နိုင်ဂျာမှာ ဒီမိုကရေစီပြန်အသက်သွင်းဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အမေရိကန်တွန်းအားပေး

ဝါရှင်တန်၊ သြဂုတ်-၁၀

ပြီးခဲ့သည့်လက သမ္မတ မိုဟာမက်ဘာဇွင်ကို ဖြုတ်ချပြီးနောက် အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နိုင်ဂျာမှာ ဒီမိုကရေစီအုပ်ချုပ်ရေး ပြန်လည်အသက်သွင်းဖို့ အာဏာသိမ်းခေါင်းဆောင်များအပေါ် တွန်းအားပေးရန်အတွက် နိုင်ဂျာနိုင်ငံသို့ အမေရိကန် အကြီးတန်း သံတမန်တစ်ဦး လာရောက်ခဲ့သည်။

အမေရိကန် ယာယီလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းသည် နိုင်ဂျာနိုင်ငံ၏ မြို့တော် နီယာမေတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မွာဆာစလာအူဘာမွားနှင့် ဗိုလ်မှူးကြီး သုံးဦးတို့ကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဩဂုတ် ၇ ရက်မှာ အယ်လ်ဂျာဇီးယားက သတင်းဖော်ပြခဲ့သည်။

အဆိုပါခရီးစဉ်သည် ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်အစိုးရအရာရှိတဦး၏ ပထမဆုံး နိုင်ဂျာခရီးစဉ်ဖြစ်သည်။

ဖြုတ်ချခံရသည့်သမ္မတ ဘာဇွင်နှင့် အခြားအရေးကြီးခေါင်းဆောင်ဖြစ်သည့် အဗ္ဗဒူရာမန်တချီနီတို့ကိုလည်း တွေ့ဆုံခွင့်ရဖို့ ဗစ်တိုးရီးယားနူလန်း၏ တောင်းဆိုချက်ကိုတော့ ပယ်ချခံရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယင်းနောက် သတင်းထောက်များကို တယ်လီဖုန်းဖြင့် ချိတ်ဆက်သည့် မီဒီယာရှင်းလင်းပွဲတွင် ဗစ်တိုးရီးယားနူလန်းက နိုင်ဂျာစစ်ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးမှုအပေါ် ဆိုးရွားသည့် သဘောထားမှတ်ချက်နဲ့ အကဲဖြတ်ချက် ကို ပြောကြားခဲ့သည်။

သူတို့က ဘယ်လိုရှေ့ဆက်ချင်တာလဲဆိုတာကို သူတို့ရဲ့အမြင်အနေနဲ့ တော်တော်လေး ခိုင်မာတွေ့ရပါတယ်။ ဒါဟာ နိုင်ဂျာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မကိုက်ညီပါဘူး ဟု နူလန်းက ပြောကြားခဲ့သည်။

သို့သော် လက်ရှိနိုင်ဂျာပဋိပက္ခအတွက် စေ့စပ်ညှိနှိုင်းအဖြေရှာရန် အမေရိကန်၏ ကတိကဝတ်ကို နူလန်းက ထပ်မံအတည်ပြုခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်များအနေဖြင့် နိုင်ဂျာ၏ “ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ပြန်လည်ကျင့်သုံးလိုလျျှင် အမေရိကန် ကူညီရန် အသင့်ရှိကြောင်း နူလန်းက ပြောကြားခဲ့သည်။
နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်များနှင့် မိမိတို့ တိုက်ရိုက်အဆက်အသွယ်ရှိကြောင်း ဩဂုတ် ၇ ရက်အစောပိုင်းတွင် အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့ပြီး သမ္မတဘာဇွင်ကို မူလရာထူးတာဝန် ပြန်အပ်နှင်းရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်များသည် အနောက်အာဖရိကဒေသရှိ ကုန်းတွင်းပိတ်ဖြစ်သည့် နိုင်ဂျာနိုင်ငံ၌ ပြီးခဲ့သည့်ဇူလိုင်လတွင် အာဏာသိမ်းခဲ့ပြီး သမ္မတဘာဇွင်ကို ထိန်းသိမ်းခဲ့ပြီး နိုင်ငံတကာ၏ ရှုတ်ချမှုကို ခံခဲ့ရသည်။

ပြီးခဲ့သည့် သီတင်းပတ်က အနောက်အာဖရိကဒေသတွင်း စီးပွားရေးအစုအဖွဲ့တစ်ခုဖြစ်သည့် ECOWAS က နိုင်ဂျာအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခဲ့ပြီး သတ်မှတ်ထားသော နောက်ဆုံးရက်မတိုင်မီ Bazoum ထံသို့ အာဏာပြန်မအပ်ပါက နိုင်ဂျာစစ်အာဏာသိမ်းခေါင်းဆောင်များကို အင်အားသုံးမည်ဟု ခြိမ်းခြောက်ခဲ့သည်။

သို့သော် ECOWAS က သတ်မှတ်ထားသောနောက်ဆုံးရက်ဖြစ်သည့် ဩဂုတ် ၆ ရက်မှာလည်း နိုင်ဂျာအတွက် စစ်ရေးအရ အရေးယူခံရခြင်းမရှိဘဲ ကုန်ဆုံးသွားခဲ့သည်။

https://www.aljazeera.com/news/2023/8/7/us-urges-niger-coup-leaders-to-step-aside-in-direct-contact

#voiceofmyanmar VOM #နိုင်ဂျာ #အာဏာသိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW