ထိုင်းနိုင်ငံမှာ နေထိုင်လုပ်ကိုင်ခွင့်နဲ့ တရားဝင်ကဒ် ကိုင်ဆောင်ခြင်း

Voice of Myanmar
သြဂုတ်-၃-၂၀၂၃

အရှေ့တောင်အာရှဒေသမှာ ထိုင်းနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပါအဝင် ကမ္ဘောဒီးယား၊ လာအိုတို့က ရွှေ့ပြောင်းလုပ်သားတွေဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ အခန်းကနေ ဏ္ဍတစိတ်တပိုင်းအဖြစ် ပါဝင်နေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

အချက်အလက်တွေအရ ထိုင်းနိုင်ငံရဲ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ မြန်မာနိုင်ငံကဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားအင်အားစု ၁၀ ရာခိုင်နှုန်းအနက် မြန်မာရွှေ့ပြောင်းလုပ်သား ၁ ဒသမ ၅ သန်းဟာ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်လုပ်ကိုင်နေကြကြောင်း ၂၀၂၂ ခုနှစ်မှာထုတ်ပြန်တဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ထိုင်းနဲ့မြန်မာနိုင်ငံတို့အကြား ကုန်သွယ်ရေးကူးလူးဆက်ဆံမှုအပြင် ရွှေ့ပြောင်းလုပ်သားတွေရဲ့ အလုပ်အကိုင်နဲ့ သူတို့ရဲ့ဝင်ငွေစီးဆင်းမှုတွေက နက်နက်ရှိုင်းရှိုင်းဆက်နွယ်လျှက်ရှိပါတယ်။ နောက်ပိုင်းမှာတော့ မြန်မာ့စီးပွားရေး ကျဆင်းလာမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအပြင် လာရောက်ခိုလှုံတဲ့ ဒုက္ခသည်တွေနဲ့ ရေ့ွှ့ပြောင်းအခြေချသူတွေ ထိုင်းနိုင်ငံမှာ တိုးပွားလာခဲ့ပါတယ်။

ဒါပေမယ့်လည်း ထိုင်းနိုင်ငံဟာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး တိကျခိုင်မာတဲ့မူဝါဒမျိုး မရှိခဲ့တာအပြင် တရားမဝင်နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုကြောင့် ဖမ်းဆီးခံရခြင်းနဲ့ လူကုန်ကူးမှုတွေမြင့်တက်လာနေသလို ရွှေ့ပြောင်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်ဆိုင်ရာ အန္တရယ်ကင်းရှင်းရေး၊ အခွင့်အရေးဆိုင်ရာတို့မှာလည်း လျစ်လျူရှုသလိုဖြစ်ပြီး ယုတ်လျော့ကျဆင်းနေပါတယ်။

လက်ရှိမှာတော့ ထိုင်းအာဏာပိုင်တွေဟာ ၂၀၂၃ ခုနှစ်၊ ဇူလှိုင်လ ( ၁၅) ရက်ကနေ၊ ( ၃၁) ရက်နေ့အထိ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ချင်တဲ့လူတွေကို၊ ထိုင်းအိမ်စောင့်အစိုးရက စာရင်းသွင်းခိုင်းထားပါတယ်။ အစိုးရဖွဲ့ပြီးရင်တော့ ထိုင်းအစိုးရအနေနဲ့ အလားတူ ( ပန်းရောင်ဘတ်) လုပ်ပေးပြီး၊ မည်သူ/မည်ဝါဖြစ်ကြောင်းသက်သေခံက်မှတ်( Certificate of Identity) ( CI) ထုတ်ပေးရမှာဖြစ်ပါတယ်။

၂၀၂၂ခုနှစ်၊ဇူလှိုင်သြဂုတ်လထဲမှာထိုင်းအစိုးရအနေနဲ့ထိုင်းနိုင်ငံအတွင်းနည်းအမျိူးမျိူးနဲ့ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို တရားဝင်လက်မှတ် ( ပန်းရောက်ဘတ်) လုပ်ပေးခဲ့ပြီး တရားဝင်နေထိုင်နိုင်ရေးအတွက် ထိုင်းအစိုးရဆီက ထုတ်ပေးထားတဲ့ ကဒ်တခုခုကို ကိုင်ဆောင်ထားသင့်ကြောင့် ထိုင်းအခြေစိုက် အလုပ်သမားအရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းထားပါတယ်။

ထိုင်းနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံမဟုတ်တဲ့ ဒီအခြေအနေကို ဖြေရှင်းဖို့အတွက် တိကျတဲ့မူဝါဒတရပ် ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံဟာ လူတဦးကို ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အခြားပုံစံနဲ့ ညှဉ်းပန်းနှိပ်စက်ခံရမယ့်နိုင်ငံကို အတင်းအကြပ်ပြန်ပို့တာကို တားမြစ်တဲ့ဥပဒေလို့ လူသိများတဲ့ Prevention and Suppression of Torture and Enforced Disappearance Act B.E.2565 ကို ၂၀၂၂ ခုနှစ်မှာ အတည်ပြုထားတဲ့အတွက် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့နိုင်ခြင်းမရှိပါဘူး။

၂၀၂၂ ခုနှစ်က လက်မှတ်မရှိတဲ့ လှုပ်ရှားတက်ကြွသူတွေ၊ နိုင်ငံရေးသမားတွေကို လက်မှတ်လုပ်ပေးဖို့ အခွင့်အရေးတစ်ခုကြုံပါတယ်။ တချို့က ထူးခြားစွာနဲ့ အကြောင်းအမျိူးမျိူးပြပြီး ငြင်းပယ်ခဲ့ကြတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုထူးချစ်ကပြောပါတယ်။

ကျနော်လေ့လာမိသလောက်၊ နိုင်ငံခြားမှာ အခြေချနေထိုင်မဲ့ ( Resettlement Process) နဲ့ ညိနိုင်တယ်၊ ထိုင်းနိုင်ငံမှာ လက်မှတ်တခုခုလုပ်ထားရင် နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေချနေထိုင်ဖို့ တင်ထားရင် အဟန့်အတားဖြစ်နိုင်တယ်၊ နိုင်ငံခြားသွားလို့ “မရတော့ဘူး” ဆိုတဲ့ ယုံကြည်မူ့တွေရှိနေတယ်လို့ နားလည်ပါတယ် လို့ ကိုထူးချစ်က သုံးသပ်ပြောဆိုပါတယ်။

နီးစပ်တဲ့လူတွေကလည်း ပွင့်ပွင့်လင်းလင်းမေးကြပါတယ်။ ထိုင်းနိုင်ငံက ထုတ်ပေးတဲ့ လက်မှတ်တစ်ခုခုလုပ်ထား ( ကိုင်ထား) ရင်၊ နိုင်ငံခြား သွားဖို့ အခက်အခဲရှိလား ဆိုတဲ့မေးခွန်းပါဘဲ။ ကျနော်အနေနဲ့ ထိုမေးခွန်းမျိူးကို ဖြေဖို့ခက်ပါတယ်။ ကျနော်အနေနဲ့ နီးစပ်ရာ အာဏာပိုင်တစ်ချို့နဲ့ မေးဖြစ်ပါတယ်။ ကျနော်နဲ့ ရင်းနှီးတဲ့လူတွေထဲမှာလဲ ပန်းရောင်ဘတ်ကိုင်ထားသူ/ ထိုင်းတောင်ပေါ်သားလက်မှတ် ( ၁၀) နှစ်ခံကဒ်ကိုင်ထားသူနဲ့၊ ထိုင်းနိုင်ငံသားကဒ်ပြား ကိုင်ဆောင်ထားသူတွေနိုင်ငံခြားထွက်သွားတာတွေ တွေ့ဖူးပါတယ်လို့ သူကပြောပါတယ်။

ထိုင်းနဲ့မြန်မာဟာ ၂၂၀၂ ကီလိုမီတာအရှည်ရှိ နယ်စပ်ချင်းထိစပ်နေပြီး ရွှေ့ပြောင်းလုပ်သားတွေဟာ မွန်၊ ကရင်၊ ရှမ်း၊ တနင်္သာရီတိုင်းတို့ဒေကြီးတို့ကနေ အဓိကဝင်ရောက်နေပြီး ရနောင်း-ကော့သောင်း စစ်ဆေးရေးဂိတ်ကလွဲရင် ကျန်စစ်ဆေးရေးဂိတ်တွေကို ကုန်းလမ်းခရီးနဲ့ ဝင်ရောက်နိုင်ပါတယ်။

ဒါပေမယ့်လည်း တရားမဝင်နယ်စပ်ဖြတ်ကျော်ဂိတ်တွေကြောင့် အထူးသဖြင့် မြဝတီ-မဲဆောက်အနီးမှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေ အများစုဖြစ်ပေါ်နေပြီး တရားမဝင် နိုင်ငံဖြတ်ကျော်ဝင်ရောက်မှုတွေအပြင် တရားမဝင်နေထိုင်လုပ်ကိုင်မှုတွေကြောင့် ဖမ်းဆီးခံရမှုတွေကလည်း ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် ထိုင်းနိုင်ငံထဲမှာ နေရင်တော့ တရားဝင်လက်မှတ်တစ်ခုခု ကိုင်ထားတာက အကောင်းဆုံးဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွှလှုပ်ရှားသူတွေ တိုက်တွန်းထားကြပါတယ်။

အချက်အလက်မျှဝေပေးတဲ့ ကိုထူးချစ်ကို VOM ကကျေးဇူးတင်ပါရှိပါတယ်။

#Voiceofmyanmar#VOM#Myanmarmaigrantworker#officialcard

Related posts

Leave a Comment

VOM News

FREE
VIEW