ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်

အစ္စလာမ္မာဘတ်၊ သြဂုတ်-၉-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အိုင်မရာခန်းကို ရွေးကောက်ပွဲအာဏာပိုင်awGက နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်လိုက်ကြောင်း သြဂုတ် ၈ ရက်မှာ ထုြတ်ပန်လိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း မစ္စတာခန်းကို အကျင့်ပျက်ချစားမှုနဲ့ တရားရုံးကထောင်သုံးနှစ်ချမှတ်လိုက်ပြီးနောက် သုံးရက်အကြာမှာ ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က တားမြစ်ချက်ကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တားမြစ်ချက်အရ မစ္စတာခန်းဟာ လွှတ်တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးမှာဖြစ်ပြီး ဒါဟာ နိုင်ငံရေးခြေထိုးမှုဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်းက ဝေဖန်ပြောဆိုထားပေမယ့် ပါကစ္စတန်အစိုးရကတော့ မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။

အသက် ၇၀ အရွယ် မစ္စတာခန်းဟာ ၂၀၁၈ ခုနှစ်မှာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရပြီး စစ်တပ်နဲ့ သဘောကွဲလွဲမှုတွေကြောင့် အယုံအကြည်မရှိအဆိုနဲ့ ပြီးခဲ့သည့်နှစ်က ဖြုတ်ချခံခဲ့ရပါတယ်။

ပါကစ္စတန်ဥပဒေအရ ပြစ်ဒဏ်ကျခံရသူတဦးဟာ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့ကာလတခုထိ နိုင်ငံရေးလုပ်ခွင့်မရှိပါဘူး။အကျင့်ပျက်ချစားမှုစွဲချက်တွေကြောင် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်းကို အစ္စလာမ္မာဘတ်အနီးရှိ အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းထားပါတယ်။

Ref:BBC
#Voiceofmyanmar# VOM # internationalNews # Pakistan

Related posts

Leave a Comment

VOM News

FREE
VIEW