နမ်ဆန်ယန်ရွာနဲ့ ခါ့ယာတောင်ရွာဘက်မှာ ဗုံးကျဲခံရတယ်လို့ သိရ

ဇူလိုင် ၂၂-၂၀၂၂ Shy V(VOM) KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးက နမ်ဆန်ယန်ရွာနဲ့ ခါ့ယာတောင်ကြောဘက်မှာ မနေ့ ဇူလိုင်၂၁ ရက် ည ၁၀ နာရီခွဲ ဝန်းကျင်မှာ ဗုံးကျဲ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “နမ်ဆန်ယန်မှာက အုပ်ချုပ်ရေးရုံးမှာ လာကျတာ။ ရွာထဲမှာ မရှောင်ချင်လို့ လာနေနေတဲ့ ပြည်သူတွေ ရှိတယ်၊ လက်နက်ကြီး ကျသံကြောင့် ဖရိုဖရဲ ထွက်ပြေးကြရတယ်လို့သိရပေမယ့် ဘယ်ဘက်တွေကို ထွက်ပြေးကြမှန်းတော့ မသိဘူး၊လူတော့ ဘာမှ မဖြစ်ဘူး။ နွားတွေသေသွားတယ်။ ကျေးရွာအုပ်ချုပ်ရေးရုံး ပျက်စီးသွားတယ်။”လို့ ‌ဒသခံ တဦးက ပြောပါတယ်။ ခါ့ယာတောင်ကြောဘက်မှာလည်း ဗုံးလာကျဲတာ ရှိခဲ့တယ်လို့ အနီးနားရှိ ဒေသခံတဦးက ပြောပါတယ်။ “တညလုံး လက်နက်ကြီးသံ ကြားတယ်။ အိပ်လို့တောင်မရဘူး။ ခါ့ယာဘက်။ ဂျက် ဖိုက်တာ။ …. လေး၊ ငါးကြိမ် အသံကြားတယ်”လို့…

Read More

VOM ရဲ့ တပတ်အတွင်း စီးပွားရေး သတင်းမြင်ကွင်း –

ရုရှားကြောင့် ကမ္ဘာ့ဂျုံစျေးနှုန်း သိသိသာသာ မြင့်တက်မှု ကမ္ဘာတ၀န်း ကြုံတွေ့ရနိုင် – ကမ္ဘာ့စီးပွားရေး အလားအလာ အလွန်မရေမရာဖြစ်နေကြောင်း သတိပေး – ဆန်စျေး ထိန်းချုပ်ဖို့ ပြည်ပကို ဆန်တင်ပို့မှု အိန္ဒိယအစိုးရ ပိတ်ပင် -စင်ကာပူမှာ အိမ်ခြံမြေ၀ယ်ချင်တဲ့ နိုင်ငံခြားသားတွေ ခွင့်ပြုချက်ယူရတော့မယ် – စက်မှုဇုန် ထုတ်ကုန်များအပေါ် ကုန်သွယ်ခွန် လျှော့ကောက်ပေးဖို့ ညှိနှိုင်းနေ MSN(VOM) ၂၁-၇-၂၀၂၃ (၁) ရုရှားကြောင့် ကမ္ဘာ့ဂျုံစျေးနှုန်း သိသိသာသာ မြင့်တက်မှု ကမ္ဘာတ၀န်း ကြုံတွေ့ရနိုင် ယူကရိန်းဆိပ်ကမ်းတွေကို ဦးတည်လာတဲ့ သင်္ဘောတွေကို အလားအလာရှိတဲ့ စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်မယ်လို့ ရုရှားက ကြေညာလိုက်ပြီးနောက် ကမ္ဘာ့စျေးကွက်မှာ ဂျုံစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာပါတယ်။ ပင်လယ်နက်ကို ဖြတ်ပြီး ယူကရိန်းကနေ ကောက်ပဲသီးနှံတင်ပို့မှုအတွက် ကုလသမဂ္ဂက ကမကထပြုထားတဲ့ သဘောတူညီချက်ကနေ ရုရှားနှုတ်ထွက်ပြီးနောက် ဂျုံစျေးနှုန်းတွေ သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။…

Read More

အမေရိကန်ကြောင့် နျူကလီးယားလက်နက် ထုတ်သုံးနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး

