လုံခြုံရေး တည်ငြိမ်မှုမရှိတာကြောင့် မုံရွာ – ခန္တီး ရေယာဥ်ပြေးဆွဲမှု ရက်အကန့်သတ်မရှိ ပိတ်

သြဂုတ် ၊ ၉ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာဆိပ်ကမ်းကနေ ခန္တီးဆိပ်ကမ်းကို နေ့စဥ်ပြေးဆွဲပေးနေတဲ့ ကုန်တင်ရေယာဥ်တွေဟာ လမ်းကြောင်းလုံခြုံမှုမရှိတာကြောင့် အခုရက်ပိုင်းအတွင်း ယာယီပြေးဆွဲတာကို ပိတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရေယာဥ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက)ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

” ဒီကနေ့ကစပြီး ယာယီပိတ်ထားတယ် အကန့်အသတ်မရှိဘူး ၊ ကုန်တင်ထားပြီး ရေယာဥ်တွေပေါ်က ကုန်ပစ္စည်းတွေကို ကားပေါ်ကို ပြောင်းတင်ပေးတယ် ၊ အလုပ်သမားခကိုတော့ ကုန်သည်ဘက်က ကျခံရမယ်ဖြစ်တယ် ၊ ဒါပေမယ့် ကုန်းလမ်းလည်း လုံခြုံရေး အခြေအနေက မကောင်းဘူး”လို့ မုံရွာ – ခန္တီး ကုန်တင်အမြန်ရေးယာဥ် ပြေးဆွဲရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။

ခန္တီးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ခန္တီးခရိုင် ၊ လဟယ်မြို့နယ် ၊ စံပြကျေးရွာနားမှာ လက်နက်တွေ သိမိးဆည်းရမိတာရှိတယ် ၊ သိမ်းဆည်းရမိတဲ့ လက်နက်တွေကတော့ HK-33 သေနတ် ၁ လက်၊ AK-47 သေနတ် ၁ လက် ၊M-22 သေနတ် ၂ လက် ၊ လက်လုပ်သေနတ်(အရှည်) ၂လက် ၊ လက်လုပ်သေနတ်(အတို) ၁လက် ၊ M-22 ကျည်အိမ် ၂ ခု ၊ AK-47ကျည်အိမ် ၁ ခု ၊ ၇.၆၂ မမကျည် ၁၅၀ တောင့် ၊ ၅.၅၆ မမကျည် ၂၀ တောင့် ၊ ပွိုင့်၃၂ ကျည် ၂၀ တောင့်ပွိုင့်၂၂ ကျည် ၁၂၀ တောင့် ၊ ၁၂ ဗို့ကျည် ၁၆ တောင့် ၊ MG-1လက်ပစ်ဗုံး ၁ လုံး ၊ Drop Bomb ဗုံးသီး ၉ လုံး ၊ ပြောက်ကျားယူနီဖောင်း ၄ စုံ ၊ ပြောက်ကျားအီကွေးမင့် ၅ စုံ ၊ အိပ်ယာလိပ် ၂ ခုပြောက်ကျားပစ္စတိုအိတ် ၁ လုံး ၊ ဟန်းကောချိုင့် ၂ လုံး ၊ အနက်ရောင် ကျောပိုးအိတ် ၁ လုံး တို့ကို သိမ်းဆီးရမိတယ် ၊ မြစ်ကြောင်းအတိုင်း စစ်ရေးလှုပ်ရှားမှုတွေ ရှိနေတယ် ၊ အဲ့ဒါကြောင့် ရေကြောင်းလိုင်းတွေ ယာယီ ပိတ်ထားတာဖြစ်နိုင်တယ် “လို့ ပြောပါတယ်။

အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ရှိသူ တယောက်က ” ရေယာဥ်ပြေးဆွဲမှု တာဝန်ရပ်ဆိုင်းထားဖို့ စာထုတ်ထားတာတော့မရှိဘူး ၊ ရေကြောင်းကောင်းတယ် ၊လတ်တလောတော့ သတင်းအရ ဖောင်းပြင်အထက်ကစလို့ ခန္တီးအထိ လုံခြုံရေး စိတ်မချရဘူးလို့ ကြားတယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ၊ မုံရွာဆိပ်ကမ်းကနေ ကနီ ၊ မင်းကင်း ၊ ကလေးဝ ၊ မော်လိုက် ၊ ဖောင်းပြင် ၊ ဟုမ္မလင်း ၊ ခန္တီးမြို့နယ်များကို ခရီးသည်တင်ရေယာဥ်နဲ့ ကုန်တင်ယာဥ်တွေ နေ့စဥ် ပြေးဆွဲပေးလျှက်ရှိရာ ဒီနေ့ကပြီး အဝေးပြေးအားလုံး ရေယာဥ်တွေ ယာယီရပ်နားထားတာလို့ သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #ခန္တီး #ရေယာဉ်ပြေးဆွဲမှု #ယာယီပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW