မိုးသည်ထန်းစွာရွာပြီး ခန္တီးနဲ့ လဟယ်မြို့နယ်အကြား တောင်ပြိုလို့ ကားလမ်းတွေ ပိတ်ထားရ

သြဂုတ် ၁၅ -၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ လဟယ်မြို့နယ်နဲ့ ခန္တီးမြို့အကြားမှာရှိတဲ့ တောင်ပေါ်ကားလမ်းပိုင်းတွေဟာ မြေပြိုကျတာတွေဖြစ်ပြီး လမ်းကြောင်း ပိတ်ဆို့နေတာကြောင့် သြဂုတ် ၁၃ ရက်စပြီး ဒီကနေ့အထိ လမ်းတွေပိတ်ထားတယ်လို့ ခန္တီးမြို့ခံတွေဆီက သိရပါတယ်။

” ခန္တီး – လဟယ် လမ်းပိုင်းက ပုံမှန်ပြေးဆွဲပေးနေတဲ့ကားတွေရှိတယ် ၊ အများစုကတော့ ဆိုင်ကယ်နဲ့ပဲ တက်ကြတာ ၊ အခု လမ်းတွေ ပိတ်ထားတာကြောင့် ကားရော ၊ ဆိုင်ကယ်ပါ သွားလို့ မရဘူး ” လို့ လဟယ်မြို့ခံ တယောက်က ပြောပါတယ်။

လဟယ်လမ်းပိုင်း ပိတ်ဆို့ပြုပြင်နေတာနဲ့ ပတ်သက်လို့ ခန္တီးခရိုင် လုံခြုံရေးအဖွဲ့ရုံးနဲ့ နီးစပ်သူတယောက်က ” ဒီလ ၁၂ ရက်က မိုးသည်းထန်စွာရွာတယ် ၊ ရွာချိန်လည်း ကြာမြင့်တယ် ၊ ခန္တီး – လဟယ်လမ်းပိုင်းမှာ နေရာအချို့ တောင်ပြိုတာတွေ ၊ မြေပြိုတာတွေနဲ့ ကားလမ်းရေတိုက်စားသွားတာတွေဖြစ်တယ် ၊ သွားလာလို့မရအောင် ဖြစ်နေတယ် ၊ အဲ့ဒါကြောင့် လမ်းပိုင်းပိတ်ထားပြီး ယန္တယားတွေနဲ့ ပြုပြင်နေတာပါ ၊ ဒီပတ်အတွင်း ပြီးစီမယ်လို့ ခန့်မှန်းထားတယ် “လို့ ပြောပါတယ်။

လဟယ်မြို့နယ်ဟာ တောင်ပေါ်ဒေသဖြစ်ပြီး အဲ့ဒီ လဟယ် – ခန္တီး လမ်းပိုင်းတခုထဲ အားကိုးသွားလာရတဲ့ ဒေသဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နယ်စပ်ကုန်သွယ်ရာ မြဝတီ အာရှလမ်းပိုင်း မြေပြိုမှုဖြစ်ပြီး ကုန်တင်ကားနဲ့ခရီးသွားကားတွေ သွားလာလို့မရဘဲ ဖြသ်ခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ခန္တီး #တောင်ပြိုလို့လမ်းပိတ်

Related posts

Leave a Comment

VOM News

FREE
VIEW