ဇူလိုင် ၂၃၊ ၂၀၂၃
Shy V(VOM)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – နမ့်ခမ်းကြား ဇယ်လန့်ရွာအနီးမှာ တပ်နဲ့ TNLA နဲ့ တို့ မနေ့ ဇူလိုင်၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်ခန့်ကစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆင်ကျော့ပြည်သူ့စစ် ၂ဦး ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“တပ် နဲ့ ပြည်သူ့စစ်ရောပြီး ကား ၅ စီး ဖြတ်လာတာ ကြိုအကြောင်းမကြားလို့ TNLA တွေ ပစ်တာ။ ကားတစီးတော့ ပျက်သွားတယ်၊ပြည်သူ့စစ်ဘက်က ၃ ဦးထိတဲ့အထဲမှာ ၂ ဦးသေဆုံးသွားတယ်၊ ထိခိုက်ကျဆုံးမှု ရှိလာတာကြောင့် မူဆယ်ဘက်က မြို့မ ၃ ပြည်သူ့စစ်အဖွဲ့ စစ်ကူအလာ လမ်းမှာ TNLA အဖွဲ့က ကြားဖြတ် စောင့်ကြို တိုက်ခိုက်ခဲ့တယ်”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။
နောက်ထပ် ဒေသခံ အမျိုးသား ၁ ဦးကလည်း “အပြန်အလှန် ပစ်ခတ်တာမှာ တိုက်ပွဲပြင်းထန်လာပြီး လက်နက်ကြီး ပစ်လိုက်တာမှာ ကောင်ရာရွာရှိ အိမ်ခြံအတွင်းမှာ ၂ လုံး ကျကွဲတယ်၊တောင်ခြေကနေ ပစ်လိုက်တာ။ ရွာထဲမှာ ၂ လုံး လာကျတယ်။ ရွာမှာ ကျတဲ့ဟာက ခြံထဲ ကျတာ။ လူတော့ ထိတာ မရှိဘူး။ ဆိုင်းခေါင်ရွာနား ကားတွေ ပိတ်မိနေတာ။”လို့ ပြောပါတယ်။
ဇယ်လန့်ရွာက လူတွေ အကုန်ထွက်ပြေးရပြီး မန်ကန်ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတယ်လို့ ဒေသခံ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
ဒါ့အပြင် မူဆယ်မြို့၊ မန့်ဝိန်း ၁ လမ်းရှိ နေအိမ် ၁ အိမ်မှာလည်း ညနေ ၅ နာရီကျော် ဝန်းကျင်ခန့်က အမည်မသိအဖွဲ့ လက်နက်ငယ်နဲ့ လာရောက်ပစ်ခတ်သွားပြီး ကား ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။
မူဆယ်၊ နမ့်ခမ်း မြို့နယ်တွေမှာလည်း တပ်၊ ပြည်သူ့စစ် နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိတယ်လို့ သိရပါတယ်။
Photo Crd – CJ
#voiceofmyanmar #VOM #မူဆယ်