မက္ကဆီကိုမှာ ခရီးသည်တင်ဘတ်စ်ကား ချောက်ထဲတိမ်းမှောက်မှု (၁၅) ယောက်သေဆုံး၊ (၂၀) ကျော်ဒဏ်ရာရ

မက္ကဆီကိုစီးတီး၊ သြဂုတ်-၄-၂၀၂၃
မျိုးဆက်(VOM)

မက္ကဆီကိုနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမတော်တဆမှုကြောင့် လူ ၁၅ ယောက်ထက်မနည်း သေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသတွေကပြောပါတယ်။

အဲဒီမတော်တဆမှုသည် သြဂုတ် ၃ ရက်နံနက်ပိုင်းက ် အနောက်ပိုင်းကမ်းရိုးတန်းပြည်နယ် နာယာရစ်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားဟာ ချောက်ထဲသို့ ထိုးကျသွားခဲ့ကြောင်း ပြည်နယ်တာဝန်ရှိသူတွေက ပြောပါတယ်။

ခရီးသည်တင်ဘတ်စ်ကားဟာ ပြည်နယ်မြို့တော် တီပစ်မြို့ပြင် ဘာရန်ကာဘလန်ကာအနီး အဝေးပြေးလမ်းပေါ်မှာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး မတေ်ာတဆမှုဖြစ်ပွားချိန်မှာ တီဟူနာသို့ ဦးတည်မောင်းနှင်ခဲ့ကြောင်း တာဝန်ရှိသူတွေကပြောပါတယ်။

အခင်းဖြစ်ပွားရာနေရာကနေ အလောင်း ၁၅ လောင်းကို တွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂၁ ဦးကို အရေးပေါ်ဌာနက ဆေးရုံ ပို့ဆောင်ပေးထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ခရီးသည်တင်ဘတ်စ်ကား ကုမ္ပဏီက မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။

ဘတ်စ်ကားကို ယာဉ်မောင်းကထိန်းချုပ်မှုလွတ်ကင်းသွားပြီးနောက် ချောက်ထဲသို့တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပြီး ဖြစ်စဉ်အပေါ် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

Ref: BBC
Photo:AFP
#voiceofmyanmar#VOM#မက်ကဆီကို#ဘတျဈကားတိမျးမှောကျ

Related posts

Leave a Comment

VOM News

FREE
VIEW