ပြုံးယမ်း၊ ဇူလိုင်-၂၁-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားမှာ အမေရိကန်လေယာဉ်တင်သင်္ဘောတွေ ဗုံးကြဲလေယာဉ်တွေနဲ့ ရေငုပ်သင်္ဘောများ ဖြန့်ကြက်မှုတွေဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေ ထုတ်သုံးလာနိုင်တဲ့ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း မြောက်ကိုရီးယားက ဇူလိုင် ၂၀ ရက်မှာ သတိပေးလိုက်ပါတယ်။ နျူကလီးယားလက်နက်တွေ တပ်ဆင်ထားတဲ့ အမေရိကန်ရေငုပ်သင်္ဘော ယူအက်စ်အက်စ်ကန်တပ်ကီဟာ နှစ်ပေါင်း ၄၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၈ ရက်မှာ တောင်ကိုရီးယားကို ရောက်ရှိပြီးနောက် နျူကလီးယားလက်နက်အသုံးပြုနိုင်ခြေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားက သတိပေးလိုက်တာဖြစ်ပါတယ်။ မြောက်ကိုရီးယားအပေါ် နျူကလီးယားတိုက်ခိုက်မှုအတွက် အမေရိကန်ရဲ့ လုပ်ဆောင်မှုအခြေအနေတွေဟာ အရေးကြီးအဆင့်ကို ရောက်ရှိနေကြောင်း မြောက်ကိုရီးယားကာကွယ်ရေး၀န်ကြီး ကန်ဆန်နမ်ကို ကိုးကားပြီး နိုင်ငံပိုင် ကေစီအင်န်အေသတင်းဌာနက ဖော်ပြထားပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုအဆင့်ဟာ အန္တရာယ်ရှိတဲ့ အဆင့်သကို ရောက်ရှိနေကြောင်း မြောက်ကိုရီးယားကာကွယ်ရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။ ဒေသတွင်းမှာ အမေရိကန်ရဲ့ တပ်ဖြန့်မှုနဲ့ မဟာဗျူဟာမြောက်လက်နက်ပိုင်ဆိုင်မှုတွေဟာ မြောက်ကိုရီးယားရဲ့…

Read More

ဒေါပုံ ဗကသဥက္ကဋ္ဌဟောင်း ထောင် ၅ နှစ် ထပ်ချခံရ၊ စုစုပေါင်း ထောင်ဒဏ် အနှစ်၂၀ အထိ ရှိလာ

ဇူလိုင် ၂၁ – ၂၀၂၃ SN (VOM) ဒေါပုံမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ရဲ့ဥက္ကဋ္ဌဟောင်းဖြစ်သူ ကိုဉာဏ်ဝင်းထက်ကို မနေ့ ဇူလိုင် ၂၀ ရက်နေ့မှာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ(၃) နဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံ ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် အနှစ်၂၀ အထိ ရှိလာပြီဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကနေ သိရပါတယ်။ “ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက မနေ့က အမိန့်ထပ်ချလိုက်တာပါ။ နောက်ထပ်ရင်ဆိုင်ရမယ့် အမှုတော့ မရှိတော့ပါဘူး။ သူက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရပြီးပြီ။ အခု ထောင်ဒဏ်နဲ့ဆို စုစုပေါင်း နှစ် ၂၀ ပေါ့။ လက်ရှိကတော့ အင်းစိန်အကျဉ်းထောင်မှာပါ။ ကျန်းမာရေးကောင်းပါတယ်။ မိသားစုဝင်တွေနဲ့လည်း ထောင်ဝင်စာကနေတဆင့် အဆက်အသွယ်ရတယ်”လို့ ရှေ့နေအသိုင်းအဝိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ (ဒုတိယနှစ်)ကျောင်းသားတစ်ဦးဖြစ်သလို…

Read More

ထိုင်း၀န်ကြီးချုပ်သစ်အဖြစ် ပွေထိုင်းပါတီက ကိုယ်စားလှယ်လောင်းကို အမည်စာရင်းတင်သွင်းရန် စီစဉ်

