မုံရွာမှာ ၈လေးလုံး ဆန္ဒပြသူ ၃ ဦး ပစ်ခတ်ဖမ်းဆီးခံရ

သြဂုတ် ၊ ၉ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဒေါနခြံရပ် ၊ ကန်သာယာ အပန်းဖြေနေရာမှာ မနေ့ သြဂုတ် ၈ ရက် ညနေပိုင်းက ၈ လေးလုံး အထိမ်းအမှတ် ဆန္ဒပြနေတဲ့ လူငယ် ၃ ဦးကို လုံခြုံရေးအဖွဲ့က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

” ကန်သာယာမှာ ဆန္ဒပြနေတဲ့ လူငယ် ၃ ယောက်ကို လုံခြုံရေးအဖွဲ့က အရပ်ဘက် အိမ်စီးကားနဲ့ လာပြီး ပစ်ဖမ်း ဖမ်းသွားတယ် ၊ ဒဏ်ရာရတာတော့ မြင်လိုက်တယ် ၊ သေတယ် မသေဘူးဆိုတာ မသိဘူး”လို့ ကန်သာယာနားမှာ နေထိုင်တဲ့ ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီအကြောင်းနဲ့ပတ်သက်လို့ မုံရွာမြို့ခံ နိုင်ငံရေးနဲ့ နီးစပ်သူတယောက်က “ကန်သာယာမှာ ဆန္ဒပြရင်း ပစ်ဖမ်းခံရတဲ့ လူငယ် ၃ ယောက်ရှိတယ်လို့ ကြားရတယ် ၊ဘယ်ရပ်ကွက်က ကလေးတွေဆိုတာ စုံစမ်းမရသေးဘူး “လို့ ပြောပါတယ်။

ဒါ့အပြင် မုံရွာမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂ နှစ်ကျော်အတွင်း ပစ်ခတ်ဖမ်းဆီးတဲ့ဖြစ်စဥ်ပေါင်း (၁၀၀)ကျော်ရှိတဲ့အနက် သေဆုံးသူ (၃၀)ထက်မနည်းရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW