ပါကစ္စတန် မီးရထားမတော်တဆမှု လူ (၃၀) ထက်မနည်းသေဆုံးပြီး (၁၀၀) ကျော်ဒဏ်ရာရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၇-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရထားလမ်းချော်မှုအတွင်း လူ ၃၀ ထက်မနည်းသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိသွားကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန်ရဲ့ အကြီးဆုံးမြို့ ကရာချိကနေ ၁၇၁ မိုင်အကွာ နဝပ်ရှာရှိ ဆာဟာရဘူတာမှာ ရထားမတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပျက်အစီးများကြားမှာ ပိတ်မိနေသူများကို ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ခဲ့ရပါတယ်။

ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံတွေကို ပို့ထားပြီး သြဂုတ် ၆ ရက်ညနေပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးခဲ့ကာ အနည်းဆုံး ရထားတွဲရှစ်တွဲ လမ်းချော်သွားခဲ့ကြောင်း မီရထားတာဝန်ရှိသူတဦးကပြောပါတယ်။

မတော်တဆမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ရထားလမ်းစနစ်တွေ ခေတ်နောက်ကျတဲ့ ပါကစ္စတန်တွင် မီးရထားမတော်တဆမှုတွေ မကြာခဏဖြစ်ပွားလေ့ရှိပါတယ်။

၂၀၂၁ ခုနှစ်က ဆင့်ဒ်ပြည်နယ်မှာ ရထားနှစ်စင်းတိုက်မှုမှုကြောင့် လူ ၄၀ သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်ကနေ၂၀၁၉ ခုနှစ်အတွင်း မီးရထားမတော်တဆမှုကြောင့် လူ ၁၅၀ ထိသေဆုံးခဲ့ကြောင်း ဒေသတွင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။

Ref: BBC
Photo:AFP

#Voiceofmyanmar#VOM#ပါကစ်စတနျ မီးရထားမတောျတဆမှု #လူ ၃၀သဆေုံးပွီ

Related posts

Leave a Comment

VOM News

FREE
VIEW