ဆိုးလ်၊ စက်တင်ဘာ-၇-၂၀၂၄
မျိုးဆက်(VOM)
မြောက်ကိုရီးယားဟာ အမှိုက်တွေပါတဲ့ မိုးပျံပူပေါင်း ရာပေါင်းများစွာကို တောင်ကိုရီးယားဘက်ကို ထပ်မံလွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။
မနေ့ကနှောင်းပိုင်းမှာ အမှိုက်မိုးပျံပူပေါင်း အလုံး ၁၉၀ အပါအဝင် ပြီးခဲ့တဲ့ သုံးရက်အတွင်းမှာ တောင်ကိုရီးယားဘက်ကို အလုံး ၉၀၀ ကျော်လွှတ်တင်ခဲ့တယ်လို့ တောင်ကိုရီးယားဘက်က ဆိုပါတယ်။
အမှိုက်မိုးပျံပူးပေါင်းတွေဟာ ဆိုးလ်နဲ့ မြောက်ပိုင်း ဂျောင်ဂီပြည်နယ်တို့မှာ ကျရောက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါတွေဟာ အများပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှုမရှိဘူးလို့ ဆိုပါတယ်။
တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေရဲ့ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်စာစောင်တွေကို လွှတ်တင်ပေးပို့မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ မေလကတည်းက ခုချိန်ထိ အမှိုက် မိုးပျံပူပေါင်းအလုံးရေ ၅၀၀၀ ကျော်ထိ လွှတ်တင်ခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ တောင်ကိုရီးယားကလည်း နယ်စပ်မှာ မြောက်ကိုရီးယားဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေကို အသံချဲ့စက်နဲ့ထုတ်လွှင့်ခဲ့မှုတွေကို ပြန်လည်စတင်ခဲ့ပါတယ်။
လက်ရှိမှာတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်အစီအစဉ်တွေကို နိုင်ငံတကာက အရေးယူပိတ်ဆို့မှုတွေကြားမှာ ဆက်လက်လုပ်ဆောင်နေပြီး ဒေသတွင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
Ref:AFP
Photo:AP
အမှိုက် မိုးပျံပူပေါင်း ရာပေါင်းများစွာ မြောက်ကိုရီးယားက တောင်ကိုရီးယားဘက် လွှတ်တင်ပြန်
