ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်ခွင့်နဲ့ တရားဝင်ကဒ် ကိုင်ဆောင်ခြင်း

Voice of Myanmar သြဂုတ်-၃-၂၀၂၃ အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် ကမ္ဘောဒီးယား၊ လာအိုတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကနေ ဏ္ဍတစိတ်တပိုင်းအဖြစ် ပါဝင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားအင်အားစု ၁၀ ရာခိုင်နှုန်းအနက် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၅ သန်းဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်နေကြကြောင်း ၂၀၂၂ ခုနှစ်မှာထုတ်ပြန်တဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒါကြောင့် ထိုင်းနဲ့မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးကူးလူးဆက်ဆံမှုအပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်အကိုင်နဲ့ သူတို့ရဲ့ဝင်ငွေစီးဆင်းမှုတွေက…

Read More

(၁၈)နှစ်ကြာ ပေါင်းသင်းခဲ့တဲ့ ကနေဒါဝန်ကြီးချုပ် ထရူးဒေါနဲ့ ဇနီးဖြစ်သူတို့ ကွာရှင်းပြတ်စဲကြလေပြီ

တိုရွန်တို၊ သြဂုတ်-၃-၂၀၂၃ မျိုးဆက်(VOM) ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူးဒေါနဲ့ ဇနီး ဆိုဖီတို့ဟာ ၁၈ နှစ်ကြာ ပေါင်းဖက်ခဲ့ကြပြီးနောက် ကွာရှင်းပြတ်စဲလမ်းခွဲလိုက်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဝန်ကြီးချုပ်နဲ့ ဇနီးသည်တို့ဟာ လမ်းခွဲလိုက်ကြပေမယ့် လေးနက်တဲ့ ချစ်ခြင်းမေတ္တာ၊ လေးစားမှုရိပြီး ရင်းနှီးတဲ့ မိသားစုအဖြစ် ဆက်လက်ရှိနေမှာဖြစ်ကြောင်း လူမှုကွန်ရက်မှာ သူတို့နှစ်ဦးက ရေးသားထားကြပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၀၅ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီးနောက် သားသမီးသုံးဦးထွန်းကားခဲ့ပါတယ်။ လမ်းခွဲတဲ့ သဘောတူညီချက်ကို နှစ်ဦးအကြားလက်မှတ်ထိုးထားပေမယ့် လူမြင်ကွင်းမှာ အတူအကွ ထွက်ပေါ်လာဦးမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးကထုတ်ပြနပါတယ်။ လမ်းခွဲဖို့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး တရားဥပဒေနဲ့ ကျင့်ဝတ်ဆိုင်ရာ လုပ်ဆောင်ရမှာတွေအားလုံး လုပ်ဆောင်ခဲ့ပြီး ဆုံးဖြတ်ချက်အတိုင်း ရှေ့ဆက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မိမိတို့ဟာ တဦးနဲ့တဦး ချစ်ခြင်းမေတ္တာ၊ လေးစားမှုတွေနဲ့ ရင်းနှီးတဲ့မိသားစုအဖြစ် ဆက်ဆံရေး ဆက်လက်တည်ရှိနေမှာဖြစ်ကြောင်း အသက် ၅၁ နှစ်အရွယ် ဝန်ကြီးချုပ်ထရူးဒေါနဲ့ ၄၈ နှစ်အရွယ် ဆိုဖီတို့က…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၃ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၃ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၃၈၀ ကျပ် ဝယ်ဈေး – ၃၃၃၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၃၀ ကျပ် ဝယ်ဈေး – ၂၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၁၀ ကျပ် ဝယ်ဈေး – ၃၅၈၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၉.၀၇ ကျပ် ဝယ်ဈေး – ၉၆.၁ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၂ ကျပ် ဝယ်ဈေး – ၇၂၂ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၄ ကျပ် ဝယ်ဈေး –…

Read More

WikiLeaks ပေါက်ကြားမှုကြောင့် အမေရိကန်စိုးရိမ်မှုအပေါ် နားလည်ပေးဖို့ ဩစတြေးလျကို ဖျောင်းဖျတိုက်တွန်း

ကင်ဘာရာ၊ ဩဂုတ်-၃ အမျိုးအစားခွဲခြားပြီး လျှို့ဝှက်သီးသန့်ထားတဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားအောင် WikiLeaks တည်ထောင်သူ ဂျူလီယန်အက်ဆန်း ဖွင့်ချခဲ့မှုနဲ့ပတ်သက်ပြီဒ မိမိတို့စိုးရိမ်ပူပန်မှုအပေါ် နားလည်သဘောပေါက်ပေးကြပါရန် ဩစတြေးလျနိုင်ငံသားတွေကို အမေရိကန်ထိပ်တန်းနိုင်ငံခြားရေးမူဝါဒရေးရာ အရာရှိတွေက ဖျောင်းဖျတိုက်တွန်းခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်အမျိုးသားလုံခြုံရေး စိုးရိမ်ပူပန်မှုအပေါ် ဘိုင်ဒန်အစိုးရရဲ့ အပြတ်သားဆုံးမှတ်ချက်အဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး အန်တိုနီဘလင်ကင်က “ဂျူလီယန်အက်ဆန်းဟာ အမေရိကန်သမိုင်းမှာ အကျယ်ပြန့်ဆုံး အချက်အလက်ချိုးဖောက်မှုမှာ ပါဝင်ပတ်သက်ခဲ့လို့ ကြီးလေးသောရာဇဝတ်မှုနဲ့ စွဲချက်အတင်ခံရကြောင်း” ပြောကြားခဲ့ပါတယ်။ ဘလင်ကင်ရဲ့အထက်ပါ သဘောထားမှတ်ချက်ဟာ အမေရိကန်နဲ့ ဩစတြေးလျတို့အကြား ရှားရှားပါးပါး သဘောထားကွဲလွဲမှုကို ကိုယ်စားပြုခဲ့ပြီး အက်ဆန်းဖွင့်ချမှုအဆုံးသတ်စေဖို့ ဝန်ကြီးချုပ်အယ်လ်နိစ်အပေါ် ဘိုင်ဒန်အစိုးရအနေနဲ့ ခဲယဉ်းစွာ စည်းရုံးသိမ်းသွင်းနေရပုံကို မီးမောင်းထိုးပြခဲ့ပါတယ်။ တချိန်တည်းမှာပင် အမေရိကန်လျှို့ဝှက်ချက်ဆိုင်ရာအက်ဥပဒေချိုးဖောက်မှုအပါအဝင် သီးခြားဟက်ကာနဲ့ပတ်သက်တဲ့ စွဲချက် ၁၇ ခုတင်နိုင်ဖို့ အက်ဆန်းကို ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ရှိ ဘဲလ်မာ့ရှ်အကျဉ်းထောင်မှ လွှဲပြောင်းယူဖို့ ဘိုင်ဒန်အစိုးရက ကြိုးစားနေပါတယ်။ “အက်ဆန်းအမှုမှာ ရှည်လျားလွန်းကြောင်း…

Read More

ဘီးလင်းမှာ ရေကြီးရေလျှံဖြစ်လို့ ကျေးရွာ ၁၅ ခုက လူ ၆ဝဝ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းနေရ

သြဂုတ်၊ ၃ -၂၀၂၃ MM(VOM) မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်မှာ ရုတ်တရက်မြစ်ရေမြင့်တက်ပြီး ရေကြီးရေလျှဖြစ်နေလို့ ရပ်ကွက်နဲ့ကျေးရွာ ၁၅ ခုထက်မနည်း ရေနစ်မြုပ်နေပြီး လူပေါင်း ၆ဝဝ နီးပါး ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရတယ်လို့ ကူညီကယ် ဆယ်ရေးလုပ်နေတဲ့သူတွေဆီကနေ သိရပါတယ်။ ”၃ ရက်နေ့မနက်အထိ လူ ၆၀၀ နီးပါးလောက်ဘေးလွတ်ရာ ရွှေ့ပေးထားရတယ်၊မြစ်ကမ်းတလျှောက် ရပ်ကွက်တွေနဲ့ မြေနိမ့်ပိုင်း ရွာတွေမှာရှိတဲ့ နေအိမ်တွေ ရေကြီးတဲ့ဒဏ် အဆိုးဆုံးခံနေရတယ်။”လို့ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူတစ်ဦးကပြောပါတယ်။ ဘီးလင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်ကနေ အဆက်မပြတ်ရွာနေတဲ့ မိုးဒဏ်နဲ့ တောင်ကျရေတွေ ကျဆင်းကာ မြစ်ရေတွေ ရုတ်တရက်မြင့်တက်နေတာဖြစ်ပြီး လက်ရှိ အလူးလေးကျေးရွာ၊ ရွှေလှေကျေးရွာ၊ ဒေါက်ရပ်ကျေးရွာ ဒုံဝန်းကျေးရွာနဲ့ ကန်သာယာ၊ ဆရာစံ၊ ဘိုးလှကြီးစတဲ့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေကြီးရေလျှံမှုဒဏ် အဆိုးဆုံးဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ”ပင်လယ်ရေတက်နေတဲ့ ရက်မှာ မိုးက အဆက်မပြတ်…

Read More

ထားဝယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်

ဩဂုတ် ၃ – ၂၀၂၃ SN (VOM) ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်း ရဟန်းဝတ်နဲ့ တိမ်းရှောင်နေတဲ့ ထားဝယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းဟာ ဒီနေ့သြဂုတ် ၃ ရက် မနက်ပိုင်းက ပါးစောင်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ဦးအောင်ဝင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ထားဝယ်မြို့နယ် မဲဆန္ဒနယ်ကနေ အနိုင်ရခဲ့သူဖြစ်ပြီး ဒီကနေ့မှာတော့ တိမ်းရှောင်နေရင်းနဲ့ပဲ ပါးစောင်ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ရန်ကုန်မြို့မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ “သူက ၂၀၂၁ ခုနှစ်ကတည်းက ရဟန်းဝတ်နဲ့ ရှောင်နေတာ။ သူရောဂါသည်းလာတော့ အေးအေးဆေးဆေး ဆေးကုလို့ရအောင် နစကဆီမှာ ခံဝန်ထိုးဖို့ ပြောသေးတယ်။ ဘယ်လိုမှ ပြောလို့မရဘူး။ ဒီတိုင်းပဲ အသေခံလိုက်မယ်ဆိုပြီး အခုလို ဖြစ်သွားတာ။…

Read More

ကျင်စန်းကျော့ဂိတ်မှာ ပို့ကုန်၊ သွင်းကုန်ကား ထက်ဝက်လျော့ကျ

ဩဂုတ် ၃၊ ၂၀၂၃ Shy V(VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးတံခါးပေါက်ဖြစ်တဲ့ မူဆယ် ၁၀၅မိုင်ကုန်သွယ်ရေးဇုန်အတွင်းရှိ တရုတ် – မြန်မာ ကုန်သွယ်ရာ ကျင်စန်းကျော့ဂိတ်ကနေ မနေ့ ဩဂုတ် ၂ ရက်က ပို့ကုန်၊ သွင်းကုန်ကား ထက်ဝက်လျော့ကျသွားတယ်လို့ နယ်စပ် ကုန်သည် လုပ်ငန်းရှင်တွေ ပြုစုထားတဲ့ စားရင်းတွေအရ သိရပါတယ်။ ပို့ကုန်ကား ၄၈ စီး၊ သွင်းကုန်ကား ၄၃ စီး၊ ပို့ကုန်ကားက ခါလီ ၁၁ စီး၊ ကဏန်းကား ၇ စီး၊ ငါးရှဉ့် ၆ စီး၊ အခြားကုန် ၂၄ စီး ဖြစ်ပါတယ်။ သွင်းကုန်ကား ကတော့ ခြောက်ဘီး ခါလီ ၅ စီး၊ ဆယ့်နှစ်ဘီး ခါလီ ၁ စီး၊ Box ၁ စီး၊…

Read More

မြောက်ကိုရီးယားနိုင်ငံထဲ ခွင့်ပြုချက်မဲ့ဝင်ခဲ့တဲ့ အမေရိကန်စစ်သားလွတ်မြောက်ရေး ကြိုးပမ်းနေ

ဝါရှင်တန်၊ သြဂုတ်-၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံထဲကို ခွင့်ပြုချက်မဲ့ ဖြတ်ကျော်ဝင်ရောက်သွားတဲ့ အမေရိကန်စစ်သား ထရာဗစ်ကင်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တောင်းဆိုမှုကို မြောက်ကိုရီးယားက ပထမဆုံးအကြိမ် အကြောင်းပြန်ခဲ့ကြောင်း ကုလသမဂ္ဂက ပြောပါတယ်။ အသက် ၃၂ နှစ်အရွယ် အမေရိကန်စစ်သား ထရာဗစ်ကင်းဟာ ခရီးသွားအစီအစဉ်တခုနဲ့အတူ တောင်ကိုရီးယားနယ်စပ်ကနေ မြောက်ကိုရီးယားဘက်ခြမ်းကို ဇူလိုင် ၁၈ ရက်မှာ ဖြတ်ကျော်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူ့ကို အမေရိကန်သို့ ပြန်လည်ခေါ်ဆောင်ဖို့ အားထုတ်ကြိုးပမ်းမှုတွေကို အနှောက်အယှက်မဖြစ်စေရေးအတွက် နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ကုလသမဂ္ဂက ထုတ်ပြန်ခြင်းမရှိပါဘူး။ ဒါပေမယ့် ပြန်လည်လွတ်မြောက်ရေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားဘက်က စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုပါတယ်။ နှစ်နိုင်ငံကြားရှိ စစ်မဲ့ဇုန်ကို ထိန်းကွပ်ပေးတဲ့ ကုလသမဂ္ဂကွပ်ကဲရေးအဖွဲ့ဟာ ပူးတွဲလုံခြုံရေးနယ်မြေရှိ မြောက်ကိုရီးယားစစ်တပ်ထံ တိုက်ရိုက်ဖုန်းလိုင်ကနေ ထရာဗစ်ကင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို တောင်းခံခဲ့တာဖြစ်ပါတယ်။ ထရာဗစ်ကင်းဟာ မြောက်ကိုရီးယားနယ်စပ်ကို မဖြတ်မီ တောင်ကိုရီးယားမှာ ထောင်နှစ်လကျခံခဲ့ရပြီး ဇူလိုင် ၁၀ ရက်က လွတ်မြောက်ခဲ့ပါတယ်။…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၃ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၃ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၆ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၄၀၀၀၀ ကျပ် #Voiceofmyanmar#Todaygoldprices#3-8-2023

Read More

မြောင်းမြ-ငပုတော-လပွတ္တာလမ်းပေါ်က နေအိမ်နဲ့အဆောက်အဦတွေ ဖျက်သိမ်းခိုင်းလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

MM(VOM) သြဂုတ်၊ ၃-၂၀၂၃ ဧရာ၀တီတိုင်း၊ မြောင်းမြမြို့နယ်၊ မြောင်းမြ-ငပုတောလမ်းနဲ့ မြောင်းမြ-လပွတ္တာလမ်းပေါ်က နေအိမ်တွေနဲ့ အဆောက်အဦတွေကို လမ်းနယ်နိမိတ်နဲ့ မလွတ်တာကြောင့်လို့ဆိုပြီး ရုတ်တရက်ရွှေ့ပြောင်းခိုင်းနေလို့ အခက်အခဲဖြစ်နေရကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲ့ဒီ လမ်းပေါ်မှာ နေအိမ် ၊ ဈေးဆိုင် ၊ အခြားတဲတွေ အပါအဝင် အဆောက်အဦ ၁၀၀၀ နီးပါးလောက်ကို အခု သြဂုတ်လ ပထမအပတ်အတွင်း အပြီးဖျက်သိမ်းရွှေ့ပြောင်းဖို့ သတိပေးအကြောင်းကြားထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ်မှတ်ထားတဲ့အတိုင်း မလိုက်နာရင် ဘူဒိုဇာ အသုံးပြုဖယ်ရှားသွားမယ်လို့ ဒေသခံတွေကို သတိပေးထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”နေလာတာ အနှစ် ၃၀ ကျော်ပြီ အခုရုတ်တရက်ကြီး လာရွှေ့ခိုင်းနေတယ်၊ ရွှေ့ပေးရလည်းအချိန်ကောင်း အခါကောင်းဆို တော်သေးတယ်၊ အခုက မိုးတွငကြီးလေ ၊ မရွှေ့ပေးရင် အင်အားသုံးရွှေ့မယ်တဲ့၊ ဘယ်လိုအခြေအနေဖြစ်ဖြစ်ပြောင်းရွှေ့ရမယ့်သဘောရှိတယ်၊ ဖြစ်နိုင် အခု မိုးကာလကုန်တဲ့ အချိန်လေးအထိ…

Read More
VOM News

FREE
VIEW