ဘန်ကောက်၊ ဇူလိုင်-၂၁-၂၀၂၃ မျိုးဆက်(VOM) ထိုင်းရွေးကောက်ပွဲမှာ အများဆုံးနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီဟာ ပါတီခေါင်ဆောင်ပီတာကို ၀န်ကြီးချုပ်တင်မြှောက်နိုင်ရေးအတွက် ပါလီမန်မှာ ထောက်ခံမှု အလုံအလောက်မရရှိခဲ့တာကြောင့် မဟာမိတ် ပွေထိုင်းပါတီကို ၀န်ကြီးချုပ်ခန့်အပ်နိုင်ရေးနဲ့ အစိုးရသစ်အတွက် ဦးဆောင်ခွင့်ပေးမှာဖြစ်ကြောင်း ပါတီထိပ်တန်းတာ၀န်ရှိသူတဦးက ဇူလိုင် ၂၁ ရက်မှာ အတည်ပြုပြောဆိုလိုက်ပါတယ်။ လာမယ့် ၂၇ ရက်မှာ ပြုလုပ်မယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်ရေး ပါလီမန်မဲခွဲမှုမှာ ပွေထိုင်းပါတီက တင်သွင်းတဲ့ ဘယ်ကိုယ်စားလှယ်လောင်းကိုမဆို ၀န်ကြီးချုပ်အဖြစ် ထောက်ခံမဲပေးသွားမယ်လို့ ရှေ့သို့ပါတီအတွင်းရေးမှူး ချိုင်သာ၀ပ်တူလာသွန်က ပြောပါတယ်။ ရှစ်ပါတီမဟာမိတ်အဖွဲ့ဟာ ရှေ့သို့ပါတီခေါင်းဆောင် အသက် ၄၂ နှစ်အရွယ် ပီတာကို ၀န်ကြီးချုပ်လောင်းအဖြစ် ထောက်ခံခဲ့ပေမယ့်လည်း ပါလီမန်မဲခွဲဆုံးဖြတ်မှု နှစ်ကြိမ်စလုံး ရှုံးနိမ့်ခဲ့ပါတယ်။ ရှေ့သို့ပါတီနဲ့ ပွေထိုင်းပါတီတို့ဟာ အမတ် ၅၀၀ ရှိတဲ့ အောက်လွှတ်မှာ နေရာအများစုအနိုင်ရရှိထားပေမယ့် ၀န်ကြီးချုပ်သစ်ခန့်အပ်နိုင်ရေးမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမှုလိုအပ်နေပါတယ်။ ရှေ့သို့ပါတီဟာ မေလအတွင်းကျင်းပတဲ့ ရွေးကောက်ပွဲမှာ…

Read More

ခေါ်ယူစစ်ဆေးခံနေရတဲ့ ရွှေလုပ်ငန်းရှင် အယောက် ၅၀ ကျော် ရှိလာပြီလို့ သိရ

ဇူလိုင် ၂၁ – ၂၀၂၃ SN (VOM) နေ့ဘက်မှာ အိမ်ခဏပြန်လွှတ်ပြီး ညဘက်မှာ ပြန်ခေါ်နဲ့ စစ်ဆေးခံနေရတဲ့ ရွှေလုပ်ငန်းရှင် အယောက် ၅၀ ကျော် ရှိလာပြီဖြစ်ပြီး အခုလို အခြေအနေတွေကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ ရွှေအခဲလိုက်မရောင်းရဲကြတော့ဘဲ စောင့်‌ကြည့်နေရတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ပြည်တွင်းရွှေဈေး မြင့်တက်လာပြီးနောက် သက်ဆိုင်ရာက ရန်ကုန်နဲ့ မန္တလေးက ရွှေလုပ်ငန်းရှင်တွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကတည်းက စတင်ပြီး ခေါ်ယူစစ်ဆေးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ “လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက ခေါ်ယူစစ်ဆေးတာပေါ့။ နောက်ပိုင်း သူတို့ရဲ့ စစ်ဆေးချက်တွေအရ ထပ်ပြီးတော့ ခေါ်တဲ့လူတွေလည်း ရှိတယ်။ စုစုပေါင်း အယောက် ၅၀ လောက်ရှိတယ်လို့တော့ သတင်းကြားပါတယ်။ သူတို့ကို နေ့လယ်ဆို အိမ်ခဏပေးပြန်တယ်၊ ညကျရင်တော့ ပြန်လာရတယ်ပေါ့၊ အဲ့ဒီလိုမျိုးပါ။ ဘာ့ကြောင့်လဲတော့…

Read More

ပြင်းထန်တဲ့အပူလှိုင်းကြောင့် အီတလီမြို့အားလုံးနီးပါးမှာ အပူချိန်သတိပေးချက် အနီရောင်အဆင့် ထုတ်ပြန်ထား

ရောမ၊ ဇူလိုင်-၂၀-၂၀၂၃ မျိုးဆက်(VOM) ဥရောပမှာဖြစ်ပွားနေတဲ့ ပြင်းထန်တဲ့ အပူလှိုင်းကြောင့် အီတလီနိုင်ငံရှိ အဓိကမြို့ကြီးအားလုံးမှာ အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ နိုင်ငံအရှေ့မြောက်ပိုင်း ထရီရက်စ်ကနေ အနောက်တောင်ဘက်ရှိမက်ဆီနာထိ မြို့ပေါင်း ၂၃ မြို့မှာ အပူချိန်သတိပေးချက် ထုတ်ပြန်ထားပြီး အပူဒဏ်ကြောင့် ထိခိုက်လွယ်သူတွေသာမက လူတိုင်းအပေါ် သက်ရောက်နိုင်ကြောင်း တာ၀န်ရှိသူတွေက သတိပေးထားပါတယ်။ အီတလီနိုင်ငံ ဆာဒီနီးယားနဲ့ စစ္စလီကျွန်းစုတွေရဲ့အစိတ်အပိုင်းတွေဟာ အပူချိန် ၄၆ ဒီဂရီစင်တီဂရိတ် သို့မဟုတ် ၄၇ ဒီဂရီစင်တီဂရိတ်ထိ ပူပြင်းနိုင်ကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက ပြောပါတယ်။ အပူကြောင့်ဖြစ်တဲ့ ရောဂါလက္ခဏာခံစားရတဲ့လူနာတွေကို ကုသဖို့ သီးခြားဆေးဘက်ဆိုင်ရာ ၀န်ထမ်းတွေခန့်အပ်ပြီး နိုင်ငံတ၀န်းမှာ အရေးပေါ်ကုသဌာနတွေဖွင့်လှစ်ဖို့ အီတလီအစိုးရကို ကျန်းမာရေး၀န်ကြီးဌာနက တိုက်တွန်းထားပြီး အပူနဲ့ဆက်စပ်တဲ့ လူနာဦးရေ ၂၀ ရာခိုင်နှုန်းတိုးလာကြောင်း ထုတ်ပြန်ထားပါတယ်။ ဂရိနဲ့ ဆွစ်အဲလ်ပ်တောင်တန်းတွေအပါအ၀င် ဥရောပတိုက်ကြီးအနှံ့ တောမီးလောင်ကျွမ်းမှုတွေဖြစ်ပွားနေပြီး ပြင်းထန်တဲ့ အပူချိန်ကို မြောက်ကမ္ဘာခြမ်းရှိ လူသန်းပေါင်းများစွာ…

Read More

မန္တလေးမြို့မှာ ဒီကနေ့မနက် နေအိမ်(၆)လုံးခန့် မီးလောင်မှုဖြစ်ပွားခဲ့

ဇူလိုင် ၂၀-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈နဲ့၃၉လမ်းကြား ၇၁နဲ့၇၂လမ်းကြားမှာ ဒီကနေ့မနက်ပိုင်းက နေအိမ် (၆)လုံးခန့် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” စလောင်တာကတော့ တစ်လုံးထိုး အားသွင်းဓာတ်ခဲ အားသွင်းထားရာကနေ လောင်တာပါ၊ နေအိမ် ၆လုံးခန့် မီးလောင်ဆုံးရှုံးပါတယ်၊ အိမ်ခြေစိပ်တော့ အခုလိုဖြစ်သွားတာ”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ လျှပ်စစ်ပစ္စည်း‌အဟောင်းပြုပြင်ရေးနေအိမ်အပေါ်ထပ်မှာ တစ်လုံးထိုးဓာတ်ခဲ အားသွင်းထားရာကနေ အပူလွန်ကဲပြီး မီးလောင်မှုစတင်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ်(၅)လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးသတ်တွက်ချက်တန်ဖိုးငွေ သိန်း ၂၂၀နီးပါး ဆုံးရှုံးခဲ့မှုကြောင့် နေအိမ်ပိုင်ရှင်အား သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ #voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Read More

ယူကရိန်းစစ်ပွဲမှာ လတ်တလော မပါ၀င်တော့ကြောင်း ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင်ပြော

မင့်စ်၊ ဇူလိုင် -၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က တိုက်ခိုက်ပေးနေတဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ဟာ ယူကရိန်းစစ်ပွဲမှာ လတ်တလောပါ၀င်တော့မှာမဟုတ်ဘဲ အာဖရိကဒေသက စစ်ဆင်ရေးတွေအတွက် အင်အားစုထားဖို့ အမိန့်ပေးထားကြောင်း အဖွဲ့ခေါင်းဆောင် ပရီဂိုဇင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ၀ဂ္ဂနာတပ်ဖွဲ့၀င်တွေအနေနဲ့ ဘီလာရုစ်ဒေသခံပြည်သူတွေအပေါ် ကောင်းမွန်စွာ ပြုမူဆက်ဆံဖို့နဲ့ ဘီလာရုစ်စစ်တပ်ကို လေ့ကျင့်ပေးနေကာ အာဖရိကခရီးသစ်အတွက် ပြင်ဆင်ထားဖို့ ညွှန်ကြားထားကာ တချိန်ချိန်တွင် ယူကရိန်းစစ်မြေပြင်သို့ ပြန်သွားမှာဖြစ်ကြောင်း ပရီဂိုဇင်က ၀ဂ္ဂနာတိုက်ခိုက်ရေးသမားတွေကို ဘီလာရုစ်ကနေ ကြိုဆိုတဲ့ ရုပ်သံမှာ ပြောပါတယ်။ ၀ဂ္ဂနာအဖွဲ့ကို ရုရှား၏ ဂျီအာယူစစ်ထောက်လှမ်းရေးဟောင်း ပရီဂိုဇင်နဲ့ ဒီမီထရီအပ်ယူကင်တို့က ရုရှား၊ ဆီးရီးယား၊ လစ်ဗျား၊ မာလီအပါအ၀င် အခြားနိုင်ငံတွေရဲ့ စစ်ပွဲတွေမှာ ပါ၀င်နိုင်ဖို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းနိုင်ငံ ကရိုင်းမီးယားဒေသကို ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းယူခဲ့စဉ်ကလည်း ၀ဂ္ဂနာအဖွဲ့က ကူညီတိုက်ခိုက်ခဲ့ပြီး ဆီးရီးယားနဲ့ မာလီရှိ အိုင်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်မှုများ…

Read More

ဧရာဝတီတိုင်းမှာ စိုက်ဘဏ်ချေးငွေ အကြွေးကျန်တွေ အတင်းတောင်းနေလို့ လယ်သမားတွေအခက်အခဲဖြစ်နေ

ဇူလိုင်၊ ၂၀-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ အခုနှစ် မိုးစပါး စိုက်ပျိုးစရိတ်မရှိဖြစ်နေတဲ့တောင်သူတွေအနေနဲ့ အရင်က စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်တွေကို အတင်းတောင်းနေတာကြောင့် ဒေသခံလယ် သမားတွေအခက်အခဲဖြစ်ပေါ်နေတယ်လို့ ဒေသခံတောင်သူတွေဆီကနေ သိရပါတယ်။ စိုက်ပျိုးစရိတ်ချေးငွေကြွေးအကျန်တွေကို အမြန်ဆုံးပြန်လည်ပေးဆပ်ဖို့နဲ့ ပေးဆပ်ဖို့ပျက်ကွက်ရင် ဘဏ်ရဲ့တည်ဆဲဥပဒေအရ လည်းကောင်း၊ မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့လည်းကောင်း အရေးယူမယ်လို့ ချေးငွေကျန် တောင်သူတွေကို ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် အစည်းအဝေးခေါ်ပြောတာနဲ့ အသံချဲ့စက်တွေနဲ့ လိုက်လံကြေညာနေတယ်လို့ သိရပါတယ်။ ”အုပ်ချုပ်ရေးမှူးတွေက အစည်းအဝေး ခေါ်ပြောတာ၊ မြန်မြန် ပြန်ဆပ်ဖို့ရှာကြတဲ့ ၊ပြန်မဆပ်ရင် တရားစွဲ ထောင်ချမယ်တဲ့ ၊ အခုသူတို့ဘက်က တောင်းတဲ့ ဘဏ်ကြွေးက ၂၀၁၈ လောက်ကတည်းကကျန် တဲ့အကြွေးတွေပါ ၊ ခေတ်ကာလ ကောင်းတုန်းကတောင် အခက်အခဲရှိတယ်၊ အခုခေတ်ဆို ပိုဆိုးပြီလေ၊ ဦးတို့က လယ်လုပ်လာတာ နှစ် ၅၀ ကျော်ပါပြီ ၊ တရားရုံးလည်းမရောက်ဖူးပါဘူး ၊ ဖမ်းလည်းမခံရဖူးဘူး ၊…

Read More
VOM News

FREE
VIEW