစ်အတွင်း ပစိဖိတ်အနောက်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်းတွေအဖြစ်များပေမယ့် ၂၀၁၉ ခုနှစ်ကစပြီး ထိုင်၀မ်ကျွန်းကို ၀င်ရောက်မှုမရှိခဲ့ပါဘူး။ ဇူလိုင် ၂၆ ရက်နဲ့ ၂၇ ရက်တွေမှာ စူပါတိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်နိုင်တယ်လို့ ထိုင်၀မ်အာဏာပိုင်တွေက ခန့်မှန်းထားပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာလည်း တိုင်ဖွန်းမုန်တိုင်း ချဉ်းကပ်လာချိန်မှာ မြောက်ပိုင်း ကာဂါယန်ပြည်နယ်မှာ…

Read More

အစ္စရေး တရားစီရင်ရေးစနစ်ပြောင်းလဲတဲ့ ဥပဒေကြောင့် ဆန္ဒပြမှုတွေ ပိုမိုပြင်းထန်လာ

ဂျေရုဆလင်၊ ဇူလိုင်-၂၅-၂၀၂၃ မျိုးဆက်(VOM) အစ္စရေးနိုင်ငံမှာ တရားရုံးချုပ်ရဲ့ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်ဖို့ အငြင်းပွားဖွယ်ဥပဒေတရပ်ကို ပါလီမန်က အတည်ပြုလိုက်ပြီးနောက် ဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့တို့အကြား ဇူလိုင် ၂၄ ရက်ညမှာ အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီလိုဥပဒေပြင်ဆင်ပြောင်းလဲမှုတွေကြောင့် ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ ယူဆရတဲ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် တရားရုံးချုပ်က ၀င်ရောက်စွက်ဖက်မှုကို အစ္စရေးအစိုးရက တားဆီးနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုပြုပြင်ပြောင်းလဲမှုဟာ အစ္စရေးဒီမိုကရေစီကို ခြိမ်းခြောက်နေတယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။ ဇူလိုင် ၂၄ ရက် ညပိုင်းမှာ ဂျေရုဆလင်နဲ့ တဲလ်အဗစ်တို့မှာ ရဲတွေက အဝေးပြေးလမ်းတွေကို ပိတ်ဆို့ထားကာ ဆန္ဒပြသူတွေကို လူစုခွဲဖို့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ကြပါတယ်။ တရားစီရင်ရေးစနစ်ပြုပြင်ပြောင်းလဲဖို့ စီစဉ်နေခြင်းနဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ လပေါင်းများစွာကတည်းက လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၄ ရက်မှာ ပါလီမန်ကအတည်ပြုမှုဟာ ၀န်ကြီးချုပ် နေတန်ယာဟုအတွက် အရေးပါတဲ့ အောင်မြင်မှုတရပ်ဖြစ်ပါတယ်။ နိုင်ငံရေးလေ့လာစောင့်ကြည့်အဖွဲ့တဖွဲ့နဲ့ အစ္စရေးအတိုက်အခံခေါင်းဆောင် ယာလာပစ်တို့က တရားစီရင်ရေးစနစ်…

Read More

မန္တလေးမြို့က ဆေးဆိုင်တဆိုင် သိန်း ၈၀၀ နီးပါး ဓားပြတိုက်ခံရ

ဇူလိုင် ၂၅-၂၀၂၃ Voice Of Myanmar(VOM)   မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း ၂၄နဲ့၂၅လမ်းကြားက ဂျီဝမ်း ဆေးဆိုင်မှာ မနေ့ ဇူလိုင် ၂၄ရက် ည၈နာရီခွဲခန့်က သိန်း ၈၀၀ နီးပါး ဓားပြတိုက်ခံရတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ ရဲအသိုင်းအဝိုင်းကနေ သိရပါတယ်။   ရဲနဲ့နီးစပ်သူကို ဆက်သွယ်ရာမှာတော့” ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်၊ ဆေးဆိုင် ဓားပြတိုက်ခံရတယ်၊ လာတိုက်တဲ့အချိန် အမျိုးသား ၅ယောက်ပါတယ် သေနတ်ပါတယ်လို့လည်း သိရတယ်၊ ဆိုင်သိမ်းနေချိန် ဝင်တိုက်တော့ ဆေးရောင်းရငွေ သိန်း ၃၀၀နဲ့ ရွှေထည်ပစ္စည်းရော သိန်း၅၀၀ ခန့် ပါသွားတယ်”လို့ ပြောပါတယ်။   အဲ့ဒီဆေးဆိုင်ကို မနေ့ ညပိုင်းက အမည်မသိ လူ (၅)ဦး အိမ်စီးမော်တော်ကားနဲ့ သေနတ် အတို၊အရှည်(စိစစ်ဆဲ)ကိုင်ဆောင် ရောက်လာပြီး “စစ်ဆေးစရာရှိလို့ လာတာ၊မလှုပ်နဲ့ ပစ်မှာ”စတဲ့ ခြိမ်းခြောက်စကားတွေ…

Read More

အတိုက်အခံတွေမပါတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ အာဏာရပါတီသာ အနိုင်ရ

ဖနွမ်းပင်၊ ဇူလိုင်-၂၄-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ဦးဆောင်တဲ့ အာဏာရပါတီဟာ ဇူလိုင် ၂၃ ရက်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိကြောင်း ကမ္ဘောဒီးယားအစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ မဲရလဒ်တွေကို ထုတ်ဖော်ကြေညာခြင်းမရှိသေးပေမယ့် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အမျိုးသားလွှတ်တော် အမတ်နေရာ ၁၂၅ နေရာမှာ ၁၂၀ ထိရရှိထားတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။ ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူ ဟွန်မန်နက်ဟာ သူ့ရဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အမတ်အဖြစ်ရွေးချယ်ခံရဖို့ သေချာသလောက်ရှိနေပြီး လာမယ့်နိုင်ငံခေါင်းဆောင်အဖြစ် ဆက်ခံဖုိ့ထောက်ခံကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ဟွန်ဆန်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲတွင် အတိုက်အခံများမပါ၀င်ခဲ့ဘဲ ပါတီငယ်အများအစုအပါအ၀င် ၁၈ ပါတီမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ခဲ့ပါတယ်။ အဓိကအတိုက်အခံဖြစ်တဲ့ အလင်းတိုင်ပါတီကိုတော့ စာရွက်စာတမ်းတွေမပြည့်စုံဘူးဆိုကာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အလင်းတိုင်ပါတီဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင် တရားရုံးအမိန့်နဲ့ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီရဲ့ လက်ကျန်အဖွဲ့၀င်တွေနဲ့…

Read More

တရုတ်မှာ ကျောင်းအားကစားရုံ ခေါင်မိုးပြိုကျမှုကြောင့် လူ (၁၁) ယောက်သေဆုံး

ပေကျင်း၊ ဇူလိုင်-၂၄-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအာကစားရုံခေါင်မိုးပြိုကျပြီး လူ ၁၁ ယောက် ထက်မနည်းသေဆုံးသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇူလိုင် ၂၄ ရက်တွင်ဖော်ပြထားပါတယ်။ သေဆုံးသူအများစုမှာ ကလေးငယ်တွေဖြစ်ကြောင်း မျက်မြင်သက်သေတွေက သတင်းဌာနတွေကို ပြောကြားထားပေမယ့် တရား၀င်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲဒီမတော်တဆမှုဟာ အမျိုးသမီး ဘောလီဘောအသင်း လေ့ကျင့်နေစဉ်မှာ ဖြစ်ပွာခဲ့ခြင်းဖြစ်ပါတယ်။ အဆောက်အဦခေါင်မိုးပြိုကျစဉ် လူ ၁၉ ဦးပိတ်မိနေခဲ့ပြီး လေးဦးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကျန်လူ ၁၅ ဦးအနက် လေးဦးသာ အသက်ရှင်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါမတော်တဆမှုကြောင့် ဟိုင်လောင်ကျန် ပြည်နယ် ကာကာဟာမြို့ရှိ အားကစားရုံတာ၀န်ခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာ၀န်ရှိသူတွေက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေအကောင်အထည်ဖော်မှုအားနည်းခြင်းနဲ့ စည်းကမ်းလိုက်နာမှု နည်းပါးခြင်းတို့ကြောင့် ဆောက်လုပ်ရေးဆိုင်ရာ မတော်တဆမှုများ မကြာခဏဆိုသလို…

Read More

ဗြိတိသျှ တော်လှန်ရေးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် သခင်ကြီး (ခ)ဦးစံမြင့် ကွယ်လွန်

ဇူလိုင် ၂၄ – ၂၀၂၃ GG(VOM) မြန်မာရုပ်ရှင်လောကရဲ ဗြိတိသျှတော်လှန်ဇာတ်ကားတွေမှာ သခင်ကြီး (ခေါ်)မောင်မင်းလူကလေးအဖြစ် လူသိများတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဦးစံမြင့်ဟာ ဒီနေ့ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” ဒီနေ့ ၁၂နာရီ ၂၀ မှာ ပဲခူးက နေအိမ်မှာပဲ ကွယ်လွန်သွားတာပါ။လူကြီးရောဂါနဲ့လို့ သိရပါတယ်၊ တကယ့်သရုပ်ဆောင်ကောင်းတစ်ယောက် ဆုံးရှုံးရတာပဲ ၊ကျနော်တို့ ထပ်တူဝမ်းနည်းရပါတယ်၊သူက အရင်ကတည်းကလည်း ကျန်းမာရေးက သိပ်မကောင်းဘူး “လို့ မိသားစုနဲ့ရင်းနှီးတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးကပြောပါတယ်။ ဦးစံမြင့်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဟာ မြန်မာ့ရုပ်ရှင် အဖြူအမဲရုပ်ရှင်ရိုက်ကွင်းခေတ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အနုပညာလုပ်သက်အနေနဲ့ နှစ်ပေါင်း ၄၀ အနည်းဆုံးရှိတယ်လို့ သိရပါတယ်။ အနုပညာလောက သက်တမ်းတလျှောက် အင်္ဂလိပ်-မြန်မာ ဖက်စပ်တော်လှန်ရေးဇာတ်ဝင်ခန်းဇာတ်ကားတွေမှာ အင်္ဂလိပ်အရာရှိမင်းအဖြစ် အဓိကသရုပ်ဆောင်ခဲ့ပြီး လူသိများထင်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်ဟာ ဦးစံမြင့်ဟာ လက်ရှိ ကွယ်လွန်ချိန်မှာတော့…

Read More

နမ့်ခမ်းနဲ့ မူဆယ်ကြားမှာ တပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ် ၂ ဦးသေဆုံး

ဇူလိုင် ၂၃၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – နမ့်ခမ်းကြား ဇယ်လန့်ရွာအနီးမှာ တပ်နဲ့ TNLA နဲ့ တို့ မနေ့ ဇူလိုင်၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်ခန့်ကစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆင်ကျော့ပြည်သူ့စစ် ၂ဦး ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တပ် နဲ့ ပြည်သူ့စစ်ရောပြီး ကား ၅ စီး ဖြတ်လာတာ ကြိုအကြောင်းမကြားလို့ TNLA တွေ ပစ်တာ။ ကားတစီးတော့ ပျက်သွားတယ်၊ပြည်သူ့စစ်ဘက်က ၃ ဦးထိတဲ့အထဲမှာ ၂ ဦးသေဆုံးသွားတယ်၊ ထိခိုက်ကျဆုံးမှု ရှိလာတာ‌ကြောင့် မူဆယ်ဘက်က မြို့မ ၃ ပြည်သူ့စစ်အဖွဲ့ စစ်ကူအလာ လမ်းမှာ TNLA အဖွဲ့က ကြားဖြတ် စောင့်ကြို တိုက်ခိုက်ခဲ့တယ်”လို့ ဒေသခံ ၁ ဦးက…

Read More

အရက်သောက်ပြီး ကားမောင်းလို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ နယူးဇီလန်တရားရေး၀န်ကြီး ရာထူးကနေ ချက်ချင်းနှုတ်ထွက်

၀ယ်လင်တန်၊ ဇူလိုင်-၂၄-၂၀၂၃ မျိုးဆက်(VOM) နယူးဇီလန်တရားရေး၀န်ကြီးသည် ယာဉ်တိုက်မှုဖြစ်ပွားမှုတွင် အရက်သောက်သုံးထားခြင်းရှိမရှိ စစ်ဆေးမှုတွင် အရက်သောက်ထားကြောင်း တွေ့ရှိခဲ့ပြီးနောက် ရာထူးကနေ ချက်ချင်း နှုတ်ထွက်သွားပါတယ်။ အသက် ၃၉ နှစ်အရွယ် တရားရေး၀န်ကြီး ကီရီအလန်ဟာ ယာဉ်ကို ပေါ့လျော့စွာမောင်းနှင်မှု ၊ ဖမ်းဆီးမှုကို ခုခံမှုတို့နဲ့ တရားရုံးမှာ စွဲချက်တင်ခံထားရပါတယ်။ ဒေသစံတော်ချိန် ဇူလိုင် ၂၃ ရက်က ၀ယ်လင်တန်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုမှယ ထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။ ယာဉ်တိုက်မှုကြောင့် အဖမ်းခံရပြီးနောက် ၀န်ကြီးကိုပြန်မလွှတ်မီ ရဲစခန်းမှာ လေးနာရီကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူဟာ ၀န်ကြီးချုပ် ခရစ်ဟစ်ကင်စ်ရဲ့ နယူးဇီလန်အစိုးရအဖွဲ့မှာ အောက်တိုဘာလရွေးကောက်ပွဲမကျင်းပပီ မတ်လနောက်ပိုင်း နှုတ်ထွက်သွားတဲ့ စတုတ္ထမြောက် ၀န်ကြီးဖြစ်ပါတယ်။ တရားရေး၀န်ကြီး ကီရီအလန်ဟာ ရာထူးမှနှုတ်ထွက်သွားခဲ့တဲ့ ၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ရဲ့ နေရာမှာ ဆက်ခံနိုင်သူအဖြစ် ထင်ကြေးပေး ခံခဲ့ရသူတဦးလည်းဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

လက်ရှိ ရွှေ၊ ဒေါ်လာ ၊ငွေလဲလုပ်ငန်း အခြေအနေ

ဇူလိုင်၂၄ -၂၀၂၃ GG (VOM) ပိုက်ဆံ ၂၀၀၀၀ တန် အသစ်ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် မနေ့ ဇူလိုင် ၂၃ရက် တစ်ရက်တာမှာ ရွှေ၊ ဒေါ်လာ အပါအဝင် ငွေလွှဲလုပ်ငန်း အရောင်းအဝယ် စျေးကွက်ဟာ အရောင်းအဝယ် ရပ်လိုက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ ဒီနေ့ ဇူလိုင် ၂၄ ရက်မှာတော့ အရောင်းအဝယ် စျေးကွက်ပြန်ဖွင့်ကာ လုပ်ဆောင်နေ​ကြတယ်လို့ လည်း သိရပါတယ်။ ပြည်တွင်းရွှေစျေးက အခေါက်ရွှေကို တစ်ကျပ်သား ၃၃ သိန်း ကနေ ၃၄ သိန်းအထိ စျေးကွက် ဖြစ်နေပြီး ၁၅ ပဲရည်ရွှေစျေးက သိန်း ၃၀ ကနေ ၃၂ သိန်းလောက်အထိ စျေးကွက် ဖွင့်ထားကြတယ်လို့ သိရပါတယ်။ ဒေါ်လာစျေးကတော့ တစ်ဒေါ်လာကို ၃၃၀၀ ကျပ်ကနေ ၃၆၀၀ အထက်အထိ…

Read More

လူမှုကွန်ယက်မှာ ပျံ့နေတဲ့ ဗေဒင်နဲ့ အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် အမိန့်စာဟာ မဟုတ်မှန်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်။

လူမှုကွန်ယက်မှာ ပျံ့နေတဲ့ ဗေဒင်နဲ့ အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် အမိန့်စာဟာ မဟုတ်မှန်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်။ #voiceofmyanmar #VOM

Read More
VOM News

FREE
VIEW