မန္တလေးမှာ မီးလောင်မှုဖြစ်ပွားပြီး လူ(၃)ဦးမီးလောင်သေဆုံးခဲ့

ဩဂုတ် ၂၃-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊အမရပူရမြို့နယ်၊ တောင်သမာန်ကျေးရွာမှာ မနေ့ ဩဂုတ် ၂၂ရက် ည၁၁နာရီဝန်းကျင်ခန့်က နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွားပြီး လူ(၃)ဦးသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မီးသတ်ဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက” မီးလောင်တဲ့အိမ်ရဲ့ အိပ်ခန်းမှာ ဖယောင်းတိုင်းမီးထွန်းထားရာကနေ ဘေးမှာရှိတဲ့ ခြင်ထောင်ကို မီးစွဲပြီး စလောင်တာပါ၊ အိမ်ပိုင်ရှင် အမျိုးသားက အသက် ၇၀ နီးပါး လေဖြတ်နေသူဖြစ်တယ်လို့သိရတယ်၊ သူရဲ့ သားနဲ့သမီးပါ မီးလောင်သေဆုံးသွားတာပါ”လို့ ပြောပါတယ်။

မီးလောင်မှုကြောင့် နေအိမ်ပိုင်ရှင် အသက်(၇၀)အရွယ်အမျိုးသား၊ အိမ်ပိုင်ရှင်ရဲ့သားဖြစ်သူ အသက်(၄၀)အရွယ်အမျိုးသား၊ သမီးဖြစ်သူ အသက်(၃၆)နှစ်အရွယ်အမျိုးသမီးတို့ မီးလောင် သေဆုံးခဲ့ပြီး နေအိမ်(၂)လုံးနဲ့ အတွင်းပစ္စည်း (၇၈)သိန်းနီးပါး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်ပြီး နေအိမ်ပိုင်ရှင် မီးလောင်သေဆုံးသွားသူ အသက်(၇၀)အရွယ်အမျိုးသားကို အမရပူရမြို့မရဲစခန်းက (ပ)၁၆၆/၂၀၂၃၊ရာဇသတ်ကြီးဥပဒေပုဒ်မ၂၈၅ နဲ့ အမှု့ဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #မန္တလေး #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW