ကွာလာလမ်ပူ၊ သြဂုတ်-၄-၂၀၂၃
မျိုးဆက်(VOM)
မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်ဟာ ကွာလာလမ်ပူရှိ အမျိုးသားနှလုံးဌာနမှာ တက်ရောက်ကုသမှုခံယူနေရကြောင်း တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း မဟာသီယာရဲ့ကျန်းမာရေး အခြေအနေကောင်းမွန်နေပြီး ဆရာဝန်တွေက အနီးကပ်စောင့်ကြည့်နေကြောင်း ဝန်ကြီးချုပ်ဟောင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အသက် ၉၈ နှစ်အရွယ် မဟာသီယာဟာ မလေးရှားနိုင်ငံရဲ့ အထင်ရှားဆုံးနိုင်ငံရေးသမားတွေထဲက တဦးဖြစ်ပြီး ဝန်ကြီးချုပ်အဖြစ် ၂၄ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၀၂၂ ခုနှစ် ဇန်နဝါရီလတို့မှာ ဆေးစစ်ဆေးမှုခံယူဖို့အတွက် ရက်အတန်ကြာ ဆေးရုံတက်ခဲ့ရပြီး မကြာသေးမီနှစ်များအတွင်း နှလုံးရောဂါခံစားနေခဲ့ရပါတယ်။
မဟာသီယာဟာ မလေးရှားနိုင်ငံကို ၁၉၈၁ ခုနှစ်ကနေ ၂၀၀၃ ခုနှစ်ထိ ဦးဆောင်ခဲ့ပြီး အသက် ၉၂ နှစ်အရွယ် ၂၀၁၈ ခုနှစ်မှာတော့ အာဏာပြန်လည်ရရှိကာ ပြုပြင်ပြောင်းလဲရေး ညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပေမယ့် ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ဦးဆောင်တဲ့ လက်ရှိမလေးရှားအစိုးရကို ဖြုတ်ချဖို့ မလေးရှားအတိုက်အခံပါတီတွေနဲ့ ပူးပေါင်းခဲ့ပါတယ်။
Ref: CNA
Photo:AFP
#voiceofmyanmar#VOM#မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ# နှလုံးရောဂါ# ဆေးရုံတက်နေရ